Knowledge

ယောကျာ်းလေးတွေ ချစ်သူကိုအရမ်းချစ်ပေမယ့် လမ်းခွဲဖို့စဉ်းစားကြတဲ့အကြောင်းရင်း(၅)ချက်

ချစ်သူ စုံတွဲတွေဟာ မချစ်လို့ဆိုတာထက် ပြဿနာအကြောင်းအမျိုးမျိုးတွေကြောင့် လမ်းခွဲကြတာများပါတယ်။အသစ်တစ်ယောက်တွေ့သွားလို့လမ်းခွဲကြတာမျိုးရှိသလို၊ ချစ်ရက်နဲ့ နှစ်ဦးနှစ်ဖက်အဆင်မပြေလို့ လမ်းခွဲကြတာလည်းရှိပါတယ်။

ယောကျာ်းလေးဘက်ကအရမ်းချစ်ပေမယ့် သူ့ချစ်သူကောင်မလေးကို လက်တွဲဖြုတ်သွားတာမျိုးလည်းရှိပါတယ်။ အရမ်းချစ်ပေမယ့်သူကိုယ်တိုင်နာကျင်ဝမ်းနည်းမှုကိုခံစားပြီး လမ်းခွဲသွားတာ ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။

(၁) တာဝန်တစ်ခုထမ်းဆောင်နေရသလိုဖြစ်နေတာကြောင့်

ပျော်ချင်လို့ချစ်ကြတာတော့မဟုတ်ပေမယ့် ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူနဲ့တော့ ပျော်ချင်ကြတာ၊ ပျော်ရွှင်တဲ့အချိန်တွေကို လိုချင်ကြတာပါပဲ။ ဒီအချစ်ရေးကြောင့် စိတ်ပျော်ရွှင်ကြည်လင်မှုကို ခံစားရတာထက် တာဝန်တစ်ခုကိုထမ်းဆောင်နေရသလို လေးလံဖိစီးနေတဲ့ ခံစားချက်မျိုးဖြစ်လာရင်တော့ လက်တွဲဖြုတ်ဖို့ စဉ်းစားတတ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ဆုံးရှုံးလိုက်ရသလိုခံစားနေရတာကြောင့်

အချစ်တစ်ခုက လေလွင့်နေတဲ့သူတစ်ယောက်ကို ပြန်ပြီးတည်ငြိမ်သွားစေနိုင်သလို၊ အရင်ကပျောက်ဆုံးနေခဲ့တဲ့ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့စေနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ချစ်မိသွားမှ ကိုယ့်ရဲ့လွတ်လပ်မှုတွေနဲ့ ကိုယ့်ရဲ့အရာရာဆုံးရှုံးလိုက်ရသလို ခံစားနေရရင်တော့ သူ့စိတ်ထဲမှာ မပျော်ရွှင်ဖြစ်လာပြီး လမ်းခွဲသွားဖို့ ကြိုးစားလာပါလိမ့်မယ်။

(၃) တခြားယောကျာ်းတွေနဲ့နှိုင်းယှဉ်တာကိုမခံနိုင်တော့တာကြောင့်

မိန်းကလေးတချို့က အချစ်မှာလောဘကြီးတတ်ကြပါတယ်။ ဒီတော့ ကိုယ့်ချစ်သူနဲ့ သူများချစ်သူကို နှိုင်းယှဉ်ပြီး အားမလိိုအားမရဖြစ်တာ၊ စိတ်တိုင်းမကျတာလေးတွေဖြစ်လာပြီး သူ့ရဲ့နဂိုပုံစံကိုပြုပြင်ဖို့၊ ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ အဲ့ဒါကို စစချင်းမှာ သည်းခံနိုင်ပေမယ့် ကြာလာရင်ကိုယ့်အနားကနေ ရုန်းထွက်သွားတတ်ပါတယ်။

