Knowledge

ကျောင်းတုန်းက တွဲခဲ့တဲ့ စုံတွဲတွေ မမြဲရတဲ့ အကြောင်း အရင်း(၅) ချက်

ကျောင်းတုန်းကတွဲခဲ့တဲ့ စုံတွဲတွေမမြဲရတဲ့ အကြောင်းအရင်း(၅)ချကျအများစုကတော့ ကျောင်းမှာတုန်းက တွဲခဲ့တဲ့လူတွေနဲ့ မမြဲခဲ့ကြပါဘူး။

ကျောင်းမှာကတည်းက တွဲခဲ့တဲ့ စုံတွဲတွေကို တွေ့ရင် ကံကောင်းတယ်လို့ ထင်တတ်ကြပါတယ်။

သူတို့နှစ်ဦးသားဆက်ဆံရေးဟာ တော်တော်ခိုင်မြဲနေပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ကျောင်းမှာတုန်းက တွဲခဲ့တဲ့လူတွေနဲ့ မမြဲခဲ့ကြပါဘူး။ကျောင်းမှာတုန်းက တွေ့ခဲ့တဲ့ အချစ်ဦးတွေနဲ့ ရေရှည်လက်မတွဲနိုင်ခဲ့ကြပါဘူး။ ဒီလို ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေ ရှိပါတယ်နော်။

(၁) အလေးထားခြင်းတစ်စုံတစ်ယောက်ကို ကြိုက်တယ်ဆိုတာ ကြိုက်တယ်ဆိုရုံ သက်သက်ပဲလို့ နားလည်ခဲ့လို့ပါ။အချိန်တွေ၊ နားလည်မှုတွေပေးပြီး နှစ်ဦးသားဆက်ဆံရေးကို တည်ဆောက်ရမှန်းမသိတာ၊ တည်ဆောက်ချင်စိတ်မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ဒါကြောင့် လပိုင်းပဲ ခံတဲ့ စုံတွဲတွေ၊ နွေရာသီကျောင်းပိတ်ပြီး ပြန်တက်တော့ ပြတ်သွားတဲ့ စုံတွဲတွေတောင် ရှိတာပဲ ဖြစ်ပါတယ။

(၂) နောက်ဆုံးမဟုတ်ဘူးနှစ်ဆယ်ကျော်လာပြီး သုံးဆယ်နားကပ်လာတဲ့ အရွယ်တွေမှာ တစ်စုံတစ်ဦးနဲ့ လမ်းခွဲလိုက်ရတာဟာ နောက်ဆုံးလူကို လမ်းခွဲလိုက်ရသလိုပါပဲ။ဒီလူပြီးရင် နောက်တစ်ယောက်ဆိုတာ မလွယ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သိနေတာမျိုးပါ။

နောက်တစ်ယောက်နဲ့တွဲရင်တောင် ဒီလိုနားလည်မှုမျိုးရဖို့ အချိန်တွေ အများကြီး ပြန်ရင်းနှီးရမယ်ဆိုတာ သိနေတာပါ ။ကျောင်းမှာကတော့ ဒီလိုမဟုတ်ပါဘူး။ နောက်ဆုံးမဟုတ်ပဲ နောက်တစ်ယောက်ရှိလာဦးမယ်ဆိုတာကို လွယ်လွယ်ကူကူ လက်ခံထားတာပါ။

(၃) ရှင်းပြစရာမလိုတစ်ယောက်နဲ့ တစ်ယောက်ပြတ်ကြဖို့ အကြီးကြီးရှင်းပြစရာမလိုဘူးလို့ ထင်ခဲ့ကြပါတယ်။ ငါ့အိမ်က မကြိုက်လို့၊ စာမေးပွဲ အမှတ်ကောင်းချင်လို့ ဆိုတာလောက်နဲ့ ဇာတ်လမ်းက ပြတ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ပြတ်ကြတယ်ဆိုတာကို လွယ်လွယ်ကူကူပဲ လက်ခံခဲ့ကြပါတယ်။

(၄) သူငယ်ချင်းတစ်ယောက်နဲ့ တွဲတော့မယ်ဆိုရင် ကိုယ့်အချစ်ဆုံး သူငယ်ချင်းရဲ့ သဘောထားကို တောင်းခံတာပါ။ကိုယ့်သူငယ်ချင်းရော လက်ခံတဲ့လူဖြစ်ပါ့မလားလို့ စိုးရိမ်တတ်ပါတယ်။သူငယ်ချင်းတွေဟာ လက်တွဲဖော်ထက်တောင် ကိုယ့်အပေါ်လွှမ်းမိုးမှုရှိတဲ့ အချိန်တွေပါ။တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ပဲ ဖြစ်စေ သူငယ်ချင်းတွေကြောင့်လည်း ကျောင်းတုန်းက စုံတွဲတွေဟာ ရေရှည်မခံတတ်ကြတာပါ။

(၅) ဒုတိယလူမမြဲရတဲ့အကြောင်းအရင်းတွေထဲမှာ ဒါကတော့ ရှင်းပါတယ်။ နောက်တစ်ယောက် တွဲတာကြောင့်ပဲ ဖြစ်ပါတယ်။တစ်ကယ်တွဲတာလည်း ဖြစ်နိုင်သလို၊ သံသယ အကျိုးဆက်ကြောင့်လည်း ပြတ်ကြတာ ဖြစ်ပါတယ်။

ဒုတိယလူကို အသုံးချပြီး တစ်ယောက်ကို တစ်ယောက် နာကျင်အောင် လုပ်ကြပါတယ်။တစ်ကယ်ပြတ်လို့ရတဲ့ အချိန်မှာ ဒီနာကျင်မှုတွေကြောင့် လုံးဝလှည့်မကြည့်တော့ဘဲ ပြတ်သွားကြတာပဲ ဖြစ်ပါတယ်နော်

Credit

Zawgyi










Credit