Knowledge

ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးသူ တစ်ယောက်မဖြစ်စေဖို့

ကိုယ့်အပေါ် ကြင်နာသူတွေကို ပြန်ဂရုစိုက်တတ်ဖို့အတွက်ကျွန်တော် ကြိုးစားရဦးမယ်။ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး နားလည်ပေးသူတွေကို ပြန်ပြီးနားလည်ပေးတတ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ ရှားပါးလာတဲ့ ခေတ်ကြီးမှာ အပေါ်ယံမဟုတ်တဲ့သူငယ်ချင်းအပေါင်းသင်းတွေကို တန်ဖိုးထားတတ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။အချစ်စစ် မဟုတ်တဲ့ အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ ဘဝပါယိုင်နဲ့မသွားအောင်တည်ငြိမ်နိုင်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့ကျွန်တော် ကြိုးစားရဦးမယ်။လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို လိုက်ပြီး ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့ နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့လူတစ်ယောက် ဖြစ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို အပြုံးနဲ့ကျော်လွှားနိုင်တဲ့

လူတစ်ယောက်ဖြစ်အောင် ကျွန်တော် ကြိုးစားရဦးမယ်။ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးသူ တစ်ယောက်မဖြစ်အောင် ကျွန်တော် ကြိုးစားရဦးမယ်။ကျွန်တော် ကြိုးစားရဦးမယ်။

Credit

Zawgyi

ကိုယ့္အေပၚ ၾကင္နာသူေတြကို ျပန္ဂ႐ုစိုက္တတ္ဖို႔အတြက္ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။ကိုယ့္အေပၚ ခြင့္လႊတ္သည္းခံၿပီး နားလည္ေပးသူေတြကို ျပန္ၿပီးနားလည္ေပးတတ္ဖို႔အတြက္ ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။

စစ္မွန္တဲ့ သူငယ္ခ်င္းေကာင္းေတြ ရွားပါးလာတဲ့ ေခတ္ႀကီးမွာ အေပၚယံမဟုတ္တဲ့သူငယ္ခ်င္းအေပါင္းသင္းေတြကို တန္ဖိုးထားတတ္ဖို႔အတြက္ ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။အခ်စ္စစ္ မဟုတ္တဲ့ အတုအေယာင္အခ်စ္မ်ိဳးေတြနဲ႔ေတြ႕တဲ့အခါ ဘဝပါယိုင္နဲ႔မသြားေအာင္တည္ၿငိမ္နိုင္ဖို႔အတြက္ ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။

ေငြမရွိလို႔ အႏွိမ္ခံရတဲ့ဘဝကေန လြတ္ေျမာက္ဖို႔အတြက္ ေခၽြတာသင့္တာေခၽြတာဖို႔ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။လူေတြရဲ့ ကဲ့ရဲ့မႈေတြ အျပစ္တင္ေဝဖန္မႈေတြကို လိုက္ၿပီး ဂ႐ုမစိုက္တတ္တဲ့လူတစ္ေယာက္ျဖစ္ဖို႔အတြက္ ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။

ဝမ္းနည္းမႈေတြ သိမ္ငယ္မႈေတြနဲ႔ နာက်င္စရာေတြကို ရင့္က်က္စြာျဖတ္ေက်ာ္နိုင္တဲ့လူတစ္ေယာက္ ျဖစ္ဖို႔အတြက္ ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။ေလာကဓံရဲ့ရိုက္ခတ္မႈဒဏ္ေတြကို အျပဳံးနဲ႔ေက်ာ္လႊားနိုင္တဲ့

လူတစ္ေယာက္ျဖစ္ေအာင္ ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။ဘဝကို လြယ္လြယ္နဲ႔ အရႈံးေပးသူ တစ္ေယာက္မျဖစ္ေအာင္ ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။ကၽြန္ေတာ္ ႀကိဳးစားရဦးမယ္။

Credit