(၄) နှစ်ယောက်လုံးမှာ ထိခိုက်မှုတွေ ပိုများနေတာကြောင့်

အချစ်တစ်ခုကြောင့် လူနှစ်ယောက်ကအဆင်ပြေပျော်ရွှင်တာမျိုးထက်၊ ထိခိုက်မှုတွေများနေရင်၊ တစ်နေ့တစ်နေ့ စိတ်ညစ်စရာတွေမရိုးရအောင်ဖြစ်နေရင် ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး စတာတွေမှာထိခိုက်မှုတွေဖြစ်လာရင် သူ့ဘက်က ဒါကိုသတိထားသွားမိတဲ့အခါ လမ်းခွဲဖို့ ကြိုးစားလာနိုင်ပါတယ်။

(၅) အနာဂတ်မှာ ဘယ်လိုမှအဆင်မပြေနိုင်ဘူးလို ့တွေးမိ

တစ်နေ့ချင်းအဆင်မပြေကြတဲ့သူတွေအဖို့ ကြာလာရင်လည်း အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ဖို့ပဲရှိတယ်လို့ သူတွေးကောင်းတွေးနိုင်ပါတယ်။ ရေရှည်အတွက်အဆင်မပြေနိုင်တဲ့အချစ်ရေးအတွက် အချိန်တွေမြှုပ်နှံပြီး စိတ်နှစ်ခံစားနေတာက နှစ်ယောက်လုံးအတွက် ဘာအကျိုးမှမရှိနိုင်တာကြောင့် သူလမ်းခွဲသွားတာဖြစ်နိုင်ပါတယ်။

Credit : Aunty May

Zawgyi

ခ်စ္သူ စုံတြဲေတြဟာ မခ်စ္လို႔ဆိုတာထက္ ျပႆနာအေၾကာင္းအမ်ိဳးမ်ိဳးေတြေၾကာင့္ လမ္းခြဲၾကတာမ်ားပါတယ္။အသစ္တစ္ေယာက္ေတြ႕သြားလို႔လမ္းခြဲၾကတာမ်ိဳးရွိသလို၊ ခ်စ္ရက္နဲ႔ ႏွစ္ဦးႏွစ္ဖက္အဆင္မေျပလို႔ လမ္းခြဲၾကတာလည္းရွိပါတယ္။

ေယာက်ာ္းေလးဘက္ကအရမ္းခ်စ္ေပမယ့္ သူ႔ခ်စ္သူေကာင္မေလးကို လက္တြဲျဖဳတ္သြားတာမ်ိဳးလည္းရွိပါတယ္။ အရမ္းခ်စ္ေပမယ့္သူကိုယ္တိုင္နာက်င္ဝမ္းနည္းမႈကိုခံစားၿပီး လမ္းခြဲသြားတာ ဒီအခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။

(၁) တာဝန္တစ္ခုထမ္းေဆာင္ေနရသလိုျဖစ္ေနတာေၾကာင့္

ေပ်ာ္ခ်င္လို႔ခ်စ္ၾကတာေတာ့မဟုတ္ေပမယ့္ ဘယ္သူမဆို ကိုယ္ခ်စ္ရတဲ့သူနဲ႔ေတာ့ ေပ်ာ္ခ်င္ၾကတာ၊ ေပ်ာ္ရႊင္တဲ့အခ်ိန္ေတြကို လိုခ်င္ၾကတာပါပဲ။ ဒီအခ်စ္ေရးေၾကာင့္ စိတ္ေပ်ာ္ရႊင္ၾကည္လင္မႈကို ခံစားရတာထက္ တာဝန္တစ္ခုကိုထမ္းေဆာင္ေနရသလို ေလးလံဖိစီးေနတဲ့ ခံစားခ်က္မ်ိဳးျဖစ္လာရင္ေတာ့ လက္တြဲျဖဳတ္ဖို႔ စဥ္းစားတတ္ပါတယ္။

