Knowledge

မချစ်ချင်တော့ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြီး ထားခဲ့ပါ

အကယ်၍ မင်းမချစ်တော့ဘူးဆိုရင်

အောင့်အီးပြီးချစ်ပေးနေရတာထက် စိတ်ရင်းနဲ့ ချစ်ပေးနေဖြစ် တာမျိုးဘဲ လိုချင်တယ် .. .. .ချစ်တယ်လို့ပြောပြီး ရင်ထဲကမပါရင် မင်းလည်းပူလောင်ရသလို ကိုယ်လည်းပူလောင်ရပါတယ်

ကြာလာရင် အချစ်ဆိုတဲ့အရာလည်း ပူလောင်စေတဲ့အရာလို့ မင်းထင်ကောင်းထင်လာလိမ့်မယ် .. .. . ရင်ထဲကမပါတဲ့ အနမ်းတွေဟာ မနွေးထွေးသလို ရင်ထဲမပါတဲ့ စကားတွေဟာလည်း ပေါ့နေမယ်မလား?

ပေးတယ်ဆိုရုံလောက် သိစေချင်တဲ့ ဂရုစိုက်မှု့တွေဟာ လည်း မနွေးထွေး နိုင်ဘူး.အသက်မပါတဲ့ ရီသံတွေ ၊ အသက်မပါတဲ့အပြုံးတွေ ၊ အသက်မပါတဲ့ ဆက်ဆံရေးတွေဟာဆိုရင် ကိုယ့်အတွက်တော့ ရှင်လျှက်နဲ့သေနေသလိုဘာဘဲ

ချစ်တယ်ဆိုပြီး ခေါင်းလွှဲထားသလိုမျိုး ကိုယ်တို့တွေဟာ နီးနေလျှက်နဲ့ အဝေးကြီးဝေးလို့အတူရှိနေတယ်ဆိုပေမဲ့ ခံစားချက်တွေဟာလည်း အဓိပ္ပါယ်မရှိလောက်တော့ဘူး ..ဘယ်အချိန်မင်းထားသွားမလည်း ဆိုတဲ့အတွေးနဲ့ ကိုယ်ရင်မောနေရလိမ့်မယ်

ပျော်ရွှင်မှု့တွေဟာ တစ်စ တစ်စ နဲ့ကုန်ခမ်းသွားပြီး နေ့ရက်တွေတိုင်းမှာလည်း အကြိမ်ကြိမ်သေဆုံးလို့ မျှော်လင့်ထားသမျှတွေလည်း အကုန်ဝေဝါးပျောက်ကွယ်သွားလိမ့်မယ်

ခံစားရတဲ့ဝေဒနာဟာလည်း လုံးဝသက်တောင့်သက်သာဖြစ်မယ်မထင်ဘူး .. .. .အပေါ်ယံမှာ သကြားရေလောင်းထားတဲ့ အဆိပ်ခွက် တစ်ခွက်လိုဘဲပေါ့ .. .. .မော့သောက်လိုက်တိုင်း နာနာကျင်ကျင် ခံစားနေရမယ်မဟုတ်လား

မင်းကိုယ့်ကိုမချစ်တော့ဘူးဆိုတဲ့ အတွေးတွေကလည်း ညဘက်တွေမှာ ကိုယ့်ကိုလိုက်ခြောက်နေလိမ့်မယ် .. .. .မျက်လုံးတွေကို အားယူပြီးမှိတ်ပေမဲ့လည်း အိပ်ပျော်လိမ့်မယ်မထင်ဘူး စိုးရိမ်ကြောင့်ကြမှု့တွေနဲ့ နိုးတဲ့ နံနက်ခင်းတွေဟာလည်း မလှပလောက်ဘူးလေ

