Knowledge

မိမိတန်ဖိုးကို ကိုယ်တိုင်ဘဲမြင့်လိုက်ပါ သမီးတို့ရေ

မိန်းကလေးတိုင်းဖတ်ဖို့

မိန်းကလေးဆိုတာ ပန်းလေးတစ်ပွင့်လိုပဲရနံ့မွှေးသည်ဖြစ်စေ၊ရနံ့မရှိသည်ဖြစ်စေလှပတင့်တယ်သည့်ပန်းအနားမှာပျားပိတုန်း တို့ပျံဝဲနေတက်တာ သဘာဝပါပဲများပြားလှတဲ့ ပျားပိတုန်း တွေကြားကရွေးချယ်မမှား မိဖို့တော့လိုလိမ့်မယ် အချစ်ကိုယုံလို့ ဘဝတစ်ခုလုံးကို ပုံအပ်ဖို့မတွေးလိုက်ပါနဲ့

ကျားဆိုတာ သက်သက်လွတ်မစားဘူးဆိုတာတော့သိမှာပါနော် ကိုယ့်ကိုကိုယ် မှတန်ဖိုးမထားရင်ဘယ်သူကမှ တန်ဖိုးထားနေမှာမဟုတ်ဘူးလူတိုင်းပါးစပ်ဖျားမှာချစ်တယ်ဆိုတာ အလွယ်ပြောလို့ရချင်ရလိမ့်မယ်အဲ့ဒီအချစ်တစ်ခုတည်မြဲဖို့ဆိုတာဘယ်လိုမှမလွယ်ကူနိုင်ဘူး

မိန်းကလေးဖြစ်တဲ့ ကျမတို့တွေကရွေးချယ်မမှား မိဖို့အရေးကြီးပါတယ်အလွယ်ရတဲ့ အရာမှန်သမျှကို ဘယ်သူမှတန်ဖိုးမထားတက်ကြဘူးလေနောက်ဆုံး တကယ်မချစ်မနှစ်သက်လို့၊သဘောထားမတိုက်ဆိုင်တော့လို့လမ်းခွဲကြတဲ့အခါကိုယ့်ဘက်က လိပ်ပြာသန့်ဖို့လိုပါတယ်

ကိုယ့်ဘက်က သိက္ခာမဲ့နေရင်ဘယ်သူက တန်ဖိုးထားတော့မလဲ သိက္ခာရှိရှိနဲ့ မိန်းမမာနကိုလက်ကိုင်ထားပါဒါဟာ မာနကြီးတာမဟုတ်ဘူးမိန်းကလေးတစ်ယောက် မှာရှိသင့်တဲ့ကိုယ်ကျင့်တရားကိုစောင့်ထိန်းခြင်းပဲမိန်းကလေးတိုင်း ကိုယ့်ရဲ့အရှက်နဲ့သိက္ခာအတွက်ကိုယ့်ကိုကိုယ် တန်ဖိုးရှိစွာ နေထိုင်တက်ပါစေ

Creditပြန်လည်မျှဝေသည်

Zawgyi





