Local News

တောင်ကိုရီးယားတွင် မြန်မာကိုယ်စားလှယ်ရုံး စတင်ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က နှစ်နိုင်ငံအရေး ပိုမိုဆောင်ရွက်နိုင်ဖို့ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့ကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ကြောင်း သိရှိရတယ်။

NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်း ကို ခန့်အပ်ကြောင်း ဩဂုတ်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။အဆိုပါအဖွဲ့အစည်းတွင် အဖွဲ့ဝင် (၁၁) ယောက်ကို ဆက်လက်ခန့်အပ် တာဝန်ပေးအပ်လိုက်ပြီး ရုံးစတင်ဖွင့်လှစ်ကြောင်း သိရှိရပါတယ်။ရုံးအဖွဲ့အနေနဲ့ NUG အစိုးရရဲ့ လမ်းညွှန်ချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး သံတမန်ရေးရာ ရုံးလုပ်ငန်းဆိုင်ရာများကို လုပ်ကိုင်ရာတွင် အင်အားဖြစ်စေဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် အဓိကကျတဲ့ တိုင်းရင်းသားအင်အားစုများရဲ့

အကြံဉာဏ် နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်ဆီ ချပြပေးသွားဖို့ ရည်ရွယ်တယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံအစိုးရက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ အတိအလင်းထုတ်ပြောထားပါတယ်။

Credit

Zawgyi

ျပည္သူလူထုက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG က ႏွစ္နိုင္ငံအေရး ပိုမိုေဆာင္ရြက္နိုင္ဖို႔ ျမန္မာကိုယ္စားလွယ္႐ုံးအဖြဲ႕ကို ေတာင္ကိုရီးယားနိုင္ငံမွာ စတင္ဖြင့္လွစ္လိုက္ေၾကာင္း သိရွိရတယ္။NUG အစိုးရရဲ့ နိုင္ငံျခားေရးဝန္ႀကီးဌာနက ကိုရီးယားျပည္သူ႔သမၼတနိုင္ငံဆိုင္ရာ ကိုယ္စားလွယ္အျဖစ္ ဦးရန္နိုင္ထြန္း ကို ခန႔္အပ္ေၾကာင္း ဩဂုတ္လ ၁၆ ရက္ေန႔က ေၾကညာခဲ့ပါတယ္။အဆိုပါအဖြဲ႕အစည္းတြင္ အဖြဲ႕ဝင္ (၁၁) ေယာက္ကို ဆက္လက္ခန႔္အပ္ တာဝန္ေပးအပ္လိုက္ၿပီး ႐ုံးစတင္ဖြင့္လွစ္ေၾကာင္း သိရွိရပါတယ္။

႐ုံးအဖြဲ႕အေနနဲ႔ NUG အစိုးရရဲ့ လမ္းညႊန္ခ်က္ေတြအတိုင္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမွာျဖစ္ၿပီး သံတမန္ေရးရာ ႐ုံးလုပ္ငန္းဆိုင္ရာမ်ားကို လုပ္ကိုင္ရာတြင္ အင္အားျဖစ္ေစဖို႔၊ ဖက္ဒရယ္ ဒီမိုကေရစီနိုင္ငံ တည္ေဆာက္ေရးတြင္ အဓိကက်တဲ့ တိုင္းရင္းသားအင္အားစုမ်ားရဲ့အႀကံဉာဏ္ နဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။ျမန္မာနိုင္ငံတြင္း ျဖစ္ေပၚေနတဲ့ အေျခအေနအရပ္ရပ္ကို ေတာင္ကိုရီးယားအစိုးရနဲ႔ လႊတ္ေတာ္ဆီ ခ်ျပေပးသြားဖို႔ ရည္ရြယ္တယ္လို႔ ဦးရန္နိုင္ထြန္းက ေျပာပါတယ္။

ေတာင္ကိုရီးယားနိုင္ငံအစိုးရက စစ္အာဏာသိမ္းမႈကို လက္မခံေၾကာင္း၊ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နဲ႔ ဆက္လက္ပူးေပါင္းသြားမယ္လို႔ အတိအလင္းထုတ္ေျပာထားပါတယ္။

Credit