Knowledge

ရည်းစားမထားသေးဘူးလားမေးရင်….

ရည်းစားမထားသေးဘူးလားမေးရင်

ငါတစ်စုံတစ်ယောက်ကိုစောင့်နေတာ လို့ပဲ ပြန်ဖြေမယ်။ ထွက်သွားတဲ့တစ်စုံတစ်ယောက်မဟုတ်ဘူး… ဘဝထဲကို ဝင်လာမဲ့ တစ်စုံတစ်ယောက်။ မျှော်လင့်ချက်နဲ့အသက်ဆက်နေရတာမို့ ဒါဟာ..စိတ်ကူးအိမ်မက်သတ်သတ်ပဲ ဖြစ်ချင်ဖြစ်မယ်တစ်ချိန်မှာရောက်လာလိမ့်မယ်လို့

မျှော်လင့်ရတဲ့သူပဲရောက်လာဖို့ သေချာမယ်လို့မျှော်လင့်မိပါတယ်..။ လပိုင်းကနေ..သုံးလေးငါးနှစ်အထိလည်း ကြာသွားနိုင်တယ်။ ရောက်မလာတော့တာလည်းဖြစ်နိုင်တယ်…။ အဲ့ကျလည်း ဒီဘဝမှာ တောင်းဆုတစ်ခုမပြည့်ခဲ့ဘူးလို့ပဲ ဝမ်းနည်းမိရုံအပြင် မရှိပါဘူးကိုယ့်ကိုချစ်တယ်ဆိုတာ

မေးစရာမလိုရလောက်အောင်သေချာတဲ့သူ တစ်လောကလုံးနဲ့တစ်ယောက်ယှဉ်လာရင်တောင်.. ကိုယ့်ဘက်မှာ ရှိနေမှာသေချာတဲ့သူ..။ ကိုယ့်ရဲ့အရာအားလုံးကိုနားလည်ပေးပြီးcomplete ဖြစ်အောင် လုပ်ပေးနိုင်တဲ့သူ။ အဲ့လိုလူတစ်ယောက်ကိုရတဲ့အခါသူအတွက်လည်း အဲ့လိုလူပြန်ဖြစ်ပေးမှာအသေအချာပဲ

နွေးထွေးပြီး.. ကြင်နာတတ်တဲ့သူနားမှာနေရတဲ့အခါ.. အရာအားလုံးဟာ ပေါ့ပေါ့ပါးပါးပဲ..။သိမ်ငယ်စရာတွေမရှိဘူး…တွေဝေစရာတွေ မရှိဘူး…။ အချစ်တွေဟာ.. တည်ဆောက်ဖို့လွယ်သလောက် ပြိုလဲဖို့လည်းလွယ်တတ်ကြောင်း

သိသင့်သလောက်သိခဲ့ပြီးပြီ..။ ဒဏ်ရာတွေလည်းလုံလောက်နေပြီ..။ လူတွေအကြောင်းလည်း ကိုယ်သိသင့်တာထက် ပိုသိပြီးပြီ..။ ထိခိုက်ရှနာတွေများနေပြီမို့ မသေချာတဲ့ချစ်ခြင်းမေတ္တာတွေ တတ်နိုင်သလောက်ဝေးအောင်ရှောင်တတ်လာပြီ။

တစ်ပွင့်တည်းလည်းလှမဲ့.. ပန်းတစ်ပွင့်ဖြစ်အောင် ကိုယ့်စိတ်ကို Handle ဖြစ်အောင် ၊ mental strong ဖြစ်တဲ့အထိလည်း ကိုယ့်ကိုကိုယ် Build လုပ်နိုင်နေပြီမို့တန်ဖိုးထားရမဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ရင်..ကိုယ့်ဘဝအတွက် မလိုအပ်တော့ဘူး။

ဂုဏ်တွေ ၊ငွေတွေ ၊ပကာသနတွေနဲ့ ပြည့်စုံနေဖို့ထက်ကိုယ့်ကိုပိုင်ဆိုင်ရတာကို တန်ဖိုးထားတဲ့သူ… ကိုယ့်အနားမှာနေခွင့်ရဖို့ အမြဲလိုလားနေတဲ့သူ ဘယ်သူနဲ့ ယှဉ်ယှဉ်ဆိုတဲ့ အတွေးတွေးစရာမလိုလောက်အောင် ဘယ်သူနဲ့မှ ယှဉ်မှာမဟုတ်တဲ့သူမျို

ကိုယ်ပေးသလောက်ပြန်ပေးရင်တော်ပြီ…။ အစစအရာရာမှာ ကိုယ်တွေးသလိုလိုက်တွေးနိုင်ရင်တော်ပြီ..။ ကလေးဆန်တဲ့ Relationship တွေကို အလိုမရှိဘူး.. ကြုံတွေလာရတဲ့ပြသာနာတွေကိုအတူတူရင်မဆိုင်ရပဲ နှစ်ယောက်ကြားက

