Knowledge

လက်ဆောင်ဗူးလေးတစ်ခုရွေးချယ်ပြီး သင့်အတွက် ဘယ်လိုအရာတွေယူဆောင်လာမလဲဆိုတာ အဖြေရှာလိုက်ပါ

လက်ဆောင်ဗူးလေးတစ်ခုရွေးချယ်ပြီး လာမယ့်နှစ်သစ်က သင့်အတွက် ဘယ်လိုအရာတွေယူဆောင်လာမလဲဆိုတာ အဖြေရှာလိုက်ပါ

လက်ဆောင် (A)

သင်ဟာ ဒီနှစ်သစ်မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ရရှိမှာပါ။ လူတွေကြားထဲ သင်ဟာ ကြင်နာတတ်သူ၊ သစ္စာရှိသူ၊ ရက်ရောသူ၊ အတွေးအခေါ်ကောင်းသူအဖြစ် ကျော်ကြားပြီး လူတိုင်းက သင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်ကြပါတယ်။

လက်ဆောင် (B)

(B) ကိုဖွင့်လိုက်တယ်ဆိုရင် သင်ဟာ ဒီနှစ်သစ်အတွက် မိတ်ကောင်းဆွေကောင်းတွေကို လက်ဆောင်အဖြစ် ရမှာပါ။ သင်မမျှော်လင့်ထားတဲ့ အခိုက်အတန့်တွေမှာ သင့်ဘဝအတွက် ရေရှည်တည်မြဲမယ့် မိတ်ဆွေစစ်တွေကို တွေ့ဆုံခွင့် ရရှိမှာ ဖြစ်ပါတယ်။

လက်ဆောင် (C)

ဒီနှစ်သစ်မှာ သင်ဟာ ပြဿနာတွေကြားက စိတ်နှလုံး တည်ငြိမ်အေးချမ်းမှုကို လက်ဆောင်အနေနဲ့ ရရှိလာမှာ ဖြစ်ပါတယ်။ ဖြစ်လာသမျှကို သင်ဟာ မေတ္တာနဲ့ အခြေခံကာ နားလည်လက်ခံနိုင်စွမ်း ရှိလာလို့ အရင်ကထက် ပိုပျော်ရွှင်ရသူတစ်ယောက် ဖြစ်လာမှာပါ။

လက်ဆောင် (D)

လက်ဆောင် (D) ကို ဖွင့်လိုက်ရင်တော့ သင်ဟာ နှစ်သစ်အတွက် အခွင့်အလမ်းသစ်တွေ ရရှိလာမှာ ဖြစ်ပါတယ်။ အချိန်အကြာကြီး သင်ဟာ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့ပေမယ့် သင်ထင်မှတ်မထားဆုံး အချိန်မှာ သင်နဲ့ အကိုက်ညီဆုံး အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာတော့မှာပါ။

လက်ဆောင် (E)

နှစ်သစ်မှာ သင်ဟာ အသိဉာဏ်ရင့်ကျက်လာမှုကို လက်ဆောင်အဖြစ် ရရှိလာမှာပါ။ သင့်ကို တွေဝေနေစေခဲ့တဲ့ ကိစ္စတွေအတွက် နားလည်ရှင်းလင်းသွားစေမယ့် ရင့်ကျက်မှုမျိုး သင့်မှာ ရှိလာမှာ ဖြစ်ပြီး အားလုံးကို အခြေအနေတည်ငြိမ်သွားအောင် သင်ဖန်တီးလာနိုင်မှာပါ။

လက်ဆောင် (F)

(F) ကိုရွေးတယ်ဆိုရင် သင်ဟာနှစ်သစ်မှာ မိမိကိုယ်ကို ယုံကြည်မှုကို လက်ဆောင်အနေနဲ့ ပိုင်ဆိုင်လာရမှာပါ။ ပြီးခဲ့တဲ့တစ်နှစ်တာလုံး ဖြတ်သန်းလာခဲ့သမျှဟာ သင့်ကို အရင်ကထက် အတွေ့အကြုံတွေ ပိုရင့်သန်လာစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်တဲ့အထိ ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာစေတာပါ

credit to lotaya

Zawgyi

လက္ေဆာင္ဗူးေလးတစ္ခုေရြးခ်ယ္ၿပီး လာမယ့္ႏွစ္သစ္က သင့္အတြက္ ဘယ္လိုအရာေတြယူေဆာင္လာမလဲဆိုတာ အေျဖရွာလိုက္ပါ

