Knowledge

12.Sep.2021 မှ 17.Sep.2021 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း မိသားစုအတွင်းရေးကိစ္စများ၊ မိသားစုအလုပ်ကိစ္စများ အရှုပ်အထွေးတွေရှိရင် ဖြေရှင်းနိုင် ပါလိမ့်မယ်။ပျောက်ဆုံးနေတဲ့ပစ္စည်းများ အထားမှားနေတဲ့ပစ္စည်းများမထင်မှတ်ဘဲပြန်တွေ့တတ်ပါတယ်။ အသိမ်း လွန်နေတဲ့ပစ္စည်းတွေပြန်တွေ့တတ်ပါတယ်။

အကြီးအကဲမိဘတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ အထူးသဖြင့်ဖခင်ရဲ့ ကျန်းမာရေးအားနည်းနေတတ်ပါတယ်။ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေလုပ်ကိုင်နေသူများသတိထားပါ။ အမှား အယွင်းလေးတွေဖြစ်ပြီးအဖမ်းအစီးခံရတတ်ပါတယ်။

အများနဲ့ တွဲပြီးလုပ်ကိုင်ခြင်းက ပိုမိုအကျိုးဖြစ်ထွန်းတတ်ပါ တယ်။ မိမိအကြံအစည် စိတ်ကူးထက် အခြားသူရဲ့အကြံဉာဏ်ကိုယူပြီးလုပ်တာကပိုမိုအောင်မြင်တတ်ပါတယ်။

အိမ်ခြံတခါးမလုံခြုံသူများသတိထားပါ။ သူခိုးခိုးခံရတတ်ပါတယ်။ လူထူထပ်တဲ့ နေရာတွေကိုသွားလာခြင်းတွေ ရှောင်လိုက်ပါ။မိသားစုအတွက်စိုးရိမ်မကင်းဖြစ်ရတတ်ပါတယ်။ သားသမီးကျန်း မာရေးကိုဂရုစိုက်ပါ။

အချစ်ရေး ကိစ္စတွေမှာ အချို့က အရမ်းအဆင်ပြေပြီး အချို့က အဆိုးဆုံးအနေအထားဖြစ်တတ်ပါတယ်။ကောင်းအား ဆိုးအား နှစ်မျိုးစလုံးကြုံရတတ်တယ်။ အိမ်ထောင်ရေးအဆင်ပြေမယ်။ မိမိအတွက်များစွာ အိမ်ထောင် ဘက်အကူအညီရ တတ်ပါတယ်။

ကျန်းမာရေးကတော့ အာရုံကြော၊ နှလုံးရောဂါတွေ ဂရုစိုက်လိုက်ပါ။အကျိုးပေးဂဏန်း 2/3/6 အထူးဟော အညံ့အဆိုးတွေများနေတတ်ပါတယ်။ယတြာ အရမ်းမွှေးသောပန်းများကို ဘုရားပူဇော်လိုက်ပါ။

တနင်္လာ

စိတ်ကူးအယူအဆများက လွတ်မြောက်ရာကိုအားပြုလုပ်နေမိတတ်ပါတယ်။ တစ်ခုခုကို စိတ်တိုင်းမကျဘဲ ဒီသောကတွေကြားက ပြေးထွက်ချင်နေတတ်ပါတယ်။မထင်မှတ်ဘဲ အလုပ်က နယ်ပြောင်းရွှေ့ခံရတာ၊အလုပ်ပြုတ် တာ ဌာနပြောင်းတာတွေ ဖြစ်လေ့ရှိတဲ့ကာလပါပဲ။

မိတ်ဆွေကောင်းတွေရှိနေပေမဲ့ မိမိကိုအစစအရာရာကူညီပေးနိုင် သူကတစ်ယောက်စ နှစ်ယောက်စပဲရှိပါတယ်။ မိတ်ဆွေရင်းတွေရဲ့နာရေးသတင်းတွေကြားနေရတတ်ပါတယ်။ကျန်းမာရေးကတော့ သိပ်အဆိုးကြီး မဖြစ်ပေမဲ့ အသွားအလာ အလှုပ်အရှားများလွန်းတာကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်း နယ်နေတတ်ပါတယ်။

