Love

သင့်ဘဝလက်တွဲဖော်ကို ဒီလိုအကြောင်းအရာတွေနဲ့ ရွေးချယ်သင့်တယ်

ဘဝလက်တွဲဖော်ဆိုတာအပျော်ထားအပ်တဲ့ အရာမဟုတ်လို့ဖျော်ရည်အတူ သောက်နိုင်ရုံနဲ့လည်းမရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော်ဆိုတာယမကာ တစ်ပုလင်းမဟုတ်လို့ခဏတာ ယစ်မူးချင်ရုံအတွက်နဲ့လည်းမရွေးချယ်သင့်ဘူး။ဘဝလက်တွဲဖော်ဆိုတာခဏတာအတွက်မဟုတ်လို့တွေ့ကရာလူရှာမယ် စိတ်ကူးနဲ့လည်းမရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော်ဆိုတာအာပလာလူတစ်ယောက်မဖြစ်သင့်သလိုအချစ်သာ အဓိကဆိုတဲ့ စိတ်နဲ့လည်းမရွေးချယ်သင့်ဘူး။ဘဝလက်တွဲဖော်ဆိုတာပညာတတ် ဂုဏ်ကြီးကျယ်တဲ့ဘွဲ့လက်မှတ်ရှိရုံနဲ့လည်းမရွေးချယ်သင့်ဘူး

ဘဝလက်တွဲဖော်ဆိုတာဥစ္စာကြွယ်ဝ တိုက်တာကားများပိုင်ဆိုင်ရုံနဲ့လည်း မရွေးချယ်သင့်ဘူး။ဘဝလက်တွဲဖော်ဆိုတာကိုယ်တစ်ယောက်အတွက်သာသေဖော်ရှင်ဖက်ဖြစ်သူမရှိအတူ ရှိအတူနားလည်မှုပေးနိုင်သူသာရွေးချယ်ပါ။

ဘဝလက်တွဲဖော်ဆိုတာမိမိရဲ့ချို့ယွင်းချက်မှန်သမျှကိုသိသိကြီးနဲ့ လုံးဝနောက်ဆုတ်တွေဝေသွားခြင်း ဆိုတာမရှိဘူး …နောကဆုံးထွက်သက်ထိ မိမိရဲ့လက်ကိုရဲဝင့်စွာကိုင်ဆွဲပြီး ဖြစ်ပေါ်လာသမျှပြသနာပေါင်းစုံကို အတူတူဖြေရှင်းပေးမဲ့သူလေ

ဂရုစိုက်မှု့၊ ယုံကြည်ပေးမှု့တွေနဲ့ပေးဆပ်ပြီး ထာဝရချစ်နေမဲ့သူဟာမိမိရဲ့ဘဝလက်တွဲဖော် စစ်စစ်ပါပဲ။ဘဝလက်တွဲဖော်ဆိုတာကြုံသလိုရွေးချယ်လို့ရဘူးလေကိုယ့်ဘဝနဲ့ အံဝင်ခွင်ကျတဲ့သူ ဖြစ်ဖို့လိုတယ်

ဘဝဘက်တွဲဖော်ဆိုတာအရမ်းချမ်းသာဖို့မလိုဘူးကိုယ်နဲ့အတူ ချမ်းသာအောင်ကြိုးစားတဲ့သူ ဖြစ်ဖို့လိုသလိုဆင်းရဲတဲ့အခါလည်းကြံ့ကြံ့ခံရင်ဆိုင်ရဲတဲ့သူဖြစ်ဖို့လိုတယ်ဘဝလက်တွဲဖော်ဆိုတာ ပန်းချီကား တစ်ချပ်လိုပါပကိုယ်တိုင် ဖန်တီးနိုင်ဖို့ထက်ခံစားနားလည်ပေးတတ်ဖို့က ပိုအရေးကြီးပါတယ်

Credit

Zawgyi








Credit