နီးလျှက်နဲ့ ဝေးပြီး ပူလောင်နေရမှာထက်စာရင် ချစ်ခဲ့ဖူးတယ်ဆိုတဲ့အသိနဲ့ဘဲ တစ်သက်လုံးလွမ်းချင်တယ်တစ်နည်းအားဖြင့် အတိတ်တွေမှာ နာကျင်စရာတွေ မကျန်ချင်ဘူးပေါ့ .. .. .ပစ္စုပ္ပန်တွေမှာ ဘယ်လောက်ဘဲ ခါးခါး ပျော်ရွှင်ခဲ့ရတယ်ဆိုရင် အတိတ်တွေဟာလည်း ဖြေဆေးတစ်ခုလိုပါဘဲ

ဒါကြောင့်မို့ မပါတ်သက်ချင်တော့ဘူး ၊ မချစ်ချင်တော့ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြီး ထားခဲ့ပါ .. .. .ကိုယ်ကျေကျေနပ်နပ်ကြီးနေခဲ့ပေးပါ့မယ် .. .. .အလွန်ဆုံး မပိုင်ဆိုင်ရတော့ဘူးဆိုတဲ့ အတွေးနဲ့ဘဲ ခံစားစေရလိမ့်မယ်ပေါ့

တစ်ရက်လုံးငိုပြီး တစ်သက်လုံးလွမ်းနေရတော့ရော ဘာဖြစ်လည်း ဟန်ဆောင်မှု့တွေမပါဘူးဆိုပြီး အတိတ်ကိုပြန်ပြီး ဂုဏ်ယူလို့ရပါသေးတယဒါကြောင့်မို့ သံသယကင်းကင်းနဲ့ချစ်ပြီး ဒါဏ်ရာနဲနဲ နဲ့ လမ်းခွဲကြမယ်လေအကယ်၍ မင်းမချစ်တော့ဘူးဆိုရင်ပေါ့

Credit

Zawgyi

အကယ္၍ မင္းမခ်စ္ေတာ့ဘူးဆိုရင္

ေအာင့္အီးၿပီးခ်စ္ေပးေနရတာထက္ စိတ္ရင္းနဲ႔ ခ်စ္ေပးေနျဖစ္ တာမ်ိဳးဘဲ လိုခ်င္တယ္ .. .. .ခ်စ္တယ္လို႔ေျပာၿပီး ရင္ထဲကမပါရင္ မင္းလည္းပူေလာင္ရသလို ကိုယ္လည္းပူေလာင္ရပါတယ္

ၾကာလာရင္ အခ်စ္ဆိုတဲ့အရာလည္း ပူေလာင္ေစတဲ့အရာလို႔ မင္းထင္ေကာင္းထင္လာလိမ့္မယ္ .. .. . ရင္ထဲကမပါတဲ့ အနမ္းေတြဟာ မေႏြးေထြးသလို ရင္ထဲမပါတဲ့ စကားေတြဟာလည္း ေပါ့ေနမယ္မလား?

ေပးတယ္ဆို႐ုံေလာက္ သိေစခ်င္တဲ့ ဂ႐ုစိုက္မႈ႔ေတြဟာ လည္း မေႏြးေထြး နိုင္ဘူး.အသက္မပါတဲ့ ရီသံေတြ ၊ အသက္မပါတဲ့အျပဳံးေတြ ၊ အသက္မပါတဲ့ ဆက္ဆံေရးေတြဟာဆိုရင္ ကိုယ့္အတြက္ေတာ့ ရွင္လၽွက္နဲ႔ေသေနသလိုဘာဘဲ

ခ်စ္တယ္ဆိုၿပီး ေခါင္းလႊဲထားသလိုမ်ိဳး ကိုယ္တို႔ေတြဟာ နီးေနလၽွက္နဲ႔ အေဝးႀကီးေဝးလို႔အတူရွိေနတယ္ဆိုေပမဲ့ ခံစားခ်က္ေတြဟာလည္း အဓိပၸါယ္မရွိေလာက္ေတာ့ဘူး ..ဘယ္အခ်ိန္မင္းထားသြားမလည္း ဆိုတဲ့အေတြးနဲ႔ ကိုယ္ရင္ေမာေနရလိမ့္မယ္

