Knowledge

လူတိုင်းရဲ့ အကြည့်တွေကို သိမ်းပိုက်နိုင်တဲ့အလွန်အကျွံဆွဲဆောင်မှုမြင့်မားလွန်းသူတွေရဲ့ အလေ့အထများ

ကျွန်တော်တို့ထဲက တစ်ချို့လူတွေဟာ သူတို့ကိုလုံးဝကြည့်မရပါဘူးဆိုတဲ့လူတွေကိုတောင် ဆွဲဆောင်ပါတယ်။ တစ်ချို့က အလှအပ၊ ကိုယ်ဟန်အနေအထား၊ စတိုင်လ်တွေနဲ့ ဆွဲဆောင်တယ်။

တစ်ချို့က စံနှုန်းတွေ၊ မျှော်မှန်းချက်တွေနှင့် ရည်ရွယ်ချက်တွေနဲ့ လူတွေကို ဆွဲဆောင်တယ်။အခုမျှဝေပေးမှာကတော့ လူတိုင်းက သမင်လည်ပြန်မကြည့်ဘဲ မနေနိုင်လောက်အောင် အလွန်အကျွံဆွဲဆောင်မှုမြင့်မားလွန်းတဲ့ လူတွေရဲ့ အလေ့အထကို မျှဝေပေးချင်တာပါ။

၁။ ဟာသဉာဏ်ရှိခြင်း

ဘဝကြီးဟာ တစ်ခါတလေမှာ ခက်ခဲနိုင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အပြင်းထန်ဆုံးသော စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြရတယ်။ ဒါ့ကြောင့် ခဏတဖြုတ် အနားဖြေဖို့နှင့် ရယ်မောဖို့စွမ်းရည်တွေက အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေရဲ့ နောက်ကွယ်က ကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေသရွှေ့ ဒီရယ်မောခြင်းဟာ အခြားသူတွေ (သို့) မိမိကိုယ်ကို တိုက်ရိုက်ဦးတည်နိုင်ပါတယ်။ နောက်ထပ်ပြောစရာမလိုတာ တစ်ခုက ဟာသဉာဏ်ဟာ သူငယ်ချင်းတွေနှင့် အိမ်ထောင်ဖက်တွေကြားထဲမှာ အလွန်ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတစ်မျိုးဖြစ်ပါတယ်။ အမြဲတမ်း တောင့်တောင့်တင်းတင်းကြီး ဘယ်သူနေချင်မှာလဲ။

၂။ ဘဝတိုးတက်မှုအတွက် စိတ်ဓာတ်ပြင်းပြခြင်

ကျွန်တော်တို့အများစုက အခြားသူတွေပါဝင်တဲ့ စိတ်အားထက်သန်မှုကို တန်ဖိုးထားကြတယ်။ စိတ်ဓာတ်ပြင်းပြမှုက ရည်ရွယ်ချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့အားလုံးဟာ အသက်ရှင်ဖို့အတွက် ရုန်းကန်ရန်အတွက် တစ်ခုခုလိုအပ်ပါတယ်။

ဝါသနာကြီးတာက ဆွဲဆောင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ အကြောင်းရင်းက ဒါဟာ တစ်ကိုယ်ကောင်းမဆန်တဲ့ အကျင့်တစ်မျိးဖြစ်လို့ပါ။ ကျွန်တော်တို့က ရည်ရွယ်ချက်တစ်ခုကိုနက်နက်နဲနဲ

ယုံကြည်ရတဲ့အခါ မိတ်ဆွေများ၊ မိသားစုဝင်များ၊ ချစ်ခြင်းမေတ္တာများ၊ အလုပ် (သို့) အခြားအရာတစ်ခုခုဖြစ်ဖြစ် တစ်သက်တာရဲ့ လေလှိုင်းလေထန်မှုကို လမ်းညွှန်ကူညီပေးနိုင်ပါတယ်။

၃။ ဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းရည်

ဆုံးဖြတ်ချက်ချခြင်းဆိုတာကလည်း ဆွဲဆောင်မှုရှိခြင်းတစ်မျိုးပါပဲ။ ဘာကြောင့်လဲ ၎င်းက ဦးတည်ချက်၊ ရည်မှန်းချက်တွေကို ပြနိုင်လို့ပါ။ ခက်ခဲသော ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည်တွေက နောက်ဆုံးမှပေါ်ပေါက်လာမယ့်အရာဖြစ်တာကြောင့် ၎င်းအရည်အချင်းက

