Local News

အာဏာသိမ်းတာ ဆက်သွယ်ရေးဖြတ်တောက်တာ နောင်ရေးကိုတွေးပူတာတွေ ဘာမှမစဉ်းစားမိခဲ့ဘူး

မင်းအောင်လှိုင် အာဏာရူးမှုကြောင့် အသက်ပေးလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတစ်ယောက်အာဏာသိမ်းတာ ဆက်သွယ်ရေးဖြတ်တောက်တာ နောင်ရေးကိုတွေးပူတာတွေ ဘာမှမစဉ်းစားမိခဲ့ဘူး။

မနက်သုံးနာရီကျော်လောက်မှာ ကိုယ်တာဝန်ကျတဲ့နေရာ ကိုဗစ်လူနာ အထူးကြပ်မတ်ကုသဆောင်မှာ ရုတ်တရက် အဆက်သွယ်ပြတ်တောက်သွားချိန် ‌ကူကယ်ရာမဲ့သေဆုံးခဲ့ရတဲ့လူနာကိုကြည့်ပြီး ရင်ထဲမှာနာတယ်။

ကိုဗစ်လူနာတွေကို ကျွန်မတို့က ဖုန်းကတဆင့် ဆက်သွယ်ပြောဆိုပြီး ကုသပြုစုမှုပေးတာက သူတို့အတွက်အသက်နဲ့ထပ်တူအရေးကြီးပါတယ်သူတို့အထဲမှာဖြစ်ပျက်နေတာကို CCTV ကမမြင်ရတဲ့နေရာတွေကို သူတို့ကဖုန်းနဲ့လှမ်းအကူညီတောင်းရပါတယ်။ဒီလိုဆက်သွယ်ရေးဖြတ်တောက်တာတွေက သာမာန်အချိန်မှာ ကျွန်မတို့တွေ သာမာန်လူနာတွေအတွက် ဘာမှမထိခိုက်ပေမယ့်အခုလို ရောဂါဆိုးကြီးဖြစ်နေချိန်မှာမှ ပြည်သူအတွက်လို့ခေါင်းစဉ်တပ်ပြီး ပြည်သူတွေကိုမငဲ့ပဲ လုပ်ရက်တာ ဘယ်လိုနှလုံးသားနဲ့များလုပ်ရက်ရတာလဲဆိုပြီး ဝမ်းနည်းရပါတယ်။

ကျွန်မ ဘယ်တုန်းကမှ ဘာအတွက်နဲ့မှ နိုင်ငံရေးအရှုပ်အရှင်းထဲဝင်မပါ ဝင်မရေးခဲ့ပါဘူး ဒီနေ့အဖြစ်အပျက်ကတော့ လက်တွေ့ခံပြင်းစိတ်နာလွန်းလို့ တစ်သက်မမေ့ပါဘူး။

လူနာတွေကိုမငဲ့ဘူးလို့ပဲတွေးနေမိရင်းနဲ့ လူနာမပြောနဲ့တိုင်းပြည်အပေါ်တောင်မငဲ့မှတော့ ကျန်တာပြောစရာမရှိတော့ပါဘူးဆိုပြီးသေဆုံးခဲ့ရတဲ့လူနာတွေအတွက် နောင်ဘဝဆိုတာရှိရင် ဒီနိုင်ငံမှာလူလာမဖြစ်စေချင်တော့ဘူး။Ei Zin

မင်းအောင်လှိုင် အာဏာရူးမှုကြောင့် အသက်ပေးလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတစ်ယောက်အာဏာသိမ်းတာ ဆက်သွယ်ရေးဖြတ်တောက်တာ နောင်ရေးကိုတွေးပူတာတွေ ဘာမှမစဉ်းစားမိခဲ့ဘူး။

မနက်သုံးနာရီကျော်လောက်မှာ ကိုယ်တာဝန်ကျတဲ့နေရာ ကိုဗစ်လူနာ အထူးကြပ်မတ်ကုသဆောင်မှာ ရုတ်တရက် အဆက်သွယ်ပြတ်တောက်သွားချိန် ‌ကူကယ်ရာမဲ့သေဆုံးခဲ့ရတဲ့လူနာကိုကြည့်ပြီး ရင်ထဲမှာနာတယ်။

ကိုဗစ်လူနာတွေကို ကျွန်မတို့က ဖုန်းကတဆင့် ဆက်သွယ်ပြောဆိုပြီး ကုသပြုစုမှုပေးတာက သူတို့အတွက်အသက်နဲ့ထပ်တူအရေးကြီးပါတယ်။သူတို့အထဲမှာဖြစ်ပျက်နေတာကို CCTV ကမမြင်ရတဲ့နေရာတွေကို သူတို့ကဖုန်းနဲ့လှမ်းအကူညီတောင်းရပါတယ်။ဒီလိုဆက်သွယ်ရေးဖြတ်တောက်တာတွေက သာမာန်အချိန်မှာ ကျွန်မတို့တွေ သာမာန်လူနာတွေအတွက် ဘာမှမထိခိုက်ပေမယ့်၊

အခုလို ရောဂါဆိုးကြီးဖြစ်နေချိန်မှာမှ ပြည်သူအတွက်လို့ခေါင်းစဉ်တပ်ပြီး ပြည်သူတွေကိုမငဲ့ပဲ လုပ်ရက်တာ ဘယ်လိုနှလုံးသားနဲ့များလုပ်ရက်ရတာလဲဆိုပြီး ဝမ်းနည်းရပါတယ်။ကျွန်မ ဘယ်တုန်းကမှ ဘာအတွက်နဲ့မှ နိုင်ငံရေးအရှုပ်အရှင်းထဲဝင်မပါ ဝင်မရေးခဲ့ပါဘူး။ဒီနေ့အဖြစ်အပျက်ကတော့ လက်တွေ့ခံပြင်းစိတ်နာလွန်းလို့ တစ်သက်မမေ့ပါဘူး။လူနာတွေကိုမငဲ့ဘူးလို့ပဲတွေးနေမိရင်းနဲ့ လူနာမပြောနဲ့တိုင်းပြည်အပေါ်တောင်မငဲ့မှတော့ ကျန်တာပြောစရာမရှိတော့ပါဘူးဆိုပြီးသေဆုံးခဲ့ရတဲ့လူနာတွေအတွက် နောင်ဘဝဆိုတာရှိရင် ဒီနိုင်ငံမှာလူလာမဖြစ်စေချင်တော့ဘူး။

Ei Zin