Local News

အမေစုရဲ့ အိမ်အပြန်လမ်းကို ပန်းကိုင်ပြီးကြိုချင်ပေမယ့် ယခုချိန်မှာတော့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ကြိုးစားနေရတဲ့ ဘောလုံးသမား ဝင်းနိုင်စိုး

တစ်ချိန်က ရတနာပုံအသင်းရဲ့ တိုက်စစ်မှူးဖြစ်ပြီး ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ ဘောလုံးသမား ဝင်းနိုင်စိုးကတော့ အမှန်တရားဘက်ကနေရပ်တည်နေသူဖြစ်ပါတယ် အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့တဲ့

ဝင်းနိုင်စိုးကတော့ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကို ရောက်ရှိနေသူ ဖြစ်ပါတယ် ဝင်းနိုင်စိုးဟာ အမေစုရဲ့ အိမ်အပြန်လမ်းကို ပန်းကိုင်ပြီးကြိုချင်ပေမယ့် ယခုချိန်မှာတော့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ ကြိုးစားနေခဲ့ပါတယ်ယခုမှာတော့ ပြည်သူတစ်ဦးက အိမ်မက်တွေ၊အနာဂတ်တွေကို စွန့်လွှတ်ပြီး လက်နက်ကိုင်ကာ တိုက်ပွဲဝင်နေတဲ့ ဘောလုံးသမားဝင်းနိုင်စိုးကို ချီးကျူးစကားဆိုလိုက်ပါတယ် အဆိုပါပြည်သူကတော့ ခေတ်ပြောင်းတော်လှန်ရေးတွေမှာပါဝင်ခဲ့တဲ့

ကမ္ဘာကျော်ဘောလုံးသမားတွေလိုပဲ ဝင်းနိုင်စိုးဟာလည်း ပြည်သူနဲ့အတူ ရပ်တည်ခဲ့သူ ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးသွားလို့ မြန်မာ့ဘောလုံးအကြောင်း ပြောကြတဲ့အခါ ဝင်းနိုင်စိုးအကြောင်းတွေကို တခမ်းတနားပြောချင်ကြောင်း ​ဖွင့်ဟလာခဲ့ပါတယ်

ဘရာဇီးဂန္ထဝင် ဆိုကရေတီး၊ ဘူးဂေးရီးယားက စတွိုက်ကော့ဗ်၊ ရိုမေးနီးယားက ဂျော်ဂျီဟာဂီစတဲ့ နာမည်ကြီး ကစားသမားတွေလို ကမ္ဘာကြီးက သိချင်မှသိပေမယ့် ဝင်းနိုင်စိုးကတော့ ပြည်သူတွေအတွက် သူရဲကောင်းဖြစ်ကြောင်း ပြောပြထားခဲ့ပါတယ်တော်လှန်ရေးပြီးသွားလို့ ဝင်းနိုင်စိုးအကြောင်း ပြောတဲ့အခါ မြန်မာလိဂ်မှာ ဂိုးသွင်းအများဆုံးပြည်တွင်းကစားသမားဖြစ်ခဲ့တယ် ဆိုတာကို ထည့်ပြောရမှာဖြစ်ကြောင်း၊ ပြည်ပကစားသမားတွေသာ

စိုးမိုးထားတဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို နှစ်ကြိမ်ရခဲ့တယ်ဆိုတဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြောရမှာ ဖြစ်ကြောင်း အဆိုပါပြည်သူက ပြောဆိုထားခဲ့ပါတယ်

Source : Original Uploder

Credit

Zawgyi








Credit