Knowledge

ဓမ္မတာလာချိန်မှာ ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ

အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေသက်သာဖို့ ပြောင်းလဲသင့်တဲ့ စားသောက်မှုပုံစံ လေးတွေပြောပြပေးပါ့မယ်။

ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေခံစားရတတ်တဲ့ လက္ခဏာတွေကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ဓမ္မတာ လာတဲ့အမျိုးသမီးတွေရဲ့ ၉၀% တိုင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊

လေပွခြင်း၊ ဝမ်းချုပ်ခြင်း (ဒါမှမဟုတ်) ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်း၊ ဝက်ခြံပေါက်ခြင်း စတာတွေခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတချို့ကို အနာသက်သာဆေးတွေ

သောက်သုံးပြီးသက်သာအောင်လုပ်နိုင်ပါတယ်။ တိကျတဲ့သုတေသနတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပေမဲ့ အောက်ပါ အစားအစာတွေကလည်း ဓမ္မတာလက္ခဏာတွေကို သက်သာစေနိုင်တာ တွေ့ရှိရပါတယ်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံမှာ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် ဓမ္မတာလာချိန်ခံစားရတဲ့လက္ခဏာတွေကို သက်သာဖို့အကူအညီပေးနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က စပိန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသူတွေနဲ့ပြုလုပ်ခဲ့တဲ့ သုတေသနအရ

ဓမ္မတာလာချိန်မှာ အသီးအနှံတွေများများစားသုံးပေး ရင် နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ကို သိသိသာသာ လျော့ပါးစေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ မီးယပ်ရောဂါတစ်ခုခုခံစားနေရသူဆိုရင်တော့ အသီးအနှံတွေစားပေးရုံနဲ့ သက်သာမှာမဟုတ်ပါဘူး။

အိုမီဂါ-၃

အိုမီဂါ-၃ အဆီစားသုံးပေးရင် ကိုယ်တွင်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်လက်နာကျင်ကိုက်ခဲမှုတွေကို အတိုင်းအတာတစ်ခုထိ သက်သာစေမှာပါ။

အိုမီဂါ-၃ အဆီကို ဖြည့်စွက်စာအနေနဲ့ရော ဆော်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ သစ်ကြားသီး၊ ချီးယားစေ့၊ ပဲပိစပ်၊ ဒိန်ချဉ် လိုအစားအစာတွေစားသုံးရင်လည်းရနိုင်ပါတယ်။

သံဓာတ်

ဓမ္မတာလာတဲ့အခါ သွေးထွက်တဲ့အတွက်ကြောင့် ကိုယ်တွင်းသံဓာတ်လည်းလျော့နည်းလာပါတယ်။ ဒါက အချိန်အများစုမှာတော့ သိပ်ပြဿနာမရှိပေမဲ့ သွေးဆင်းများလာရင်တော့ သံဓာတ်အားနည်းတာ၊ သွေးအား နည်းတာတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဓမ္မတာလာချိန်မှာ သံဓာတ်ပြည့်ဝတဲ့

အစားအသောက်တွေ များများစားပေးဖို့ လိုအပ်ပါတယ်။ ကမာကောင်၊ အမဲသား၊ စီရီယယ်၊ တို့ဖူး၊ ပဲမျိုးစံ၊ ဟင်းနုနယ်ရွက်၊ ဆာဒင်းငါး၊ ချောကလက်အမဲ (dark chocolate) စတဲ့အစားအစာတွေမှာ သံဓာတ်ပြည့်ဝတဲ့အတွက် ဓမ္မတာလာချိန်မှာစား သုံးပေးသင့်ပါတယ်။

