Knowledge

ဒီအဖြစ်အပျက်တွေကြုံတွေ့နေရပြီဆိုရင် သင်မကြာခင် အချစ်စစ်နဲ့တွေ့ရတော့မှာပါ…

ဒီအဖြစ်အပျက်တွေကြုံတွေ့နေရပြီဆိုရင် သင်မကြာခင် အချစ်စစ်နဲ့တွေ့ရတော့မှာပသင်ဟာ ချစ်သူမရှိသေးတဲ့ Single တစ်ယောက်ဆိုရင် သင့်အနေနဲ့ ဘယ်တော့များမှ ချစ်သူရမလဲဆိုပြီး တွေးဖူးတယ် မဟုတ်လား

ချစ်သူတွေတော့ ထားပါရဲ့ ၊ ခဏခဏပြတ်လို့ ဘဝမှာ အချစ်စစ်နဲ့ လက်တွဲဖော်နဲ့ တွေ့ရောတွေ့ပါဦးမလားလို့ရော တွေးမိနေပြီလား…? စိတ်မပူပါနဲ့။သင့်အနေနဲ့ အခုဖော်ပြမယ့် အဖြစ်လေးတွေကို ကြုံရပြီဆိုရင် သိပ်မကြာခင်မှာ ဘဝလက်တွဲဖော်နဲ့ ဆုံတွေ့ရနိုင်ချေ ရှိနေပါပြီနော်

(၁) စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေ မက်ရင်

အချစ်ရေးနဲ့ပတ်သက်လို့ ထူးခြားမှုတွေကို လက်တွေ့မကြုံရခင် သင့်ဆီကို အိပ်မက်တွေအဖြစ် အရင်ရောက်လာတတ်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ အချစ်ရေးအကြောင်း စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေ မကြာခဏ မက်နေပြီဆိုရင်သင် အချစ်စစ်နဲ့မကြာခင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်

(၂) သင့်ရဲ့လက်ရှိအခြေအနေကနေ တိုးတက်ချင်စိတ်တွေ ပြင်းပြနေရင်

သင့်အနေနဲ့ အချစ်ရေးမှာ တိုးတက်ချင်ရုံမကဘဲ ပညာရေး၊ အလုပ်တွေနဲ့ပတ်သက်ပြီးတော့လည်း တိုးတက်ချင်စိတ်တွေ ဖြစ်နေတယ်ဆိုရင် ဒါဟာ မမြင်ရတဲ့ အချစ်စွမ်းအားတွေက

သင့်ကို အရှေ့ရောက်အောင် တွန်းပို့နေလို့ပါတဲ့။သင်က စိတ်ဓာတ်တွေ အမြဲကျနေပြီး ဘာအတွက်မှ ကြိုးစားချင်စိတ် ရှိမနေဘူးဆိုရင်တော့ အချစ်နဲ့တွေ့ဖို့လည်း ဝေးနေအုံးမှာပါ

(၃) အချစ်နဲ့ပတ်သက်ပြီး ခံယူချက်ပြတ်ပြတ်သားသား ရှိလာရင်

အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အချစ်အကြောင်း စိတ်မဝင်စားတဲ့သူက မဝင်စားပါဘူး။တစ်ချို့ ရည်းစားတွေ ထည်လဲထားနေပေမယ့် အချစ်နဲ့ပတ်သက်လို့ ဘယ်လိုခံယူချက်၊ ခံစားချက်မျိုးမှ မရှိတာတွေ အများကြီးပါ။

အဲ့ဒီလိုမဟုတ်ဘဲ သင်ကတော့ အချစ်နဲ့ပတ်သက်လို့ ဒိုင်ကြောင်တာမျိုးမဟုတ်ဘဲ တကယ့်စိတ်ထဲက ပြတ်သားတဲ့ ခံယူချက်မျိုးရှိလာပြီဆိုရင်တော့ မကြာခင်မှာ တကယ်လည်း အချစ်နဲ့တွေ့ရတော့မှာပါနော်

(၄) သင့်ဘေးနားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို နားလည်ပေးတတ်နေရင

အရင်တုန်းကတော့ RS ဆို အလကားနေ ကြည့်မရတွေဖြစ်နေတာမျိုး၊ စုံတွဲဆို အမြင်ကတ်နေတာမျိုး၊အချစ်ကိုမယုံဘူးဆိုတာမျိုးတွေဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ RS တွေရဲ့

အချစ်တွေကို နားလည်ခံစားပေးတတ်လာပြီ၊ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ တန်ဖိုးထားတတ်လာပြီ ဆိုရင်တော့ သင်ကိုယ်တိုင်လည်း အချစ်နဲ့တွေ့ရဖို့ နီးစပ်လာပြီပဲ ဖြစ်ပါတယ်

(၅) သင်စိတ်ကူးထားတဲ့ ချစ်သူပုံစံမျိုးနဲ့ကိုက်ညီတဲ့သူလေးကို တွေ့နေပြီဆိုရင်

လူတိုင်းကတော့ ကိုယ့်စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ချစ်သူကို ရသွားကြတာ မဟုတ်ပါဘူး။သင်လည်း ရချင်မှရမှာပါ။ ဒါပေမယ့် ကိုယ်စိတ်ကူးပုံဖော်ထားတဲ့ ပုံစံမျိုးလေးနဲ့ ဆုံတွေ့နေရပြီဆိုရင်တော့ သင့်အိပ်မက်တွေ တကယ်ဖြစ်ဖို့ တော်တော်လေး နီးစပ်နေလာနေပြီလို့ ပြောရမှာပါပဲ

(၆) အရင်ကထက် ပိုပြီးလန်းဆန်းပျော်ရွှင်နေမယ်ဆိုရင်

အချစ်နဲ့တွေ့ဖို့ နီးစပ်နေတဲ့သူတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့ အားအင်တွေ ဖြစ်နေပါလိမ့်မယ်။မနက်ဘက်တွေမှာ စောစောနိုးပြီး လန်းဆန်းနေမယ်၊ ပျော်စရာကိစ္စမရှိဘဲလည်း စိတ်ထဲမှာ အလိုလိုပျော်နေမယ်ဆိုရင်တော့ အချစ်စစ်တွေ့ရတော့မှာမို့ဆိုတာ ဖြစ်နိုင်ပါတယ်

(၇) သူငယ်ချင်းတွေကို အချစ်နဲ့ပတ်သက်တဲ့အကြံတွေ မကြာခဏပေးနေရပြီဆိုရင်

ကိုယ်တိုင်က အချစ်ရေးနဲ့ပတ်သက်လို့ ဘာမှမသိဘူးလို့ ထင်နေပေမယ့် သူငယ်ချင်းတွေက သူတို့အချစ်ရေးအကြောင်း မကြာခဏ တိုင်ပင်အကြံတောင်းတတ် ကြတယ်ဆိုရင် သင့်ဆီကိုလည်း

မကြာခင်မှာ အချစ်က ရောက်လာတော့မယ့် သဘောပါ။အချစ်အကြောင်း အကြံကောင်းလေးတွေ ပေးနေရတဲ့ သင့်ဆီကို ပျော်စရာအချစ်က သေချာပေါက်ရောက်လာတော့မှာပဲ ဖြစ်ပါတယ်နော်

Credit

Zawgyi





















Credit