(၂) ကိုယ့္ကိုယ္ကို ဆုံးရႈံးလိုက္ရသလိုခံစားေနရတာေၾကာင့္

အခ်စ္တစ္ခုက ေလလြင့္ေနတဲ့သူတစ္ေယာက္ကို ျပန္ၿပီးတည္ၿငိမ္သြားေစနိုင္သလို၊ အရင္ကေပ်ာက္ဆုံးေနခဲ့တဲ့ကိုယ့္ကိုယ္ကိုျပန္ရွာေတြ႕ေစနိုင္ေအာင္ စြမ္းေဆာင္ေပးနိုင္ပါတယ္။ အဲ့ဒီလိုမဟုတ္ဘဲ ခ်စ္မိသြားမွ ကိုယ့္ရဲ့လြတ္လပ္မႈေတြနဲ႔ ကိုယ့္ရဲ့အရာရာဆုံးရႈံးလိုက္ရသလို ခံစားေနရရင္ေတာ့ သူ႔စိတ္ထဲမွာ မေပ်ာ္ရႊင္ျဖစ္လာၿပီး လမ္းခြဲသြားဖို႔ ႀကိဳးစားလာပါလိမ့္မယ္။

(၃) တျခားေယာက်ာ္းေတြနဲ႔ႏွိုင္းယွဥ္တာကိုမခံနိုင္ေတာ့တာေၾကာင့္

မိန္းကေလးတခ်ိဳ႕က အခ်စ္မွာေလာဘႀကီးတတ္ၾကပါတယ္။ ဒီေတာ့ ကိုယ့္ခ်စ္သူနဲ႔ သူမ်ားခ်စ္သူကို ႏွိုင္းယွဥ္ၿပီး အားမလိိုအားမရျဖစ္တာ၊ စိတ္တိုင္းမက်တာေလးေတြျဖစ္လာၿပီး သူ႔ရဲ့နဂိုပုံစံကိုျပဳျပင္ဖို႔၊ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ အဲ့ဒါကို စစခ်င္းမွာ သည္းခံနိုင္ေပမယ့္ ၾကာလာရင္ကိုယ့္အနားကေန ႐ုန္းထြက္သြားတတ္ပါတယ္။

(၄) ႏွစ္ေယာက္လုံးမွာ ထိခိုက္မႈေတြ ပိုမ်ားေနတာေၾကာင့္

အခ်စ္တစ္ခုေၾကာင့္ လူႏွစ္ေယာက္ကအဆင္ေျပေပ်ာ္ရႊင္တာမ်ိဳးထက္၊ ထိခိုက္မႈေတြမ်ားေနရင္၊ တစ္ေန႔တစ္ေန႔ စိတ္ညစ္စရာေတြမရိုးရေအာင္ျဖစ္ေနရင္ ပညာေရး၊ အလုပ္အကိုင္၊ က်န္းမာေရး စတာေတြမွာထိခိုက္မႈေတြျဖစ္လာရင္ သူ႔ဘက္က ဒါကိုသတိထားသြားမိတဲ့အခါ လမ္းခြဲဖို႔ ႀကိဳးစားလာနိုင္ပါတယ္။

(၅) အနာဂတ္မွာ ဘယ္လိုမွအဆင္မေျပနိုင္ဘူးလို ့ေတြးမိတာေၾကာင့္

တစ္ေန႔ခ်င္းအဆင္မေျပၾကတဲ့သူေတြအဖို႔ ၾကာလာရင္လည္း အပ်က္အပ်က္နဲ႔ႏွာေခါင္းေသြးထြက္ဖို႔ပဲရွိတယ္လို႔ သူေတြးေကာင္းေတြးနိုင္ပါတယ္။ ေရရွည္အတြက္အဆင္မေျပနိုင္တဲ့အခ်စ္ေရးအတြက္ အခ်ိန္ေတြျမႇုပ္ႏွံၿပီး စိတ္ႏွစ္ခံစားေနတာက ႏွစ္ေယာက္လုံးအတြက္ ဘာအက်ိဳးမွမရွိနိုင္တာေၾကာင့္ သူလမ္းခြဲသြားတာျဖစ္နိုင္ပါတယ္။

Credit : Aunty May