ကဲ စားရမှာလေးတွေ သိပြီဆိုတော့ ရှောင်ရမှာလေးတွေ ပြောပြမယ်နော်။ တကယ်တော့ ဓမ္မတာလက္ခဏာ တွေကို သက်သာစေတဲ့အစားအသောက်တွေရှိသလို ပိုဆိုးစေတဲ့ အစားအသောက်တွေလည်းရှိပါတယ်။ အခုပြောမယ့် အစားအသောက်တွေစားသုံးရင် ဓမ္မတာလာချိန်မှာ ရောင်ရမ်းခြင်း၊ လေပွခြင်းတွေကို ပိုဆိုးစေနိုင် ပါတယ်။ ဒါတွေကတော့

အထူးပြုပြင်ထုတ်လုပ်ထားတဲ့အစားအသောက်တွေ (ဥပမာ – ချိစ်၊ သရေစာအမျိုးမျိုးနဲ့ အသင့်စားအစားအသောက်တွေ)ဆိုဒီယမ် ဒါမှမဟုတ် သကြားပါဝင်မှုများတဲ့ အစားအသောက်တွေပါစတာ၊ ပေါင်မုန့်ဖြူ လို ဂျုံမှုန့်အချောသုံးပြီးလုပ်ထားတဲ့အစားအသောက်တွေစားရင်လေပွစေတဲ့အစားအသောက်တွေ (ဥပမာ – ပန်းဂေါ်ဖီ၊ ဘရပ်ဆဲပင်ပေါက်)စတဲ

အစားအသောက်တွေဖြစ်ပါတယ်အမျိုးသမီးအများစုက ဓမ္မတာလာတဲ့အချိန်မှာ အပေါ်ကဖော်ပြခဲ့တဲ့လက္ခဏာတွေအားလုံးဖြစ်စေ တချို့တဝက် ဖြစ်စေခံစားရတတ်ပါတယ်။ ဒါပေမဲ့ တစ်လနဲ့တစ်လဓမ္မလာတဲ့အချိန်မမှန်တာ၊ သွေးဆင်းတဲ့ပမာဏအရမ်းများ တာ၊ သွေးဆုံးပြီးမှ ဓမ္မတာပြန်လာတာ၊ ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှ

သွေးစလေးတွေဆင်းတာ၊ တစ်ပတ်ကျော်တဲ့အထိ ဓမ္မတာသွေးဆင်းနေတာ၊ ဓမ္မတာလာချိန်မှာ အနာသက်သာဆေးတွေသောက်ပေမဲ့ မခံမရပ်နိုင်အောင် ဆိုးဆိုးဝါးဝါးနာကျင်နေတာ တွေခံစားရရင်တော့ မီးယပ်အထူးကုဆရာဝန်တစ်ဦးဦးနဲ့ သွားရောက်ပြသဖို့ အကြံပြုရင်း နိဂုံးချုပ်ချင်ပါတယ်။ရေးသားသူ

Dr.Htoo Tint (Credit)

Zawgyi

အမ်ိဳးသမီးေတြ ဓမၼတာလာခ်ိန္မွာ ခံစားရတဲ့ေဝဒနာေတြသက္သာဖို႔ ေျပာင္းလဲသင့္တဲ့ စားေသာက္မႈပုံစံ ေလးေတြေျပာျပေပးပါ့မယ္။

ဓမၼတာလာခ်ိန္မွာ အမ်ိဳးသမီးေတြခံစားရတတ္တဲ့ လကၡဏာေတြကို အရင္ဆုံး ေျပာျပေပးခ်င္ပါတယ္။ ဓမၼတာ လာတဲ့အမ်ိဳးသမီးေတြရဲ့ ၉၀% တိုင္း ႂကြက္သားနာက်င္ကိုက္ခဲျခင္း၊ ေနာက္ေက်ာနာက်င္ျခင္း၊ ပင္ပန္းႏြမ္း နယ္ျခင္း၊ စိတ္အေျပာင္းအလဲျမန္ျခင္း၊

ေလပြျခင္း၊ ဝမ္းခ်ဳပ္ျခင္း (ဒါမွမဟုတ္) ဝမ္းေလၽွာျခင္း၊ ေခါင္းကိုက္ျခင္း၊ ရင္သားနာက်င္ကိုက္ခဲျခင္း၊ ဝက္ၿခံေပါက္ျခင္း စတာေတြခံစားရတတ္ပါတယ္။ ဒီလိုလကၡဏာတခ်ိဳ႕ကို အနာသက္သာေဆးေတြ