အလားအလာရှိတဲ့အိမ်ထောင်ဖက်တွေအတွက်တော့ ဆွဲဆောင်မှုအရှိဆုံးဖြစ်နိုင်ပါတယ်။ အခြားတစ်ဖက်က ရူးသွပ်ခြင်းဆိုတာကတော့ ဆွဲဆောင်မှုရှိမနေပါဘူး။ ဆင်ခြင်တုံတရားနှင့် ဆိုင်တဲ့အဆုံးအဖြတ်ပေးခြင်းက တစ်ခြားသူတစ်ဦးဦးကို ရှာဖွေဖို့ ပိုထူးဆန်းတဲ့၊ ပိုပြီးတော့ ရိုဆန်တဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

၄။ အခြားသူများနှင့် မိမိကိုယ်ကိုကြင်နာခြင်

အခြားသူတွေအပေါ် ကြင်နာမှုရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ကျွန်တော်တို့ ကြိုးစားကြတယ်။ တကယ်တော့ ဒါက လူအများစုအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ရုံမကဘဲ လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။

သူစိမ်းတွေနှင့် မိတ်ဆွေတွေကိုကိုပါ ကြင်နာပြခြင်းပါ။ စာနာမှုပြခြင်းနှင့် ကျပန်းကြင်နာတဲ့လုပ်ရပ်တွေကို ပြသခြင်းက လူကောင်းတစ်ဦးဖြစ်တယ်ဆိုတာ ဖော်ပြခြင်းလည်းဖြစ်ပါတယ်။

၅။ ပွင့်လင်းမြင်သာတဲ့စိတ်နေသဘောထား

ကျွန်တော်တို့အများစု ရွံ့မုန်းတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါက ခွဲခြားဆက်ဆံတာနဲ့ ပွင့်လင်းတဲ့ စိတ်သဘောထားမရှိခြင်းပါ။ လူအချင်းချင်း နိုင်ငံရေးကြောင့်၊ ဘာသာရေးကြောင့် ခွဲခြားဆက်ဆံတာဟာ လုံးဝမရှိသင့်တော့ပါဘူး။ ဒီလိုနေရာမှာ ပွင့်လင်းမြင်သာတဲ့ စိတ်နေသဘောထားက ကွဲပြားမှုတွေ အများအပြားဖြေရှင်းနိုင်ပါတယ်။

၆။ တစ်ခြားလူတွေကို ထောက်ခံခြင်း

ဒီကနေ့ကာလမှာ ပြဿနာတွေက လူတစ်ဦးက အခြားတစ်ဦးကို လက်ခံဖို့မဖြစ်နိုင်လောက်အောင် များပြားလွန်းပါတယ်။ လူအုပ်စုတစ်စုက အခြားအုပ်စုတစ်စုကို လက်ခံဖို့ဆန္ဒမရှိခြင်းကြောင့် ယခုအချိန်မှာ ပဋိပက္ခတွေ ဘယ်လောက်တောင်ဖြစ်နေကြပါသလဲ။ အခြားလူတွေကို လက်ခံခြင်းဆိုတာ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာတွေကို ပြသခြင်းလည်း ဖြစ်ပါတယ်။

Credit

Zawgyi

ကၽြန္ေတာ္တို႔ထဲက တစ္ခ်ိဳ႕လူေတြဟာ သူတို႔ကိုလုံးဝၾကည့္မရပါဘူးဆိုတဲ့လူေတြကိုေတာင္ ဆြဲေဆာင္ပါတယ္။ တစ္ခ်ိဳ႕က အလွအပ၊ ကိုယ္ဟန္အေနအထား၊ စတိုင္လ္ေတြနဲ႔ ဆြဲေဆာင္တယ္။