အလုပ်သစ်တွေ၊စီးပွားသစ်တွေရှိတဲ့အခါ အနှောက်အယှက်အတားအဆီးတွေရှိနေတတ်တာ တွေ့ရတယ်။မိမိအဆင်ပြေသွားမှာကို မနာလိုတဲ့သူတွေရှိနေတာကိုမမေ့ပါနဲ့။ အခက်အခဲတွေရှိရင် သစ္စာတရားပြု ဆုတောင်းခြင်းဖြင့်ပြေလည်တတ်ပါတယ်။

မိမိကိုအထင်သေးသူများတောင် လေးစားချစ်ခင်ခြင်းခံရတတ်ပါ တယ်။ တစ်ခုသတိထားရမှာကတော့အမွေမှုတွေစတင်ဖြစ်ပွားတတ်ပါတယ်။လုပ်ငန်းခွင်အတွင်းကောင်းစွာစည်းရုံး သိမ်း သွင်း နိုင်ပါလိမ့်မယ်။ မိမိကိုအကျိုးတူပူးပေါင်းရန်လာရောက်ကမ်းလှမ်းခြင်းတွေကြုံရတတ်ပါတယ်။စည်းစိမ်း ချမ်းသာနှင့်

ဓနဥစ္စာတွေရရှိတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့မိမိကိုယ်တိုင်ကသံယောဇဉ်တွေကို ဖြတ်ချင် နေမိတတ်ပါတယ်အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ သဘောစိတ်ကူးမတူတာတွေများနေတတ်ပါတယ်။အကျိုးပေးဂဏန်း 3/4/0အထူးဟော ကံသင့်ပါတယ်။ယတြာ နွားနို့ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလမှာတော့ အလုပ်စီးပွားကံကောင်းနေတတ်ပါတယ်။ လုပ်သမျှစီးပွားရေးတွေက မိမိအမြင်ကျယ်လေ တိုးတတ်လေပါပဲ။ဒီကာလမှာ ပါးပါးနပ်နပ်တွေးတောလုပ်ကိုင်တတ်ဖို့လိုပါတယ်။ အိုင်တီနဲ့ဆက်နွယ်သောအလုပ် များ၊မီးနဲ့ချက်ပြုတ်ရသော အလုပ်များ၊ စက်ပြင်အလုပ်များအဆင်ပြေတတ်ပါတယ်။

မိတ်ဆွေကောင်းတွေနဲ့တိုင်ပင် လုပ်လေအဆင်ပြေလေပါပဲ။တပည့်တွေ၊ကျေးဇူးရှိဖူးသူတွေ လာရောက်ကန်တော့တာ ထောက်ပံ့တာမျိုးကြုံရ တတ်ပါတယ်။ရပ်ဝေးကချိတ်ဆက်ထားသောအလုပ်တွေက ပိုမိုအားကောင်းလာတတ်ပါတယ်။ အွန်လိုင်းအလုပ် များအဆင်ပြေတတ်ပါတယ်။

ကျန်းမာရေးကတော့ ဒီကာလ အညောင်းမိတာများပြီး ဝမ်းချုပ်တာ၊ဇက်ကြောတတ် တာတွေဖြစ်ရတတ်ပါတယ်။ရွှေနှင့်သတ္တုတူးဖော်ခြင်းများ အဆင်ပြေတိုးတတ်နိုင်ပါတယ်။ မိတ်ဆွေ ကောင်း တွေရဲ့အကူအညီရနိုင်သလို ဆရာသမားတွေဆီကအကြံကောင်းတွေရလာတတ်ပါတယ်။

အလုပ်သစ်၊ဆိုင် သစ် စီးပွား သစ်စတင်လို့ကောင်းပါတယ်။ စန်းအားနည်းနေချိန်မို့ အချစ်ရေးကိစ္စတွေမှာတော့ တတ်နိုင်သမျှကိုယ်က လျှော့ပါ။တစ်ယောက်တစ်ခွန်းစကားများရာကနေ အပြီးပြတ်သည်အထိဖြစ်သွားနိုင်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အနည်းငယ်အားနည်းပါတယ်။