ေသာက္သုံးၿပီးသက္သာေအာင္လုပ္နိုင္ပါတယ္။ တိက်တဲ့သုေတသနေတြ ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္ေပမဲ့ ေအာက္ပါ အစားအစာေတြကလည္း ဓမၼတာလကၡဏာေတြကို သက္သာေစနိုင္တာ ေတြ႕ရွိရပါတယ္။

အသီးအႏွံ၊ ဟင္းသီးဟင္းရြက္မ်ား

အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္မ်ိဳးစုံမွာ အာဟာရဓာတ္ေတြ၊ အမၽွင္ဓာတ္ေတြ အမ်ားႀကီးပါဝင္ေနတာေၾကာင့္ ဓမၼတာလာခ်ိန္ခံစားရတဲ့လကၡဏာေတြကို သက္သာဖို႔အကူအညီေပးနိုင္ပါတယ္။ ၂၀၁၈ ခုႏွစ္က စပိန္နိုင္ငံမွာ တကၠသိုလ္ေက်ာင္းသူေတြနဲ႔ျပဳလုပ္ခဲ့တဲ့ သုေတသနအရ

ဓမၼတာလာခ်ိန္မွာ အသီးအႏွံေတြမ်ားမ်ားစားသုံးေပး ရင္ နာက်င္ကိုက္ခဲျခင္း၊ ႂကြက္သားနာက်င္ျခင္းတို႔ကို သိသိသာသာ ေလ်ာ့ပါးေစတာကို ေတြ႕ရွိခဲ့ရပါတယ္။ ဒါေပမဲ့ မီးယပ္ေရာဂါတစ္ခုခုခံစားေနရသူဆိုရင္ေတာ့ အသီးအႏွံေတြစားေပး႐ုံနဲ႔ သက္သာမွာမဟုတ္ပါဘူး။

အိုမီဂါ-၃

အိုမီဂါ-၃ အဆီစားသုံးေပးရင္ ကိုယ္တြင္းေရာင္ရမ္းမႈေတြကို သက္သာေစပါတယ္။ ဒါ့ေၾကာင့္ ဓမၼတာလာေနတဲ့ အမ်ိဳးသမီးေတြရဲ့ ကိုယ္လက္နာက်င္ကိုက္ခဲမႈေတြကို အတိုင္းအတာတစ္ခုထိ သက္သာေစမွာပါ။

အိုမီဂါ-၃ အဆီကို ျဖည့္စြက္စာအေနနဲ႔ေရာ ေဆာ္လ္မြန္ငါး၊ တူနာငါး၊ ဆာဒင္းငါး၊ သစ္ၾကားသီး၊ ခ်ီးယားေစ့၊ ပဲပိစပ္၊ ဒိန္ခ်ဥ္ လိုအစားအစာေတြစားသုံးရင္လည္းရနိုင္ပါတယ္။

သံဓာတ္

ဓမၼတာလာတဲ့အခါ ေသြးထြက္တဲ့အတြက္ေၾကာင့္ ကိုယ္တြင္းသံဓာတ္လည္းေလ်ာ့နည္းလာပါတယ္။ ဒါက အခ်ိန္အမ်ားစုမွာေတာ့ သိပ္ျပႆနာမရွိေပမဲ့ ေသြးဆင္းမ်ားလာရင္ေတာ့ သံဓာတ္အားနည္းတာ၊ ေသြးအား နည္းတာေတြ ခံစားရနိုင္ပါတယ္။ ဒါ့ေၾကာင့္ ဓမၼတာလာခ်ိန္မွာ သံဓာတ္ျပည့္ဝတဲ့

