Knowledge

သင်ရွေးချယ်လိုက်တဲ့ နတ်ဘုရားကတစ်ဆင့် သင့်ရဲ့အကောင်းဆုံးအရည်အချင်းတွေကို ပြောပြမယ်

သင်ရွေးချယ်လိုက်တဲ့ နတ်ဘုရားကတစ်ဆင့် သင့်ရဲ့အကောင်းဆုံးအရည်အချင်းတွေကို ပြောပြမယ်

(1)Zeus

သင်ဟာ ဂရိနတ်ဘုရားတစ်ပါးဖြစ်တဲ့ Zeus ကို ရွေးချယ်လိုက်တာပါ။ သူကတော့ အိုလံပတ်စ်တစ်ခုလုံးကို အုပ်စိုးသူတစ်ယောက်ပါ။ သူ့ကို ရွေးချယ်လိုက်တဲ့သင်ဟာ တဖက်လူအပေါ်သြဇာညောင်းပြီး

သင့်ဆုံးဖြတ်ချက်တွေဟာ တိကျပြတ်သားပါတယ်။ ဒါ့အပြင် ဇွဲလုံလဝီရိယ အပြည့်အဝရှိသူတစ်ယောက်ပါ။ ပြောရရင် ခေါင်းဆောင်ကောင်းယောက်ပေါ့။ အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ပြီး

ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်ပါတယ်။ သင်ဟာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်လေ ကလဲ့စားချေတတ်တဲ့ မကောင်းတဲ့အကျင့်လေးတော့ ရှိပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေကို ချစ်ခင်ပြီး ကူညီရိုင်းပင်းတတ်တဲ့ လူတစ်ယောက်ပါ။

(2)Poseidon

သင်ဟာ ဂရိနတ်ဘုရားတစ်ပါးဖြစ်တဲ့ Poseidon ကို ရွေးချယ်လိုက်တာပါ။ သူကတော့ သမုဒ္ဒရာရဲ့အရှင်သခင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ရွေးချယ်လိုက်တဲ့သင်ဟာ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး

ဆက်ဆက်ထိမခံတဲ့ အကျင့်ရှိတဲ့အပြင် ဒေါသကြီးပါတယ်။ ဒါ့အပြင် မာန်မာနကြီးသူတစ်ယောက်ဖြစ်ပြီး သင့်အပေါ် မထီမဲ့မြင်ဆက်ဆံတာမျိုး လုပ်ခွင့်မပေးပါဘူး။ သူတစ်ပါးအပေါ် ကူညီရိုင်းပင်းတတ်ပြီး

အကူအညီတောင်းရင် ဘယ်တော့မှငြင်းဆန်တာမျိုး လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် သင့်အပေါ် ကျေးဇူးမသိတတ်တာမျိုးတွေ၊ မတရားလုပ်တာမျိုးတွေနဲ့ လိမ်တာမျိုးတွေကို လုံးဝမကြိုက်ပါဘူး။ ဒါကြောင့် သင်နဲ့ဆက်ဆံတဲ့လူတွေကတော့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားမျိုး ရှိနေရပါမယ်။

(3)Aphrodite

သင်ဟာ ဂရိနတ်ဘုရားတစ်ပါးဖြစ်တဲ့ Aphrodite ကို ရွေးချယ်လိုက်တာပါ။ သူကတော့ အလှနတ်ဘုရားတစ်ပါးဖြစ်ပြီး ရန်ပွဲတွေ၊ စစ်ပွဲတွေကြားမှာ မပါဝင်တတ်သူတစ်ယောက်ပေါ့။ သူ့ကို ရွေးချယ်လိုက်တဲ့သင်ဟာ

နှစ်လိုဖွယ်ကောင်းပြီး အကောင်းဖက်ကို အမြဲတွေးပြီးလုပ်ဆောင်သူတစ်ယောက်ပါ။ လူတစ်ယောက်ချင်းစီရဲ့ ကောင်းတဲ့အချက်တွေကို သေချာမြင်အောင်ကြည့်တတ်ပြီး အမြဲကူညီဖေးမလေ့ရှိပါတယ်။ ဒါ့အပြင် တဖက်လူကို သင်တတ်နိုင်သလောက် အားပေးအားမြှောက် ပြုတတ်ပါတယ်။

ဒါကြောင့်သင်ဟာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ချစ်တာကို ခံရတတ်ပါတယ်။ သင်လုပ်ဆောင်သမျှ အရာအားလုံးဟာ အကောင်းဘက်ကို ဦးတည်နေပြီး လူတိုင်းကလည်း သင်လုပ်သမျှကို သဘောကျပြီး လက်ခံအားပေးတတ်ပါတယ်။

(4)Artemis

သင်ဟာ ဂရိနတ်ဘုရားတစ်ပါးဖြစ်တဲ့ Artemis ကို ရွေးချယ်လိုက်တာပါ။ သူကတော့ ပစ်မှတ်တွေကို သေချာထိအောင်ပစ်နိုင်ပြီး ပျော့ညံ့တာကို အနိုင်ယူနိုင်သူ တစ်ယောက်ပါ။ သူ့ကို ရွေးချယ်လိုက်တဲ့သင်ဟာ ရည်ရွယ်ချက်တွေကို

ဘယ်လိုချမှတ်ပြီး ဘယ်လိုအောင်မြင်စွာ လုပ်ဆောင်ရမလဲဆိုတာ သေချာသိသူတစ်ယောက်ဖြစ်တဲ့အပြင် ရိုးသားပြီး စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ ဒါ့အပြင် ကရုဏာမေတ္တာကြီးမားပြီး သင်ကူညီနိုင်တာမှန်သမျှကို တဖက်လူက

မေးစရာတောင်မလိုပဲ ကူညီပေးလေ့ရှိပါတယ်။ သင်ဟာ လူကောင်းနဲ့လူဆိုးတွေကို ခွဲခြားတတ်တဲ့ အရည်အချင်းလည်း ရှိပါတယ်။ အမှန်တရားကို လက်ကိုင်ထားတဲ့အတွက် ရိုးသားဖြောင့်မက်တဲ့လူတွေကို သနားကြင်နာတတ်ပြီး လူယုတ်မာတွေကို ကောင်းကောင်းပညာပေးတတ်ပါတယ်။

credit to lotaya

Zawgyi


(1)Zeus




(2)Poseidon




(3)Aphrodite




(4)Artemis




credit to lotaya