တစ္ခ်ိဳ႕က စံႏႈန္းေတြ၊ ေမၽွာ္မွန္းခ်က္ေတြႏွင့္ ရည္ရြယ္ခ်က္ေတြနဲ႔ လူေတြကို ဆြဲေဆာင္တယ္။အခုမၽွေဝေပးမွာကေတာ့ လူတိုင္းက သမင္လည္ျပန္မၾကည့္ဘဲ မေနနိုင္ေလာက္ေအာင္ အလြန္အကၽြံဆြဲေဆာင္မႈျမင့္မားလြန္းတဲ့ လူေတြရဲ့ အေလ့အထကို မၽွေဝေပးခ်င္တာပါ။

၁။ ဟာသဉာဏ္ရွိျခင္း

ဘဝႀကီးဟာ တစ္ခါတေလမွာ ခက္ခဲနိုင္ပါတယ္။ ကၽြန္ေတာ္တို႔အားလုံးဟာ အျပင္းထန္ဆုံးေသာ စမ္းသပ္မႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ၾကရတယ္။ ဒါ့ေၾကာင့္ ခဏတျဖဳတ္ အနားေျဖဖို႔ႏွင့္ ရယ္ေမာဖို႔စြမ္းရည္ေတြက အလြန္အေရးႀကီးတဲ့ အရည္အခ်င္းတစ္ခုျဖစ္ပါတယ္။

ဒီလိုလုပ္ရပ္ေတြရဲ့ ေနာက္ကြယ္က ေကာင္းတဲ့ရည္ရြယ္ခ်က္ေတြရွိေနသေရႊ႕ ဒီရယ္ေမာျခင္းဟာ အျခားသူေတြ (သို႔) မိမိကိုယ္ကို တိုက္ရိုက္ဦးတည္နိုင္ပါတယ္။ ေနာက္ထပ္ေျပာစရာမလိုတာ တစ္ခုက ဟာသဉာဏ္ဟာ သူငယ္ခ်င္းေတြႏွင့္ အိမ္ေထာင္ဖက္ေတြၾကားထဲမွာ အလြန္ဆြဲေဆာင္မႈရွိတဲ့ အရည္အခ်င္းတစ္မ်ိဳးျဖစ္ပါတယ္။ အျမဲတမ္း ေတာင့္ေတာင့္တင္းတင္းႀကီး ဘယ္သူေနခ်င္မွာလဲ။

၂။ ဘဝတိုးတက္မႈအတြက္ စိတ္ဓာတ္ျပင္းျပျခင္

ကၽြန္ေတာ္တို႔အမ်ားစုက အျခားသူေတြပါဝင္တဲ့ စိတ္အားထက္သန္မႈကို တန္ဖိုးထားၾကတယ္။ စိတ္ဓာတ္ျပင္းျပမႈက ရည္ရြယ္ခ်က္ေတြကို ျဖစ္ေပၚေစပါတယ္။ ကၽြန္ေတာ္တို႔အားလုံးဟာ အသက္ရွင္ဖို႔အတြက္ ႐ုန္းကန္ရန္အတြက္ တစ္ခုခုလိုအပ္ပါတယ္။

ဝါသနာႀကီးတာက ဆြဲေဆာင္ျခင္းတစ္မ်ိဳးျဖစ္ပါတယ္။ အေၾကာင္းရင္းက ဒါဟာ တစ္ကိုယ္ေကာင္းမဆန္တဲ့ အက်င့္တစ္မ်ိးျဖစ္လို႔ပါ။ ကၽြန္ေတာ္တို႔က ရည္ရြယ္ခ်က္တစ္ခုကိုနက္နက္နဲနဲ

ယုံၾကည္ရတဲ့အခါ မိတ္ေဆြမ်ား၊ မိသားစုဝင္မ်ား၊ ခ်စ္ျခင္းေမတၱာမ်ား၊ အလုပ္ (သို႔) အျခားအရာတစ္ခုခုျဖစ္ျဖစ္ တစ္သက္တာရဲ့ ေလလွိုင္းေလထန္မႈကို လမ္းညႊန္ကူညီေပးနိုင္ပါတယ္။

၃။ ဆုံးျဖတ္ခ်က္ခ်နိုင္တဲ့စြမ္းရည္

ဆုံးျဖတ္ခ်က္ခ်ျခင္းဆိုတာကလည္း ဆြဲေဆာင္မႈရွိျခင္းတစ္မ်ိဳးပါပဲ။ ဘာေၾကာင့္လဲ ၎က ဦးတည္ခ်က္၊ ရည္မွန္းခ်က္ေတြကို ျပနိုင္လို႔ပါ။ ခက္ခဲေသာ ဆုံးျဖတ္ခ်က္ခ်နိုင္တဲ့ စြမ္းရည္ေတြက ေနာက္ဆုံးမွေပၚေပါက္လာမယ့္အရာျဖစ္တာေၾကာင့္ ၎အရည္အခ်င္းက