အိမ်ထောင်ဘက်ကအလုပ်များပြီးဂရုမစိုက်နိုင်တာကို မိမိကခွင့်လွှတ် ပေးဖို့လိုပါ တယ်။အကျိုးပေးဂဏန်း 1/5/8အထူးဟော အလုပ်စီးပွားထင်ရှားစွာတိုးတတ်မည်။ယတြာ အသက်ကြီးသူများကိုလိုအပ်တဲ့အားဆေးလှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်ထဲမှာလုပ်သင့်တာတွေကိုပဲ ဦးစားပေးလုပ်ပါ။ မိမိစိတ်တိုင်းကျဘာမှလုပ်မရပါဘူး၊ မိမိကံအားနည်း နေချိန်မို့ မိမိအတွေးအခေါ်ကလဲ ချွတ်ချော်နေတတ်တာကိုတွေ့ရပါတယ်။အလုပ်တွေနဲ့ပတ်သက်ပြီး ထင်သ လို မဖြစ်နိုင်သေးဘူး။ တတ်နိုင်သမျှအလုပ်အတွက် ရင်းနှီးမြုပ်နှံမှုတွေမလုပ်နဲ့အုံး။

အိမ်တွင်းရေးကိစ္စ၊အမွေ ကိစ္စတွေ မှာတော့ မိမိကဦးဆောင်ပြီးတော့ မဆောင်ရွက်ပါနဲ့။ကျန်းမာရေးကောင်းနေနိုင်ပါတယ်။ကျန်းမာရေးအတွက် စိတ်ပူ ဖို့သိပ်မလိုသေးတဲ့ကာလပါပဲ။စကားအပြောအဆိုတော့ထိန်းပါ။

စကားနဲ့ပတ်သက်ပြီး နှုတ်ကျွံတော့နှုတ်မရဆိုတာ မျိုးတွေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်သောခရီးတွေရက် ရွှေ့ပြီးမှအဆင်ပြေရတတ်ပါတယ်။မိမိရဲ့ အကြွေး ဟောင်းတွေပြန်ဆပ်နိုင်ပါလိမ့်မယ်။ စက်ကားဝယ်ယူမယ်ဆိုအနာအဆာပါလာတတ်ပါတယ်။

သတိနဲ့ယှဉ် ပါ။ အောက်လက်ငယ်သားတွေကို ငွေကြေးနဲ့ပတ်သက်ပြီး ခိုင်းစေခြင်းကို သတိရှိပါ။မိမိပိုင်ကားတွေ၊ ဆိုင်ကယ် တွေသူများကို ရင်းနှီးတယ်ဆိုပြီးမငှားလိုက်ပါနဲ့။အချစ်ရေးကိစ္စတွေမှာတော့ သင့်တော်ရုံကောင်းပါတယ်။ချစ်သူ အခက်အခဲတွေ ရှိရင်တော့ မိမိကကူညီပေးလိုက်ပါ။အိမ်ထောင်ရေးမှာတော့

အနည်းငယ်စိတ်တိုင်းမကျစရာတွေ ဖြစ်ရတတ်ပါ တယ်။အိမ်ထောင်ဘက်က အရာရာပျင်းရိနေလို့ မိမိအတွက်စိတ်ညစ်ရတတ်ပါတယ်အကျိုးပေးဂဏန်း 2/5/6 အထူးဟော စိတ်နဲ့လူနဲ့မကပ်ဖြစ်ရမည်။ယတြာ မိမိပတ်ဝန်းကျင်းကသူတွေကို အိတ်ဆောင်တရားစာအုပ်လေးတွေလှူလိုက်ပါ။

ကြာသပတေး

စိတ်ကူးကောင်း အယူအဆကောင်းတွေရှိပေမဲ့ လက်တွေ့အကောင်အထည်ဖော်လို့မရနိုင်သေးပါဘူး။ မိသားစုအရေး၊လူမှုရေးတွေမှာ တာဝန်တွေပိနေတတ်ပါတယ်။မိမိစီးပွားအတွက် ကောင်းကောင်းလုပ်ဖို့အချိန်မရ တဲ့ကာလပါပဲ။ အောက်ခြေလူတန်းစားတွေအတွက်