ပြသာနာနဲ့စိတ်ပင်ပန်းနေရတဲ့ Relationshipတွေလည်း မလိုချင်တော့ဘူ။ လွယ်လွယ်နဲ့လည်းမတည်ဆောက်ဘူးအပြိုကွဲလည်းမခံနိုင်ဘူမတွေ့ရသေးလောက်တဲ့.. ကိုယ့်ရဲ့ favourite person လေးရေ နေ့ရက်တိုင်းမှာ အားတင်းထားနော်။မင်းဆီကို ကိုယ်ရောက်တဲ့တစ်နေ့

ငါတို့ရင်ခွင်ဟာ ဘယ်တော့မှ နောက်တစ်ခါနာကျင်ရမှာမဟုတ်တော့ဘူး..။ အချိန်တစ်ခုတော့လိုဦးမယ်ထင်တယ်တစ်နှစ် ၊နှစ်နှစ် ၊လေး ၊ငါးနှစ်…။ လိုချင်သလောက်မှမရရင် ဘာမှမယူမဲ့သူမို့..။ လိုချင်တဲ့သူမတွေ့တဲ့အခါလည်းကိုယ်ဟာ အချစ်တွေကို ရင်ထဲမှာပဲသိမ်းထားမိမယ်ထင်တယ်

ဒါတွေပြောဖို့က စောပါသေးတယ်…။ အချိန်တွေလိုပါသေးတယ်လို့ကိုယ့်မသိစိတ်က သိနေတယ်။တွေ့တော့တွေ့ရမယ်ထင်တယ်..။ အရာအားလုံးကို တန်ဖိုးရှိအောင် သိမ်းထားမယ်ချစ်လှစွာသော မင်းကိုပဲအကုန်ပေးမယ။ တစ်နေ့တွေ့ကြမယ်အဲ့အချိန်ကျ မင်းရဲ့နေ့ရက်တွေစိမ်းလန်းဖို့ ကိုယ့်ရဲ့ရင်ခွင်တွေ လုံခြုံဖို့အခုချိန်မှာ အကောင်းဆုံးကြိုးစားထားကြမယ်။

Nayvel

Credit

Zawgyi

ရည္းစားမထားေသးဘူးလားေမးရင္

ငါတစ္စုံတစ္ေယာက္ကိုေစာင့္ေနတာ လို႔ပဲ ျပန္ေျဖမယ္။ ထြက္သြားတဲ့တစ္စုံတစ္ေယာက္မဟုတ္ဘူး… ဘဝထဲကို ဝင္လာမဲ့ တစ္စုံတစ္ေယာက္။ ေမၽွာ္လင့္ခ်က္နဲ႔အသက္ဆက္ေနရတာမို႔ ဒါဟာ..စိတ္ကူးအိမ္မက္သတ္သတ္ပဲ ျဖစ္ခ်င္ျဖစ္မယ္တစ္ခ်ိန္မွာေရာက္လာလိမ့္မယ္လို႔

ေမၽွာ္လင့္ရတဲ့သူပဲေရာက္လာဖို႔ ေသခ်ာမယ္လို႔ေမၽွာ္လင့္မိပါတယ္..။ လပိုင္းကေန..သုံးေလးငါးႏွစ္အထိလည္း ၾကာသြားနိုင္တယ္။ ေရာက္မလာေတာ့တာလည္းျဖစ္နိုင္တယ္…။ အဲ့က်လည္း ဒီဘဝမွာ ေတာင္းဆုတစ္ခုမျပည့္ခဲ့ဘူးလို႔ပဲ ဝမ္းနည္းမိ႐ုံအျပင္ မရွိပါဘူးကိုယ့္ကိုခ်စ္တယ္ဆိုတာ

ေမးစရာမလိုရေလာက္ေအာင္ေသခ်ာတဲ့သူ တစ္ေလာကလုံးနဲ႔တစ္ေယာက္ယွဥ္လာရင္ေတာင္.. ကိုယ့္ဘက္မွာ ရွိေနမွာေသခ်ာတဲ့သူ..။ ကိုယ့္ရဲ့အရာအားလုံးကိုနားလည္ေပးၿပီးcomplete ျဖစ္ေအာင္ လုပ္ေပးနိုင္တဲ့သူ။ အဲ့လိုလူတစ္ေယာက္ကိုရတဲ့အခါသူအတြက္လည္း အဲ့လိုလူျပန္ျဖစ္ေပးမွာအေသအခ်ာပဲ

ေႏြးေထြးၿပီး.. ၾကင္နာတတ္တဲ့သူနားမွာေနရတဲ့အခါ.. အရာအားလုံးဟာ ေပါ့ေပါ့ပါးပါးပဲ..။သိမ္ငယ္စရာေတြမရွိဘူး…ေတြေဝစရာေတြ မရွိဘူး…။ အခ်စ္ေတြဟာ.. တည္ေဆာက္ဖို႔လြယ္သေလာက္ ၿပိဳလဲဖို႔လည္းလြယ္တတ္ေၾကာင္း