အလားအလာရွိတဲ့အိမ္ေထာင္ဖက္ေတြအတြက္ေတာ့ ဆြဲေဆာင္မႈအရွိဆုံးျဖစ္နိုင္ပါတယ္။ အျခားတစ္ဖက္က ႐ူးသြပ္ျခင္းဆိုတာကေတာ့ ဆြဲေဆာင္မႈရွိမေနပါဘူး။ ဆင္ျခင္တုံတရားႏွင့္ ဆိုင္တဲ့အဆုံးအျဖတ္ေပးျခင္းက တစ္ျခားသူတစ္ဦးဦးကို ရွာေဖြဖို႔ ပိုထူးဆန္းတဲ့၊ ပိုၿပီးေတာ့ ရိုဆန္တဲ့ ဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။

၄။ အျခားသူမ်ားႏွင့္ မိမိကိုယ္ကိုၾကင္နာျခင္

အျခားသူေတြအေပၚ ၾကင္နာမႈရွိတဲ့ လူတစ္ေယာက္ျဖစ္ဖို႔ကၽြန္ေတာ္တို႔ ႀကိဳးစားၾကတယ္။ တကယ္ေတာ့ ဒါက လူအမ်ားစုအတြက္ ဆြဲေဆာင္မႈတစ္ခုျဖစ္႐ုံမကဘဲ လိုအပ္ခ်က္တစ္ခုလည္းျဖစ္ပါတယ္။

သူစိမ္းေတြႏွင့္ မိတ္ေဆြေတြကိုကိုပါ ၾကင္နာျပျခင္းပါ။ စာနာမႈျပျခင္းႏွင့္ က်ပန္းၾကင္နာတဲ့လုပ္ရပ္ေတြကို ျပသျခင္းက လူေကာင္းတစ္ဦးျဖစ္တယ္ဆိုတာ ေဖာ္ျပျခင္းလည္းျဖစ္ပါတယ္။

၅။ ပြင့္လင္းျမင္သာတဲ့စိတ္ေနသေဘာထား

ကၽြန္ေတာ္တို႔အမ်ားစု ရြံ့မုန္းတဲ့အရာတစ္ခုရွိပါတယ္။ အဲ့ဒါက ခြဲျခားဆက္ဆံတာနဲ႔ ပြင့္လင္းတဲ့ စိတ္သေဘာထားမရွိျခင္းပါ။ လူအခ်င္းခ်င္း နိုင္ငံေရးေၾကာင့္၊ ဘာသာေရးေၾကာင့္ ခြဲျခားဆက္ဆံတာဟာ လုံးဝမရွိသင့္ေတာ့ပါဘူး။ ဒီလိုေနရာမွာ ပြင့္လင္းျမင္သာတဲ့ စိတ္ေနသေဘာထားက ကြဲျပားမႈေတြ အမ်ားအျပားေျဖရွင္းနိုင္ပါတယ္။

၆။ တစ္ျခားလူေတြကို ေထာက္ခံျခင္း

ဒီကေန႔ကာလမွာ ျပႆနာေတြက လူတစ္ဦးက အျခားတစ္ဦးကို လက္ခံဖို႔မျဖစ္နိုင္ေလာက္ေအာင္ မ်ားျပားလြန္းပါတယ္။ လူအုပ္စုတစ္စုက အျခားအုပ္စုတစ္စုကို လက္ခံဖို႔ဆႏၵမရွိျခင္းေၾကာင့္ ယခုအခ်ိန္မွာ ပဋိပကၡေတြ ဘယ္ေလာက္ေတာင္ျဖစ္ေနၾကပါသလဲ။ အျခားလူေတြကို လက္ခံျခင္းဆိုတာ ၎တို႔အေပၚ ခ်စ္ျခင္းေမတၱာေတြကို ျပသျခင္းလည္း ျဖစ္ပါတယ္။

Credit