တတ်နိုင်သ၍အကူအညီတွေပေးခွင့်ရလာတတ်ပါတယ်။ငွေက အဝင်များ အထွက်များဖြစ်နေတတ်ပါတယ်။ ကြွေးမြီးကိစ္စတွေတက်နိုင်သလောက်ရှောင်ပါ။မလိုအပ်ဘဲ အဖိုးတန် ပစ္စည်းများမဝယ်သင့်တဲ့ကာလပါ။မထင်မှတ်ဘဲခရီးတိုတွေ သွားနေရတတ်ပါတယ်။ စုတ်ကိစ္စမရှုပ်ပါနဲ့။

ဒီကာလမှာ ပြဿနာဖြစ်ရတတ်လို့ပါပဲ။သတင်းအလုပ်၊ကိုယ်စားလှယ် အလုပ်များနှင့် အကျိုးဆောင်အလုပ်များ အခွင့်အလမ်း သစ်တွေရလာတတ်ပါတယ်။စပ်တူကိစ္စအဆင်မပြေဖြစ်ရ တတ်ပါတယ်။ ရှေ့တိုးရခက်၊နောက်ဆုတ်ရခက် အနေ အထားမျိုးဖြစ်နေတတ်ပါတယ်။

ကျန်းမာရေးအညံ့များနေတာကိုသိသင့်ပါတယ်။တစ်ခုခုအနေအထိုင်အစား အသောက် မဆင်ခြင်တာနဲ့ ရောဂါဝင်လာနိုင်မဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ အဆိုးမရှိပါ။ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေမဲ့ကာလတွေပါပဲ။ အချစ်ရေးကတော့ ကိုယ့်ထက်ငယ်သူနဲ့

ချစ်ကြိုက်နေသူဆို အနည်းငယ်စိတ်ညစ်ရတတ်ပါ တယ်။အသွားအလာကန့်သတ်ထားပေမဲ့ ဟိုလိုက်ပို့ခိုင်း ဒီလိုက်ပို့ခိုင်းလုပ်နေပါလိမ့်မယ်။အကျိုးပေးဂဏန်း 0/3/6 အထူးဟော စိတ်ညစ်စရာတွေများနေတတ်ပါတယ်။ယတြာ ဘုရားရှင်အားအလင်းတိုင်၃တိုင်ကပ်လှူပြီး သမ္ဗုဒ္ဓေဂါထာတော်ကိုသက်စေ့ရွတ်ပွားပါ။

သောကြာ

ကံကြမ္မာကအလင်းရောင်ပေးမဲ့ကာလပါပဲ။ မိမိက အခွင့်အရေးတွေရလာရင်အသုံးချတတ်ဖို့ပဲလိုပါတယ်။ မိမိလိုချင်နေတဲ့ အလှအပလက်ဆောင်တွေရလာတတ်ပါတယ်။

ငွေကံကောင်းပေမဲ့ ပေးရကမ်းရကိစ္စလေးတွေလဲ ရှိနေတတ်ပါတယ်။ မိမိကျွမ်းကျင်ရာ လိမ္မာရာကိစ္စတွေမှာ အားကုန်ထည့်ပြီးဆောင်ရွက်လိုက်ပါ။အိမ်ထောင် ပရိဘောဂဝယ်ချင်တယ်ဆိုရင် ဒီကာလဝယ်ပါ။ခရမ်းရောင် ဝတ်ဆင်ထားတဲ့မိတ်ဆွေတစ်ဦးအိမ်လာလည်ရင်တော့ ကံကောင်းတတ်တာမို့ ထီကံစမ်းလိုက်ပါ။

စပ်တူအလုပ်များကောင်းစွာလည်ပတ်နိုင်ပါလိမ့်မယ်။ ငွေကြေးရပိုင်ခွင့် တွေကြန့်ကြာနေတာမျိုးရှိရင်ရလာတတ်ပါတယ်။အလှူအတန်းကိစ္စလေးတွေကြုံလာတတ်ပါတယ်။ ရောင်းချင်၊ ဝယ်ချင်တာ တွေရှိနေရင်တော့ မြန်မြန်ဝယ်၊မြန်မြန်ရောင်းတာအကောင်းဆုံးပါပဲ။

