Local News

အောင်ဘာလေ ထီလက်မှတ်များကို အွန်လိုင်းကနေ ရောင်းချဖို့ နည်းပညာ ဝန်တောင်မှုပေးနိုင်မယ့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်နေ

အောင်ဘာလေ ထီလက်မှတ်များကို အွန်လိုင်းမှ တစ်ဆင့်ရောင်းချ နိုင်ရန်အတွက် စီမံကိန်း နှင့်ဘဏ္ဍာရေးကြီးဌာနမှ

လုပ်ငန်းရှင်များကို အဆိုပြုလွှာ အနေဖြင့် ဖိတ်ခေါ်လိုက်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့ထုတ် နိုင်ငံပို င်သတင်းစာတွင် ထည့်သွင်း ကြော်ငြာသည်

အဆိုပါ ကြော်ငြာစာတွင် စီမံကိန်း နှင့်ဘဏ္ဍာရေးကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် အောင် ဘာလေ

ထီလက်မှတ်များကို ကံစမ်းသူများ လွယ်ကူလျင်မြန်စွာ ကံစမ်းနိုင်စေရေးအတွက်လက်ရှိရောင်းချ ကျင့်သုံးလျက်ရှိသော အောင်ဘာလေထီလက်မှတ် ရောင်းချသည့် စနစ် (Paper Lottery) အပြင် Online မှ

တစ်ဆင့် ရောင်းချသည့် စနစ်ဖြင့်ပါ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်း ပံပိုးမှုများအား ပြုလုပ်ဆောင်ရွက်ပေး နိုင်မည့် Services Provider လုပ်ငန်းတစ်ခုအား

ရွေးချယ်၍ ဌားရမ်း ဆောင်ရွက်မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားမှုဖော်ပြချက် (Expression of Interest – EOI) အဆိုပြုလွှာများကို ပေးပို့ရန် ဖိတ်ခေါ်ကြောင်း ဖော်ပြပါရှိသည်

စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် (Expression of Interest – EOI) အား အောက် တိုဘာ ၁၉ ရက်နေ့နောက်ဆုံး

ထားရှိ၍ နေပြည်တော်ရှိ ပြည်တွင်း အခွန်များဦးစီးဌာန ဖော်ပြထားသည်

Credit

Zawgyi










Credit