Knowledge
သင်ဆုပ်လိုက်တဲ့ လက်သီးပုံစံကနေ သိနိုင်တဲ့ သင့်ရဲ့စိတ်နေစိတ်ထား
သင်ဆုပ်လိုက်တဲ့ လက်သီးပုံစံကနေ သိနိုင်တဲ့ သင့်ရဲ့စိတ်နေစိတ်ထားH September 18, 2021
၁။ စိတ်စေတနာကောင်းရှိသူ
သင်ဟာ စိတ်ကောင်းရှိသူ တယောက် ဖြစ်ပါတယ် ။ ထိလွယ် ရှလွယ်တဲ့ နှလုံးသား ရှိတယ် ။ လူတွေကိုလည်း ကူညီ တတ်ပါတယ် ။ဒါပေမဲ့ တခါတခါ စိတ်မရှည် တတ်ပါဘူး ။ တစုံတယောက်ကို မှီခိုချင်တဲ့စိတ် ရှိတယ် ။ ပြီးတော့ ကိုယ့်ကို အလေးထား ဆက်ဆံတာမျိုးကို လိုချင်တယ် ။လူအများရဲ့ အပေါ်
အနစ်နာခံ တတ်လွန်းလို့ အခွင့်အရေးယူခြင်း ကိုလည်း ခံရတတ်ပါတယ်။ကိုယ့်ရဲ့ ခံစားချက်ကို ထုတ်မပြောတတ် တာကြောင့် သင့်ရဲ့ စိတ်ရင်း အမှန်ကို လူတိုင်း အပြည့်အဝ မသိနိုင်ကြဘူး ။ ပြီးတော့ သင်ဟာ အသစ်အဆန်းတွေကို လေ့လာဖို့ အမြဲ စိတ်အားထက်သန်နေသူ တယောက်ပဲ ဖြစ်ပါတယ်
၂။ ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူ
နံပါတ် ၂ ပုံစံ လက်သီး ဆုပ်တတ်တဲ့ သင်ဟာ တီထွင်ကြံဆအား ကောင်းပြီး ၊ Talent တခုခုကို ပိုင်ဆိုင်ထားသူ တယောက် ဖြစ်ပါတယ် ။လူချစ်လူခင် ပေါများပြီး ဘယ်နေရာ ရောက်ရောက် လိုက်လျောညီထွေ မိတ်ဖွဲ့ပေါင်းသင်းတတ်သူ တယောက်ဖြစ်ပါတယ်။ထိခိုက် ရှလွယ်တဲ့ စိတ်ကလေး ရှိတယ်။
မျှော်လင့်ချင်တာတွေ ရှိပေမဲ့ ဖြစ်မလာတဲ့ အခါ နာကျင်ရမှာလည်း ကြောက်တတ်တယ် ။အချစ်ရေး မှာတော့ လိုတာထက် ပိုပြီး တွေးလေ့ ၊ ခံစားလေ့ ရှိတာကြောင့် ပိုပြီး ခံစားရတတ် ပါတယ် ။ဆုံးရှုံးရမှာ ကြောက်ပေမယ့် ဘာမှ မဖြစ်သလို ဟန်ဆောင်ပြတတ်သူ တယောက်လည်း ဖြစ်တယ်
နားလည်ခွင့်လွှတ် တတ်သူ
နံပါတ် ၃ ပုံစံ လက်သီး ဆုပ်တတ်တဲ့ သင်က ဟာသဉာဏ် ရှိသူ တယောက်ပဲ ဖြစ်တယ် ။ တီထွင်ကြံဆစိတ် ရှိတယ်စကားပြော သိပ်ကောင်းတယ် ။ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်သူဖြစ်ပြီး အလှအပ (or) အနုပညာရပ်တွေကို စိတ်ပါဝင်စားသူ တယောက်ဖြစ်တယ်များသော အားဖြင့်တော့
ခပ်အေးအေး နေတတ်သူဖြစ်ပြီး သင့်ရဲ့ စိတ်က နားလည်ရ ခက်ပါတယ်အချစ်နဲ့ ပတ်သက်ရင်တော့ စိတ်မနာတတ် သေးတာက သင့်ရဲ့ အားနည်းချက် တခုလို ဖြစ်နေပါတယ်။ကဲ ဘယ်လိုလဲ မှန်ရဲ့လား.. ။ သူငယ်ချင်းတွေ သိအောင်လည်း Share သွားဦးနော်
Credit
Zawgyi
Credit