ကုန် ပစ္စည်းအသစ်များကို စတင် ဖြန့်ချီခြင်းတွေ၊ အွန်လိုင်းကနေကြေငြာခြင်းတွေစတင်သင့်တဲ့ကာလပါပဲ။အလှူအတန်း အလုပ်များ၊ဘာသာရေး အလုပ် များလုပ်ခွင့်ကြုံရတတ်ပါတတ်ပါတယ်။သားသမီးနဲ့ပက်သက်ပြီးစိတ်ချမ်းမြေ့ရတတ် ပါတယ်။တန်ဖိုးရှိတဲ့ လက်ဆောင်တွေရလာတတ်ပါတယ်။ အချစ်ရေးကိစ္စ

တွေမှာ ထင်သလောက်အဆင်မပြေနိုင်သေးပါ။ ချစ်သူနဲ့ စကားများပြဿနာတတ်ရတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေး၊စီးပွားရေး အားနည်းမှုတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။အကျိုးပေးဂဏန်း 1/4/7အထူးဟော ကံမြင့်မားနေမည်။ယတြာ အိမ်ရှေ့လာသောအလှူခံတွေမှာ တတ်နိုင်သလောက်လှူဒါန်းထည့်ဝင်လိုက်ပါ။

စနေ

အကောင်းများတဲ့ကာလပါပဲ။ ကျန်းမာရေးအတွက် စိတ်ရှုပ်စရာလေးတွေရှိနေတတ်ပါတယ်။ ငွေကံပွင့်နေတာတော့တွေ့ရပါတယ်။ကုန်ကြွေးတွေ၊လုပ်အားခအကြွေးတွေရှိရင်ရလာ တတ်ပါတယ်။စိတ်ထဲ တစ်ခုခု ကြံစည်လုပ်ကိုင်ချင်တာမျိုးပေါ်လာရင် ထလုပ်ကြည့်ပါ။

အောင်မြင်တတ်ပါတယ်။ စန်းအားကောင်းနေနိုင် ပါတယ်။ ချစ်သူသစ်ရတတ်ပါတယ်။ လူသိမခံတဲ့ တိတ်တိတ်ပုန်း အချစ်ရေးမျိုးကြုံလာရတတ်ပါတယ်။အိမ်ထောင် ရေးကိစ္စတွေမှာ အိမ်ထောင်ဘက်က အဝေးသွားတာ၊ အလုပ်ကိစ္စနဲ့ခရီးသွားတာမျိုးကြုံရတတ်ပါတယ်။

လိင်မတူ သူတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ကျန်းမာရေးအတွက်ရလဒ်ကောင်းတွေရလာတတ်ပါတယ်။အနာ ရောဂါ တွေရှိရင် ပျောက်ကင်းသွားတတ်ပါတယ်။ ချောပို့အလုပ်များ အော်ဒါများများရလိမ့်မယ်။

ဝန်ထမ်းများ ရာထူးတတ်၊လစားတိုးခြင်းတွေအထူးကြုံရတတ်ပါတယ် ။ သူတစ်ပါးရဲ့အပြစ်အနာအဆာတွေကိုခွင့်လွှတ်ပေးနေမိ တတ်ပါတယ်။မိမိစိတ်ထဲ စိတ်ကောင်းဝင်နေတတ်ပါ တယ်။ ပျော်စရာတွေများများကြုံရလိမ့်မယ်။ ဆရာဟောင်း တွေနဲ့ပြန်လည်ဆုံဆည်းခွင့်ရလာတတ်ပါတယ်။

ဖခင် အတွက်စိတ်ပူပန်ရတတ်ပါတယ်။ လုပ်ငန်းနေရာအပြောင်း အရွှေ့တွေ မထင်မှတ်ဘဲ ကြုံရမည်။အကျိုးပေးဂဏန်း 1/5/9 အထူးဟော စိတ်ကြည်နူးချမ်းမြေ့ရတတ်ပါတယ်။

ယတြာ ရှေ့ဟောင်းဘုရားတစ်ဆူဆူတွင် အဓိဋ္ဌာန်ပုတီးစိပ်ခြင်းတွေစတင်လိုက်ပါ။၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695//09 44 5555 695

credit original writer