Local News

မြန်မာ့အခြေအနေ နိုင်ငံတကာက ပူးပေါင်းဖိအားပေးဖို့ သမ္မတဂျိုးဘိုင်ဒင် တိုက်တွန်း

မြန်မာ့အခြေအနေ နိုင်ငံတကာက ပူးပေါင်းဖိအားပေးဖို့ သမ္မတဂျိုးဘိုင်ဒင် တိုက်တွန်းမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလိုက်တာဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက် တိုက်ခိုက်တာဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ၊ ပြည်သူ့ဆန္ဒကို ပြောင်းလဲပြစ်ဖို့ ကြံစည်တာ သို့မဟုတ် ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ဘယ်တော့မှ အင်အားမသုံးသင့်ပါဘူး။

၁၀ နှစ်နီးပါးကာလအတွင်း မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အရပ်သားအုပ်ချုပ်မှုစံနစ် ထူထောင်ရေးနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် မှန်ကန်စွာ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီဖြစ်ထွန်း တိုးတက်မှုတွေကို လေးစားသင့်ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းထားတာကို ချက်ချင်းစွန့်လွှတ်ဖို့၊ ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေကို လွှတ်ပေးရေး၊ ဆက်သွယ်ရေးကန့်သတ်ချက်တွေအားလုံး ရုတ်သိမ်းရေးနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တာတွေ မလုပ်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တသံတည်းနဲ့ ညီညွတ်စွာ ပူးပေါင်း ဖိအားပေးသင့်ပါတယ်။

အခုလို ခက်ခဲချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြသူတွေကို အမေရိကန်က သိရှိမှတ်တမ်းတင်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဒေသတွင်းက မိတ်ဖက်တွေနဲ့ ကမ္ဘာတဝန်းက ထောက်ခံသူတွေနဲ့အတူ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ခရီးမရောက်အောင် ကပျက်ယပျက်လုပ်ရာမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့အတွက်လည်း ပူးပေါင်းကြဖို့ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဒီမိုကရေစီရေး ဖြစ်ထွန်းတိုးတက်မှုတွေကို အခြေခံပြီး အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုနဲ့ အရေးယူထာူတာတွေ ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒိတိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်တဲ့အတွက် ကျနော်တို့ရဲ့ အရေးယူတဲ့ ဥပဒေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ချက်ချင်းပြန်လည်သုံးသပ်ဖို့ နဲ့ သင့်တော်တဲ့ အရေးယူမှုတွေ လိုအပ်လာမှာဖြစ်ပါတယ်။ဘယ်နေရာမှာဘဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီကို ထိပါးအောင် တိုက်ခိုက်လာပြီဆိုရင် အမေရိကန်ပြည်ထောင်စုက မားမားမတ်မတ်ရပ်တည်မှာဖြစ်ပါတယ်။

ZawGyiဖြင့်ဖတ်ရန်

Credit