Local News

နိုင်ငံ့အာဏာကို ခေတ္တထိန်းထားတာဖြစ်ကြောင်း ဗိုလ်လောင်းများနှင့် အရာရှိများကို အာဏာသိမ်းခေါင်းဆောင် ဗြောင်လိမ်ထား

နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သေ

မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊သို့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း

ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း။“ရှင်းပြထားခြင်း ဖြစ်သည်။အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုလို ပြင်ဦးလွင်ခရီးစဉ် တစ်ခုတည်းကိုမဟုတ်ဘဲ ဒေသအသီးသီးသို့ သွားရောက်ပြီး

တပ်နယ်မိသားစုများနှင့် တွေ့ဆုံသည့် အကြိမ်တိုင်းတွင် ယင်းသို့ အထပ်ထပ်အခါအခါ ရှင်းပြနေခြင်း ဖြစ်သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။မဲစာရင်းအကြောင်းပြကာ နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် သိမ်းလိုက်သော်လည်းပြည်သူများအား အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းသည်ဟုသာ အမည်သုံးစွဲကာ နိုင်ငံ့အာဏာကို (၁)နှစ်ထိန်းမည်ဟု ပြောပြီးနောက် (၆)လအကြာတွင် အိမ်စောင့်အစိုးရအမည်ဖြင့် အဖွဲ့ဖွဲ့လိုက်ပြီး ၂၀၂၃ခုနှစ် ကုန်ခါနီးအထိ ဆက်လက်ထိန်းထားမည်ဟု အသိပေးထားသည်

၂၀၂၁ ဖေဖဝါရီလ တစ်ရက်နေ့မတိုင်ခင် သုံးရက်အလိုက စစ်ကောင်စီ အကြီးအကဲမင်းအောင်လှိုင်မှ ကိုယ်စားလှယ်လွှတ်ကာ သမ္မတ ရာထူးပေးဖို့လာရောက်တောင်းဆိုသည်ကို NLDရဲ့ငြင်းဆိုမှုကိုခံခံရသဖြင့်အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း

လွှတ်တော်အမတ် ဦးဘိုဘိုဦး ဒလမြို့နယ်မဲဆန္ဒ နယ်အမှတ် ၂ ရွေးချယ်ခံကိုယ်စားလှယ်မှ မဲခေါင်သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားထားပါသေးတယ်။ စစ်တပ်ကဘာ့ကြောင့်အာဏာသိမ်းလိုက်တာလဲဆိုတာ ကြည့်လိုက်တော့လဲ စစ်တပ်ကိုဦးဆောင်နေတဲ့

စစ်ကောင်စီဥက္ကဌရဲ့ အာဏာရူးသွပ်မှုတစ်ခုထဲကြောင့်သာလျှင် ဖြစ်တယ်ဗျ။ သူကသမ္မတပေးပါဆိုပြီးတော့ ဒီဖေဖော်ဝါရီ၁ရက်နေ့မတိုင်ခင် ၃ရက်အလိုမှာ လာတောင်းတာလေ။ သမ္မတသူ့ကိုခန့်ပါတဲ့။သမ္မတခန့်ပေးပါတဲ့ မခန့်ပေးဘူး မခန့်နိုင်ဘူး သဘောမတူတော့ဘူးဆိုမှ ဟိုဟာပြော ဒီဟာပြော။ ဒီဟာပြော ဟိုဟာပြောနဲ့ ဖြစ်လာတာဗျ။ အဲ့လိုအနေအထားတွေရှိတယ်။ သူတစ်ဦးရဲ့ အာဏာရူးသွပ်မှုနဲ့ ကျွန်တော်တို့တိုင်းပြည်က ရေစုန်မျောနေရတာကို စိတ်မကောင်းဖြစ်နေရတာပေါ့ဗျာ။

သူ့နောက်ကိုမလိုက်သင့်ဘူးဗျာ။ သူ့တပ်ကလူတွေကလဲလေ မျက်လုံးစုံမှိတ်ပြီးမလိုက်သင့်ဘူးဗျာ။” ဟု လွှတ်တော်အမတ် ဦးဘိုဘိုဦးကဖြေကြားလိုက်တာပါ။အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းထားသည့်

ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ရက်ပေါင်း(၂၂၆)ရက်အတွင်း ပြည်သူ (၁၀၀၀)ကျော် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသလို လူပေါင်း(၈၀၀၀)ကျော်လည်း ဖမ်းဆီးခံထားရသည်။

Credit

Zawgyi

နိုင္ငံေတာ္အတြက္ တပ္မေတာ္၏ အေရးပါမႈအခန္းက႑ကို အရာရွိ၊ စစ္သည္ မိသားစုမ်ား သိရွိေစရန္ အနည္းငယ္ေျပာၾကားလိုေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေရြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မဲမသမာမႈျဖစ္ပြားနိုင္ေသာ

မဲစာရင္းႀကီးမားစြာ မွားယြင္းမႈမ်ားကို စိစစ္ေတြ႕ရွိရသျဖင့္ တာဝန္ရွိသူအဖြဲ႕အစည္း အဆင့္ဆင့္က ေျဖရွင္းေဆာင္ရြက္ေပးနိုင္ေရး တင္ျပေဆာင္ရြက္ခဲ့ေၾကာင္း၊သို႔ေသာ္လည္း ေျဖရွင္းေဆာင္ရြက္ေပးျခင္းမရွိခဲ့သည့္ အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍

