Knowledge

ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်

ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်

ယောက်ျားများရဲ့ ဦးနှောက်ထဲမှာ အကြောင်းအရာတွေကို သေတ္တာများနဲ့ စီရီပြီး ထားရှိထားပါတယ်။ အဲ့ဒီ့ သေတ္တာများထဲမှာ ကျနော်တို့ အကြိုက်နှစ်သက်ဆုံး သေတ္တာလေးတစ်လုံးရှိပါတယ် အဲ့ဒီ့ သေတ္တာထဲမှာ ဘာမှမပါပါဘူး။ Nothing Box လို့ ခေါ်ပါတယ်

ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် အချိန်ရရင် ရသလို ခဏ ခဏ ထ ထ ဖွင့်ကြည့်ဖြစ်တဲ့ အထိအောင်ပါဘဲ။ ဆိုလိုတာကေတာ့ ကျနော်တို့ ယောက်ျားတွေဟာ ဘာမှကို မစဉ်းစားဘဲလဲ.. အကြာကြီး (သို့) ခဏခဏ နေနိုင်တယ် ဆိုတာပါဘဲ.. ဥပမာ။

ပက်လက် ကုလားထိုင်လေးပေါ်ထိုင်.. မုတ်ဆိတ်မွှေးလေး ဆွဲနှုတ်ရင်း (သို့) တီဗွီကြီးဖွင့်ထားပြီး အအေးထိန်းခလုတ်(ရီမုတ်) ကိုလည်း လက်မှာကိုင်ထားရင်းဘာစဉ်းစားနေသလဲဆိုတော့.. ဘာမှ မစဉ်းစားနေပါဘူး။ စောစောကပြောတဲ့ ဘာမွမရွိတဲ့ သေတ္တာကို ဖွင့်ထားတာလေ

အဲ့ဒီ့အချိန်မျိုးမှာ ဘေးနားက မိန်းမတွေက ပြောတတ်ပါတယ်။ ရှင်..တော်တော် အားယားနေတယ်..ဟုတ္လား ဘာမှလည်း လုပ်တာမဟုတ်ဘဲနဲ့..။ ဟုတ်ပါတယ်..ကျနော်တို့ ဘာမွ လုပ်တာမဟုတ်ပါဘူး။ ဘာမှလည်း မေတြးပါဘူး.. ဒီလိုလေးဘဲ နေတာပါ

အဲလိုအချိန်မျိုးမှာ လာနှောက်ယှက်တာလည်း မကြိုက်ပါဘူးမိန်းမများဟာ ကျနော်တို့ရဲ့ ဘာမှမရှိတဲ့ သေတ္တာကို လုံးဝ.. လုံးဝ..နားမလည်ပါဘူး။ ကျနော်တို့လိုလည်း မလုပ်နိုင်ပါဘူး.. သူတို့ စိတ်ဟာ လုံးဝ မရပ်မနား လည်ပတ်နေတာပါ။

စိတ် လည်ပတ်နေလေလေ.. ဦးနှောက်ထဲက ကေဘယ်ဝါယာကြိုးတွေဟာလည်း တရစပ် လည်ပတ်နေလေပါဘဲ။ အဲ့ဒီ့တော့ သူတို့ဟာ ဘယ်တော့မှ.. ဘယ်တော့မှ.. Nothing Box (ကျနော်တို့ ဦးနောက်ထဲက ဘာမွမရွိတဲ့ သတ္တာလေး) ကို နားလည်နိုင်မှာမဟုတ်ပါဘူး။

အဲ့ဒီ့ သေတ္တာက မိန်းမများကို စိတ်ပျက်သွားစေနိုင်ပါတယ်။ စဉ်းစားလေလေ.. ဘာမှမရှိလေ.. စိတ်ပျက်လေလေ..ဒေါသတွေ ထွက်လာလေလေ ပါဘဲ.. နောက်ဆုံးတော့ စကားတစ်ခွန်း ထွက်လာပါတယ်..ရှင် ဘာမှ မလုပ် ဖူးလား ဘာမှကို အဓိပ်ပါယျ မရှိဘူး

ဒီ့ထက် (စိတ်) ပိုဆိုးလာရင်တော့.. ရှင့် အရင် ငယ်ရည်းစားအကြောင်း စဉ်းစားနေတာမဟုတ်လား ရှင်.. က်မ မသိအောင် ဘာတွေ မဟုတ်တာလုပ်နေလဲ.. စတဲ့ မေးခွန်းတွေမေးလာတော့တာပါဘဲ..ကျနော်တို့မှာလည်း မှန်သော အဖြေ တစ်ခုသာ ရှိပါတယ် ဘာမှမစဉ်းစားပါဘူးကွာ