ေပ်ာ္ရႊင္မႈ႔ေတြဟာ တစ္စ တစ္စ နဲ႔ကုန္ခမ္းသြားၿပီး ေန႔ရက္ေတြတိုင္းမွာလည္း အႀကိမ္ႀကိမ္ေသဆုံးလို႔ ေမၽွာ္လင့္ထားသမၽွေတြလည္း အကုန္ေဝဝါးေပ်ာက္ကြယ္သြားလိမ့္မယ္

ခံစားရတဲ့ေဝဒနာဟာလည္း လုံးဝသက္ေတာင့္သက္သာျဖစ္မယ္မထင္ဘူး .. .. .အေပၚယံမွာ သၾကားေရေလာင္းထားတဲ့ အဆိပ္ခြက္ တစ္ခြက္လိုဘဲေပါ့ .. .. .ေမာ့ေသာက္လိုက္တိုင္း နာနာက်င္က်င္ ခံစားေနရမယ္မဟုတ္လား

မင္းကိုယ့္ကိုမခ်စ္ေတာ့ဘူးဆိုတဲ့ အေတြးေတြကလည္း ညဘက္ေတြမွာ ကိုယ့္ကိုလိုက္ေျခာက္ေနလိမ့္မယ္ .. .. .မ်က္လုံးေတြကို အားယူၿပီးမွိတ္ေပမဲ့လည္း အိပ္ေပ်ာ္လိမ့္မယ္မထင္ဘူး စိုးရိမ္ေၾကာင့္ၾကမႈ႔ေတြနဲ႔ နိုးတဲ့ နံနက္ခင္းေတြဟာလည္း မလွပေလာက္ဘူးေလ

နီးလၽွက္နဲ႔ ေဝးၿပီး ပူေလာင္ေနရမွာထက္စာရင္ ခ်စ္ခဲ့ဖူးတယ္ဆိုတဲ့အသိနဲ႔ဘဲ တစ္သက္လုံးလြမ္းခ်င္တယ္တစ္နည္းအားျဖင့္ အတိတ္ေတြမွာ နာက်င္စရာေတြ မက်န္ခ်င္ဘူးေပါ့ .. .. .ပစၥဳပၸန္ေတြမွာ ဘယ္ေလာက္ဘဲ ခါးခါး ေပ်ာ္ရႊင္ခဲ့ရတယ္ဆိုရင္ အတိတ္ေတြဟာလည္း ေျဖေဆးတစ္ခုလိုပါဘဲ

ဒါေၾကာင့္မို႔ မပါတ္သက္ခ်င္ေတာ့ဘူး ၊ မခ်စ္ခ်င္ေတာ့ဘူးဆိုရင္ ပြင့္ပြင့္လင္းလင္း ေျပာၿပီး ထားခဲ့ပါ .. .. .ကိုယ္ေက်ေက်နပ္နပ္ႀကီးေနခဲ့ေပးပါ့မယ္ .. .. .အလြန္ဆုံး မပိုင္ဆိုင္ရေတာ့ဘူးဆိုတဲ့ အေတြးနဲ႔ဘဲ ခံစားေစရလိမ့္မယ္ေပါ့

တစ္ရက္လုံးငိုၿပီး တစ္သက္လုံးလြမ္းေနရေတာ့ေရာ ဘာျဖစ္လည္း ဟန္ေဆာင္မႈ႔ေတြမပါဘူးဆိုၿပီး အတိတ္ကိုျပန္ၿပီး ဂုဏ္ယူလို႔ရပါေသးတယဒါေၾကာင့္မို႔ သံသယကင္းကင္းနဲ႔ခ်စ္ၿပီး ဒါဏ္ရာနဲနဲ နဲ႔ လမ္းခြဲၾကမယ္ေလအကယ္၍ မင္းမခ်စ္ေတာ့ဘူးဆိုရင္ေပါ့

Credit