Local News

သံချပ်ကာကားများ၊ စစ်ကေားများ ထွက်ခွာသွား (ရုပ်/သံ)

၅၄ တပ် အနီးဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လွိုင်ကော်မှ သံချပ်ကာကားများ၊ စစ်ကေားများ ထွက်ခွာသွား (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့အရှေ့ဘက် ဒေါတမရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီ ၅၄ တပ် အနီးတွင် ယနေ့ စက်တင်ဘာလ ၁၃ ရက် ည ၇ နာရီခွဲခန့်မှ စတင်ကာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီး

၉ နာရီ ဝန်းကျင်တွင် လွိုင်ကော်မှ သံချပ်ကာကား ၂ စီး၊ စစ်ကား ၅ စီး ထွက်ခွာသွားကြောင်း သတင်းရရှိသည်။သေနတ်သံတွေက အခုထိ ကြားနေရတုန်းပဲ၊ စစချင်းတော့ ကရင်နီအဖွဲ့တွေ လာပစ်တယ်လို့ ထင်တာပဲ။

လက်နက်ကြီးသံတွေရော၊ အဲဒီနားမှာက ၅၄ တပ်၊ ၆၄၃ စစ်လက်နက်ပစ္စည်းတပ်၊ ဆေးတပ် တွေ ကပ်လျက်ရှိနေတာ၊ အဲဒီဘေးမှာ ရေနီကန်ရပ်ကွက် တောက်လျှောက်ပဲ” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ပစ်ခတ်မှုများသည် လက်ရှိ ည ၁၀ နာရီ ဝန်းကျင်အထိ ပစ်ခတ်မှုများရှိနေကြောင်းနှင့် ရေနီကန်ရပ်ကွက်၊ ဧက ၅၀၀ ရပ်ကွက်များတွင် လူထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်ပျက်စီးမှုများ ရှိကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

Video – JFK page 2

Credit

Zawgyi

၅၄ တပ္ အနီးဝန္းက်င္တြင္ ပစ္ခတ္မႈျဖစ္ပြားၿပီး လြိဳင္ေကာ္မွ သံခ်ပ္ကာကားမ်ား၊ စစ္ေကားမ်ား ထြက္ခြာသြား (႐ုပ္/သံ)

ရန္ကုန္၊ စက္တင္ဘာ ၁၃

ကယားျပည္နယ္ (ကရင္နီျပည္) လြိဳင္ေကာ္ၿမိဳ႕အေရွ႕ဘက္ ေဒါတမရပ္ကြက္ရွိ အၾကမ္းဖက္စစ္ေကာင္စီ ၅၄ တပ္ အနီးတြင္ ယေန႔ စက္တင္ဘာလ ၁၃ ရက္ ည ၇ နာရီခြဲခန႔္မွ စတင္ကာ လက္နက္ႀကီး လက္နက္ငယ္ပစ္ခတ္သံမ်ား ထြက္ေပၚလာၿပီး

၉ နာရီ ဝန္းက်င္တြင္ လြိဳင္ေကာ္မွ သံခ်ပ္ကာကား ၂ စီး၊ စစ္ကား ၅ စီး ထြက္ခြာသြားေၾကာင္း သတင္းရရွိသည္။ေသနတ္သံေတြက အခုထိ ၾကားေနရတုန္းပဲ၊ စစခ်င္းေတာ့ ကရင္နီအဖြဲ႕ေတြ လာပစ္တယ္လို႔ ထင္တာပဲ။

လက္နက္ႀကီးသံေတြေရာ၊ အဲဒီနားမွာက ၅၄ တပ္၊ ၆၄၃ စစ္လက္နက္ပစၥည္းတပ္၊ ေဆးတပ္ ေတြ ကပ္လ်က္ရွိေနတာ၊ အဲဒီေဘးမွာ ေရနီကန္ရပ္ကြက္ ေတာက္ေလၽွာက္ပဲ” ဟု ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ပစ္ခတ္မႈမ်ားသည္ လက္ရွိ ည ၁၀ နာရီ ဝန္းက်င္အထိ ပစ္ခတ္မႈမ်ားရွိေနေၾကာင္းႏွင့္ ေရနီကန္ရပ္ကြက္၊ ဧက ၅၀၀ ရပ္ကြက္မ်ားတြင္ လူထိခိုက္ဒဏ္ရာရရွိမႈ၊ ေနအိမ္ပ်က္စီးမႈမ်ား ရွိေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားတြင္ ေဖာ္ျပသည္။

Video – JFK page 2

Credit