Local News

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရွှေရူပါဦးအား ဝင်ခွင့်မပြုရန် အမိန့်ထုတ်ပြန်ထား

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရွှေရူပါဦးအား ဝင်ခွင့်မပြုရန် အမိန့်ထုတ်ပြန်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အခြေစိုက်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦးဖြစ်သူ ရွှေရူပါဦးကို စစ်ဌာနချုပ်ရုံးအတွင်းသို့ မည်သည့်အကြောင်းပြချက်နှင့်မျှ ဝင်ခွင့်မပြုရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးကယနေ့နံနက် ၇ နာရီခန့်က တိုင်းရုံးအရာရှိများကို အမိန့်ထုတ်ပြန်ညွှန်ကြားထားကြောင်း သိရသည်။လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မော်ဒယ်သရုပ်ဆောင်ရွှေရူပါဦးနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့် အရာရှိများ ထူးဆန်းစွာ ကျဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီးလူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိရာ ၎င်းညွှန်ကြားချက်ကို ထုတ်ပြန်ခြင်းဖြစ်နိုင်သည်ဟု တပ်မတော်ထိပ်ပိုင်းနှင့်နီးစပ်သူများက သုံးသပ်ခဲ့ကြသည်။တိုင်း / ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးများတွင်လည်း ထိုနည်းတူ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ပရိသတ်ကြီးရေ ရွှေရူပါဦးက တော့ သူ့ကိုယ်သူ မော်ဒယ်လ်အနေနဲ့ အနုပညာရှင်လမ်းကြောင်းကို စတင်ဝင်ရောက်လာခဲ့တယ်လို့ဆိုနေပေမဲ့ပြည်သူတွေကတော့ သူ့ကို မသိတဲ့သူတွေက များနေပါတယ်နော်။အချို့ဆို အခုမှကြားဖူးတယ်လို့တောင် ပြောနေကြပါတယ်ရွှေရူပါဦးဟာ သူ့ကိုယ်သူ မော်ဒယ်လ်လို့ ပြောနေပေမဲ့ ပြည်သူတွေကတော့ သူ့ကို တပ်ကုန်းမ လို့သာသိထားကြပါတယ်နော်။သူမဟာ အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို ဝေဖန်ပြောဆိုခြင်း တခါမှပြုလုပ်ခြင်းမရှိပဲ ထိုကဲ့သို့ အကြမ်းဖက်နေတဲ့ စစ်တပ်ကို အားပေးအားမြှောက်ပြုလုပ်နေပါတယ်။ထိုကဲ့သို့ ပြုလုပ်ရုံသာမက စစ်တပ်ကို ဝေဖန်ကြတဲ့ သူတွေကိုလည်း သူမဟာ မထိတထိနဲ့ ဝေဖန်ပြောဆိုပါသေးတယ်နော်။အရင်တလောကလည်း ကိုဗစ်တတိယလှိုင်းမှာ လွင့်ပါးသွားခဲ့ရတဲ့ သူတွေဟာ သူတစ်ပါးပေါ် စိတ်ယုတ်စိတ်မာ ထားလို့

သေဆုံးကြရတာလို့ ပြောခဲ့လို့ သူမကို ဝိုင်းပြောဆိုဝေဖန်ခဲ့ကြပါသေးတယ်။ယနေ့မှာတော့ သူမဟာ သူမနဲ့အတူဓာတ်ပုံတွဲရိုက်ခဲ့တဲ့ စစ်သားတွေ သေဆုံးကုန်လို့ ဝမ်းနည်းနေကြောင်းပြောပြလာပါတယ်။တကက သန်းအောင် တသ မျိုးဇော် တသ ထွန်းဦး အကိုတို့ကိုShwe ဂရုစိုက်ပါအတန်တန်မှာခဲ့ပါတယ်

ကချင်ပြည်နယ်ရွှေကူမြို့ ရိက္ခာသင်္ဘောအားအကြမ်းဖက်KIA KIOအဖွဲ့နှင့်ပူးပေါင်းPDFများမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုအားခုခံကာကွယ်ရင်းကျဆုံးခဲ့ရတဲ့တပ်သား အကြပ် အရာရှိစစ်သည်များအားShwe လက်တင်အလေးပြုအပ်ပါတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်

Credit

Zawgyi










Credit