နိုင္ငံေတာ္၏ အာဏာအရပ္ရပ္ကို အဓမၼနည္းျဖင့္ရယူရန္ႀကံစည္ႀကိဳးပမ္းမႈမ်ားေၾကာင့္ နိုင္ငံေတာ္ကို နိုင္ငံေရးအရ အေရးေပၚ အေျခအေနအျဖစ္ေၾကညာကာ ယာယီသမၼတ၏ တာဝန္လႊဲအပ္ခ်က္အရ နိုင္ငံေတာ္၏တာဝန္ကို တပ္မေတာ္က ေခတၱတာဝန္ယူထိန္းသိမ္း

ေဆာင္ရြက္ေနရျခင္း ျဖစ္ေၾကာင္း။“ရွင္းျပထားျခင္း ျဖစ္သည္။အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္သည္ ယခုလို ျပင္ဦးလြင္ခရီးစဥ္ တစ္ခုတည္းကိုမဟုတ္ဘဲ ေဒသအသီးသီးသို႔ သြားေရာက္ၿပီး

တပ္နယ္မိသားစုမ်ားႏွင့္ ေတြ႕ဆုံသည့္ အႀကိမ္တိုင္းတြင္ ယင္းသို႔ အထပ္ထပ္အခါအခါ ရွင္းျပေနျခင္း ျဖစ္သည္ကို နိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။မဲစာရင္းအေၾကာင္းျပကာ နိုင္ငံ့အာဏာကို လက္နက္အားကိုးျဖင့္ သိမ္းလိုက္ေသာ္လည္း

ျပည္သူမ်ားအား အာဏာသိမ္းျခင္းမဟုတ္ဘဲ အာဏာထိန္းသည္ဟုသာ အမည္သုံးစြဲကာ နိုင္ငံ့အာဏာကို (၁)ႏွစ္ထိန္းမည္ဟု ေျပာၿပီးေနာက္ (၆)လအၾကာတြင္ အိမ္ေစာင့္အစိုးရအမည္ျဖင့္ အဖြဲ႕ဖြဲ႕လိုက္ၿပီး ၂၀၂၃ခုႏွစ္ ကုန္ခါနီးအထိ ဆက္လက္ထိန္းထားမည္ဟု အသိေပးထားသည္

၂၀၂၁ ေဖဖဝါရီလ တစ္ရက္ေန႔မတိုင္ခင္ သုံးရက္အလိုက စစ္ေကာင္စီ အႀကီးအကဲမင္းေအာင္လွိုင္မွ ကိုယ္စားလွယ္လႊတ္ကာ သမၼတ ရာထူးေပးဖို႔လာေရာက္ေတာင္းဆိုသည္ကို NLDရဲ့ျငင္းဆိုမႈကိုခံခံရသျဖင့္အာဏာသိမ္းခဲ့ရျခင္းျဖစ္ေၾကာင္း

လႊတ္ေတာ္အမတ္ ဦးဘိုဘိုဦး ဒလၿမိဳ႕နယ္မဲဆႏၵ နယ္အမွတ္ ၂ ေရြးခ်ယ္ခံကိုယ္စားလွယ္မွ မဲေခါင္သတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ေျပာၾကားထားပါေသးတယ္။ စစ္တပ္ကဘာ့ေၾကာင့္အာဏာသိမ္းလိုက္တာလဲဆိုတာ ၾကည့္လိုက္ေတာ့လဲ စစ္တပ္ကိုဦးေဆာင္ေနတဲ့

စစ္ေကာင္စီဥကၠဌရဲ့ အာဏာ႐ူးသြပ္မႈတစ္ခုထဲေၾကာင့္သာလၽွင္ ျဖစ္တယ္ဗ်။ သူကသမၼတေပးပါဆိုၿပီးေတာ့ ဒီေဖေဖာ္ဝါရီ၁ရက္ေန႔မတိုင္ခင္ ၃ရက္အလိုမွာ လာေတာင္းတာေလ။ သမၼတသူ႔ကိုခန႔္ပါတဲ့။

သမၼတခန႔္ေပးပါတဲ့ မခန႔္ေပးဘူး မခန႔္နိုင္ဘူး သေဘာမတူေတာ့ဘူးဆိုမွ ဟိုဟာေျပာ ဒီဟာေျပာ။ ဒီဟာေျပာ ဟိုဟာေျပာနဲ႔ ျဖစ္လာတာဗ်။ အဲ့လိုအေနအထားေတြရွိတယ္။ သူတစ္ဦးရဲ့ အာဏာ႐ူးသြပ္မႈနဲ႔ ကၽြန္ေတာ္တို႔တိုင္းျပည္က ေရစုန္ေမ်ာေနရတာကို စိတ္မေကာင္းျဖစ္ေနရတာေပါ့ဗ်ာ။

သူ႔ေနာက္ကိုမလိုက္သင့္ဘူးဗ်ာ။ သူ႔တပ္ကလူေတြကလဲေလ မ်က္လုံးစုံမွိတ္ၿပီးမလိုက္သင့္ဘူးဗ်ာ။” ဟု လႊတ္ေတာ္အမတ္ ဦးဘိုဘိုဦးကေျဖၾကားလိုက္တာပါ။အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ အာဏာသိမ္းထားသည့္

ေဖေဖာ္ဝါရီလ(၁)ရက္ေန႔မွ စက္တင္ဘာလ(၁၄)ရက္ေန႔အထိ ရက္ေပါင္း(၂၂၆)ရက္အတြင္း ျပည္သူ (၁၀၀၀)ေက်ာ္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရသလို လူေပါင္း(၈၀၀၀)ေက်ာ္လည္း ဖမ္းဆီးခံထားရသည္။

Credit