ယောက်ျားများ စိတ်ဖိစီးကြတဲ့အခါ

ယောက်ျားများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ များလာတဲ့အခါမှာတော့ သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကို အမြန်ပြေးဖွင့်ချင်တာပါဘဲ။ ဆိုလိုတာကတော့ စိတ်ညစ်စရာတဲ့အခါ ယောက်ျားများဟာ ဘာမှမစဉ်းစားဘဲအေးအေးဆေးဆေး နေချင်တာပါ။

ဘာမှလည်း မပြောချင်ပါဘူး.. ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါအဲ့ဒီ့အချိန်မှာ မိန်းမလုပ်သူက ဘေးနားရောက်လာပြီး.. ရှင်..ဘာစဉ်းစားနေတာလဲဟင်.. က်မကို ပြောပြပါလား..ဘာတွေဖြစ်လာတာလဲ.. စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။

မိန်းမသဘာဝ စိတ္ပူတတ္တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း ပူလာတော့တာပါဘဲ.. ဒီအချိန်မှာ ယောကျ်ားလုပ်သူက ငါ..ဘာမွ မစဉ်းစားပါဘူးကွာ အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနပေေးပါ လို့ ပြောလိုက်မိတတ်ပါတယ်။

အဲ့ဒီမွာ ကေဘယ်ဝါယာ ပူပြီး စိတ်ကောက်တော့တာပါဘဲ။ဝါယာရှော့များ..ဖြစ်သွားရင်တော့ ဘယ်မိန်းမအကြောင်း တွေးနေမှန်းမှမသိတာ.. ဘယ်ပြောချင်မလဲ.. မဟုတ်တာလုပ်နေတာကို စသည်ဖြင့် တန္ပို (Tempo) တွေတက်လာရာက လင်မယား ရန်ဖြစ်ကြတော့တာပါဘဲ

ကျနော်တို့လည်း စိတ်ညစ်နေတဲ့အချိန် အဲ့ဒီ့လို ဘေးနားက ထပ်ပြီး ဗျစ်တောက် ဗျစ်တောက် ပူလာရင် မခံနိုင်တော့ဘဲ ပေါက်ကွဲတတ်ကြပါတယ်။ယောကျ်ားများဟာ စိတ်ဖိစီးမှုများလာရင်သူ့ရင်ထဲက စိတ်ညစ်စရာများကို ဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ညီအကို၊ မိဘ များနှင့်သာ တိုင်ပင်လေ့ရှိပါတယ်။

မိန်းမများ စိတ်ဖိစီးကြတဲ့အခါ

မိန်းမများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ ကြုံလာရင်တော့ အဲ့ဒီ့ကိစ္စကို သူဖွင့်ပြောမှ ပေါ့သွားမှာပါ။ ပြောကို ပြောရမှ။ မပြောရရင်တော့ သူ့ရဲ့ဦးနှောက်ထဲက ကေဘယ်ဝါယာကြီးဟာ ပေါက်ကွဲလို့သွားတော့မှာပါ

လုံးဝထင်မထားဘူး.. အဲ့ဒီ့မိန်းမ အဲ့ဒိလိုလုပ်သွားလိမ့်မယ်လို့ တော်တော်ဒေါသထွက်ဖို့ကောင်းတယ်ဘာဘာ ညာညာ ပြောလာရင် အမျိုးသားများ ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ ဘာမှ ဝငျမဖွရှေငျးပေးပါနဲ့

အကြံမပေးပါနဲ့သူပြောတာကိုဘဲ နားထောင်ပေးလိုက်ပါ။ ဝငျပွောလိုကျတာနဲ့ သေပြီဆရာဘဲ.. ဒေါသအိုးက သင့်အပေါ်ကျသွားနိုင်ပါတယ်။အမျိုးသားတွေ လုပ်ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဦးနှောက်ထဲက ဘာမှမရှိတဲ့

သေတ္တာလေးကို ဖွင့် ပြီး.. သူမ ပြောသမျှ နားထောင်ပေးလိုက်ရုံပါဘဲ.. သူလည်း ပြောချင်တာပြောပြီး Stress တွေလျှော့.. ကျနော်တို့လည်း ဘာမှမစဉ်းစားဘဲ.. အေးအေးဆေးဆေးလေးပေါ့(အမေရိကန် စာရေးဆရာ Mark Gungor ရဲ့ A Tale of Two Brains ကို

ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်လို့ ဘာသာပြန်ပြီး ပြန်လည်မျှေဝပေးလိုက်ပါတယ်။ အချို့သော ဥပမာများဟာ မြန်မာပြည်နဲ့ လိုက်လျှောညီထွေဖြစ်အောင် ပြန်လည်တင်ဆက်ပေးထားတာဖြစ်ပါတယ်။) ကျေးဇူးတင်ပါတယ်။

Credit အာကာသနှင့် စကြဝဠာ