အစားအေသာက္ေတြ မ်ားမ်ားစားေပးဖို႔ လိုအပ္ပါတယ္။ ကမာေကာင္၊ အမဲသား၊ စီရီယယ္၊ တို႔ဖူး၊ ပဲမ်ိဳးစံ၊ ဟင္းႏုနယ္ရြက္၊ ဆာဒင္းငါး၊ ေခ်ာကလက္အမဲ (dark chocolate) စတဲ့အစားအစာေတြမွာ သံဓာတ္ျပည့္ဝတဲ့အတြက္ ဓမၼတာလာခ်ိန္မွာစား သုံးေပးသင့္ပါတယ္။

ကဲ စားရမွာေလးေတြ သိၿပီဆိုေတာ့ ေရွာင္ရမွာေလးေတြ ေျပာျပမယ္ေနာ္။ တကယ္ေတာ့ ဓမၼတာလကၡဏာ ေတြကို သက္သာေစတဲ့အစားအေသာက္ေတြရွိသလို ပိုဆိုးေစတဲ့ အစားအေသာက္ေတြလည္းရွိပါတယ္။ အခုေျပာမယ့္ အစားအေသာက္ေတြစားသုံးရင္ ဓမၼတာလာခ်ိန္မွာ ေရာင္ရမ္းျခင္း၊ ေလပြျခင္းေတြကို ပိုဆိုးေစနိုင္ ပါတယ္။ ဒါေတြကေတာ့

အထူးျပဳျပင္ထုတ္လုပ္ထားတဲ့အစားအေသာက္ေတြ (ဥပမာ – ခ်ိစ္၊ သေရစာအမ်ိဳးမ်ိဳးနဲ႔ အသင့္စားအစားအေသာက္ေတြ)

ဆိုဒီယမ္ ဒါမွမဟုတ္ သၾကားပါဝင္မႈမ်ားတဲ့ အစားအေသာက္ေတြ

ပါစတာ၊ ေပါင္မုန႔္ျဖဴ လို ဂ်ဳံမႈန႔္အေခ်ာသုံးၿပီးလုပ္ထားတဲ့အစားအေသာက္ေတြ

စားရင္ေလပြေစတဲ့အစားအေသာက္ေတြ (ဥပမာ – ပန္းေဂၚဖီ၊ ဘရပ္ဆဲပင္ေပါက္)

စတဲ့အစားအေသာက္ေတြျဖစ္ပါတယ္။

အမ်ိဳးသမီးအမ်ားစုက ဓမၼတာလာတဲ့အခ်ိန္မွာ အေပၚကေဖာ္ျပခဲ့တဲ့လကၡဏာေတြအားလုံးျဖစ္ေစ တခ်ိဳ႕တဝက္ ျဖစ္ေစခံစားရတတ္ပါတယ္။ ဒါေပမဲ့ တစ္လနဲ႔တစ္လဓမၼလာတဲ့အခ်ိန္မမွန္တာ၊ ေသြးဆင္းတဲ့ပမာဏအရမ္းမ်ား တာ၊ ေသြးဆုံးၿပီးမွ ဓမၼတာျပန္လာတာ၊ ဓမၼတာတစ္ႀကိမ္နဲ႔တစ္ႀကိမ္ၾကားမွ

ေသြးစေလးေတြဆင္းတာ၊ တစ္ပတ္ေက်ာ္တဲ့အထိ ဓမၼတာေသြးဆင္းေနတာ၊ ဓမၼတာလာခ်ိန္မွာ အနာသက္သာေဆးေတြေသာက္ေပမဲ့ မခံမရပ္နိုင္ေအာင္ ဆိုးဆိုးဝါးဝါးနာက်င္ေနတာ ေတြခံစားရရင္ေတာ့ မီးယပ္အထူးကုဆရာဝန္တစ္ဦးဦးနဲ႔ သြားေရာက္ျပသဖို႔ အႀကံျပဳရင္း နိဂုံးခ်ဳပ္ခ်င္ပါတယ္။ေရးသားသူ

Dr.Htoo Tint (Credit)