Local News

လွတ်မြောက်နယ်မြေမှာ ရဲဘော်တွေလုပ်ပေးတဲ့ထမင်းလုံးကိတ်လေးနဲ့ မွေးနေ့ကိုဖြတ်သန်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းဟန်ထက်

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးစဉ်ကြီးဟာ ၈လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီးတော့ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်‌တွေဟာ အရာရာပေးဆပ်စွန့်လွှတ်ပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးကြီးမှာ အဓိကအခန်းကဏ္ဍကနေ ပါ၀င်နေကြတဲ့သူတွေကတော့ Gen Zလို့ခေါ်ကြတဲ့ ကျောင်းသားလူငယ်လေးတွေပဲဖြစ်ပါတယ်ကျောင်းသားလူငယ်လေးတွေဟာ နွေဦးတော်လှန်ရေးကြီးမှာ စွမ်းစွမ်းတမံပါ၀င်နေကြပြီးတက္ကသိုလ်တိုင်းရဲ့ ကျောင်းသားသမဂ္ဂတွေကလည်း တတ်နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ ပြည်သူလူထုကို လှုံ့ဆော်ကာပါ၀င်နေကြတာဖြစ်ပါတယ်။အခုလို သတ္တိအပြည့်နဲ့ပါ၀င်နေကြတဲ့ကျောင်းသားလူငယ်လေးတွေထဲမှာဆိုရင်ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်တဲ့ ကိုမင်းဟန်ထက်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။ကိုမင်းဟန်ထက်ဟာ လက်ရှိမှာဆိုရင်လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီးတော့ ဒီနေ့မှာတော့ သူ့ရဲ့မွေးနေ့ရက်လေးဖြစ်တယ်လို့သိရပါတယ်။

ကိုမင်းဟန်ထက်ဟာ ရဲဘော်တွေလုပ်ပေးကြတဲ့ ထမင်းလုံးကိတ်လေးတွေနဲ့ မွေးနေ့လေးကိုဖြတ်သန်းရင်း တော်လှန်ရေးကြီးအတွက် အားစိုက်ကြိုးစားနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

သတင်းအရင်းမြစ်: Min Han Htet’s Facebook acc

Credit

Zawgyi







Credit