လက္ေဆာင္ (A)

သင္ဟာ ဒီႏွစ္သစ္မွာ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာကို ရရွိမွာပါ။ လူေတြၾကားထဲ သင္ဟာ ၾကင္နာတတ္သူ၊ သစၥာရွိသူ၊ ရက္ေရာသူ၊ အေတြးအေခၚေကာင္းသူအျဖစ္ ေက်ာ္ၾကားၿပီး လူတိုင္းက သင္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ခ်င္ၾကပါတယ္။

လက္ေဆာင္ (B)

(B) ကိုဖြင့္လိုက္တယ္ဆိုရင္ သင္ဟာ ဒီႏွစ္သစ္အတြက္ မိတ္ေကာင္းေဆြေကာင္းေတြကို လက္ေဆာင္အျဖစ္ ရမွာပါ။ သင္မေမၽွာ္လင့္ထားတဲ့ အခိုက္အတန႔္ေတြမွာ သင့္ဘဝအတြက္ ေရရွည္တည္ျမဲမယ့္ မိတ္ေဆြစစ္ေတြကို ေတြ႕ဆုံခြင့္ ရရွိမွာ ျဖစ္ပါတယ္။

လက္ေဆာင္ (C)

ဒီႏွစ္သစ္မွာ သင္ဟာ ျပႆနာေတြၾကားက စိတ္ႏွလုံး တည္ၿငိမ္ေအးခ်မ္းမႈကို လက္ေဆာင္အေနနဲ႔ ရရွိလာမွာ ျဖစ္ပါတယ္။ ျဖစ္လာသမၽွကို သင္ဟာ ေမတၱာနဲ႔ အေျခခံကာ နားလည္လက္ခံနိုင္စြမ္း ရွိလာလို႔ အရင္ကထက္ ပိုေပ်ာ္ရႊင္ရသူတစ္ေယာက္ ျဖစ္လာမွာပါ။

လက္ေဆာင္ (D)

လက္ေဆာင္ (D) ကို ဖြင့္လိုက္ရင္ေတာ့ သင္ဟာ ႏွစ္သစ္အတြက္ အခြင့္အလမ္းသစ္ေတြ ရရွိလာမွာ ျဖစ္ပါတယ္။ အခ်ိန္အၾကာႀကီး သင္ဟာ ဘာလုပ္ရမွန္းမသိ လမ္းေပ်ာက္ေနခဲ့ေပမယ့္ သင္ထင္မွတ္မထားဆုံး အခ်ိန္မွာ သင္နဲ႔ အကိုက္ညီဆုံး အခြင့္အလမ္းသစ္ေတြ ေပၚေပါက္လာေတာ့မွာပါ။

လက္ေဆာင္ (E)

ႏွစ္သစ္မွာ သင္ဟာ အသိဉာဏ္ရင့္က်က္လာမႈကို လက္ေဆာင္အျဖစ္ ရရွိလာမွာပါ။ သင့္ကို ေတြေဝေနေစခဲ့တဲ့ ကိစၥေတြအတြက္ နားလည္ရွင္းလင္းသြားေစမယ့္ ရင့္က်က္မႈမ်ိဳး သင့္မွာ ရွိလာမွာ ျဖစ္ၿပီး အားလုံးကို အေျခအေနတည္ၿငိမ္သြားေအာင္ သင္ဖန္တီးလာနိုင္မွာပါ။

လက္ေဆာင္ (F)

(F) ကိုေရြးတယ္ဆိုရင္ သင္ဟာႏွစ္သစ္မွာ မိမိကိုယ္ကို ယုံၾကည္မႈကို လက္ေဆာင္အေနနဲ႔ ပိုင္ဆိုင္လာရမွာပါ။ ၿပီးခဲ့တဲ့တစ္ႏွစ္တာလုံး ျဖတ္သန္းလာခဲ့သမၽွဟာ သင့္ကို အရင္ကထက္ အေတြ႕အၾကဳံေတြ ပိုရင့္သန္လာေစၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိသူတစ္ေယာက္ျဖစ္တဲ့အထိ ေကာင္းေသာေျပာင္းလဲျခင္းေတြ ျဖစ္လာေစတာပါ

credit to lotaya