သိသင့္သေလာက္သိခဲ့ၿပီးၿပီ..။ ဒဏ္ရာေတြလည္းလုံေလာက္ေနၿပီ..။ လူေတြအေၾကာင္းလည္း ကိုယ္သိသင့္တာထက္ ပိုသိၿပီးၿပီ..။ ထိခိုက္ရွနာေတြမ်ားေနၿပီမို႔ မေသခ်ာတဲ့ခ်စ္ျခင္းေမတၱာေတြ တတ္နိုင္သေလာက္ေဝးေအာင္ေရွာင္တတ္လာၿပီ။

တစ္ပြင့္တည္းလည္းလွမဲ့.. ပန္းတစ္ပြင့္ျဖစ္ေအာင္ ကိုယ့္စိတ္ကို Handle ျဖစ္ေအာင္ ၊ mental strong ျဖစ္တဲ့အထိလည္း ကိုယ့္ကိုကိုယ္ Build လုပ္နိုင္ေနၿပီမို႔တန္ဖိုးထားရမဲ့ ခ်စ္ျခင္းေမတၱာ မဟုတ္ရင္..ကိုယ့္ဘဝအတြက္ မလိုအပ္ေတာ့ဘူး။

ဂုဏ္ေတြ ၊ေငြေတြ ၊ပကာသနေတြနဲ႔ ျပည့္စုံေနဖို႔ထက္ကိုယ့္ကိုပိုင္ဆိုင္ရတာကို တန္ဖိုးထားတဲ့သူ… ကိုယ့္အနားမွာေနခြင့္ရဖို႔ အျမဲလိုလားေနတဲ့သူ ဘယ္သူနဲ႔ ယွဥ္ယွဥ္ဆိုတဲ့ အေတြးေတြးစရာမလိုေလာက္ေအာင္ ဘယ္သူနဲ႔မွ ယွဥ္မွာမဟုတ္တဲ့သူမ်ိဳ

ကိုယ္ေပးသေလာက္ျပန္ေပးရင္ေတာ္ၿပီ…။ အစစအရာရာမွာ ကိုယ္ေတြးသလိုလိုက္ေတြးနိုင္ရင္ေတာ္ၿပီ..။ ကေလးဆန္တဲ့ Relationship ေတြကို အလိုမရွိဘူး.. ၾကဳံေတြလာရတဲ့ျပသာနာေတြကိုအတူတူရင္မဆိုင္ရပဲ ႏွစ္ေယာက္ၾကားက

ျပသာနာနဲ႔စိတ္ပင္ပန္းေနရတဲ့ Relationshipေတြလည္း မလိုခ်င္ေတာ့ဘူ။ လြယ္လြယ္နဲ႔လည္းမတည္ေဆာက္ဘူးအၿပိဳကြဲလည္းမခံနိုင္ဘူမေတြ႕ရေသးေလာက္တဲ့.. ကိုယ့္ရဲ့ favourite person ေလးေရ ေန႔ရက္တိုင္းမွာ အားတင္းထားေနာ္။မင္းဆီကို ကိုယ္ေရာက္တဲ့တစ္ေန႔

ငါတို႔ရင္ခြင္ဟာ ဘယ္ေတာ့မွ ေနာက္တစ္ခါနာက်င္ရမွာမဟုတ္ေတာ့ဘူး..။ အခ်ိန္တစ္ခုေတာ့လိုဦးမယ္ထင္တယ္တစ္ႏွစ္ ၊ႏွစ္ႏွစ္ ၊ေလး ၊ငါးႏွစ္…။ လိုခ်င္သေလာက္မွမရရင္ ဘာမွမယူမဲ့သူမို႔..။ လိုခ်င္တဲ့သူမေတြ႕တဲ့အခါလည္းကိုယ္ဟာ အခ်စ္ေတြကို ရင္ထဲမွာပဲသိမ္းထားမိမယ္ထင္တယ္

ဒါေတြေျပာဖို႔က ေစာပါေသးတယ္…။ အခ်ိန္ေတြလိုပါေသးတယ္လို႔ကိုယ့္မသိစိတ္က သိေနတယ္။ေတြ႕ေတာ့ေတြ႕ရမယ္ထင္တယ္..။ အရာအားလုံးကို တန္ဖိုးရွိေအာင္ သိမ္းထားမယ္ခ်စ္လွစြာေသာ မင္းကိုပဲအကုန္ေပးမယ။ တစ္ေန႔ေတြ႕ၾကမယ္အဲ့အခ်ိန္က် မင္းရဲ့ေန႔ရက္ေတြစိမ္းလန္းဖို႔ ကိုယ့္ရဲ့ရင္ခြင္ေတြ လုံျခဳံဖို႔အခုခ်ိန္မွာ အေကာင္းဆုံးႀကိဳးစားထားၾကမယ္။

Nayvel

Credit