Knowledge

အသက် (၃၀) နောက်ပိုင်းမှ အိမ်ထောင်ပြုသင့်တဲ့ အကြောင်းပြချက် (၇) ချက်

အသက် (၃၀) နောက်ပိုင်းမှ အိမ်ထောင်ပြုသင့်တဲ့ အကြောင်းပြချက် (၇) ချက်အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးက ဘယ်အချိန်ဖြစ်မလဲ သင်စဉ်းစားဖူးလား။လူတွေက သင်အသက်အရွယ်ရလာပြီ..အိမ်ထောင်ပြုသင့်ပြီ.စသဖြင့် တိုက်တွန်းနေရင်တောင် သင် ယူချင်စိတ်မရှိရင် ယူစရာမလိုပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ဘဝအဆင်ပြေတဲ့အချိန် ဆောင်ရွက်နိုင်ပါတယ်။ စိတ်အခန့်မသင့်လို့ ကွာရှင်းရတာကမှ ပိုဆိုးတာပါ။သင်က အသက် ၃၀ နောက်ပိုင်းမှ အိမ်ထောင်ပြုဖို့ ဘာကြောင့် ရွေးချယ်သင့်တာလဲဆိုတော့

၁။ အသက် ၃၀ နောက်ပိုင်းအရွယ်မှာ ကိုယ့်လက်တွဲဖော်ဆီက တကယ်ဘာကို လိုချင်တာလဲ ပိုသိလာတယ်။တကယ့်အချစ်ရေးက ဇာတ်ကားတွေထဲက ပျော်စရာအချစ်ရေးတွေနဲ့ မတူညီနိုင်ပါဘူး။

၂။ ကိုယ့်အကြောင်း ကိုယ်ပိုသိလာပါတယ်။ အသက် ၂၀ ဝန်းကျင်အရွယ်က သင်ယူနေဆဲ ကြီးပြင်းနေဆဲအရွယ်မို့ စိတ်ထိခိုက်လွယ်တတ်ပါသေးတယ်။အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်က ပြောင်းလဲလာနိုင်ပါတယ်။

၃။ အသက် ၂၀ ကျော်အရွယ် ငွေကြေးအခြေအနေထက် အသက် ၃၀ မှာ ငွေကြေးက ပိုအဆင်ပြေနိုင်တယ်။အသက် ၃၀ ရောက်တာနဲ့ အကုန်သိ နားလည်ပြီလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။

ကျွန်မတို့က အသက်အရွယ်မရွေး သူ့အခက်အခဲနဲ့ သူရှိနေသူချည်းပါပဲ။ဒါပေမဲ့ ရင့်ကျက်လာတာနဲ့အမျှ ငွေကြေးနဲ့ ပတ်သက်လာရင် ဘယ်လိုဖြေရှင်းရမလဲ သဘောပေါက်လာတတ်ပါတယ်။

၄။ အသစ်အသစ်တွေကို စမ်းသပ်ဖို့၊ ခရီးသွားဖို့ အချိန်တွေ အများအပြားပိုင်ဆိုင်နိုင်ပါတယ်။စောစောစီးစီးအိမ်ထောင်ပြုတာထက် ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့ အချိန်ပေးသင့်ပါတယ်။

၅။ လူတစ်ယောက်နဲ့ လက်မထပ်ခင် သူ့စိတ်၊ သူ့အမူအရာအစစ်အမှန်ကို သဘောပေါက်အောင် ကြိုးစားတာက သင့်အတွက် မှားယွင်းနိုင်ချေမရှိပါဘူး။စောစောစီးစီး အိမ်ထောင်ပြုလိုက်ရင် တစ်သက်လုံး Married Life ပဲ ဖြစ်သွားတော့မှာပါ။

၆။ အိမ်ထောင်ရေးကို ပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်။ သင်အသက်အရွယ်ရလာတဲ့အခါ ဘယ်ဟာက အဓိက၊ ဘယ်ဟာက သာမညလဲ ခွဲခြားသိလာပါတယ်။ပိုတန်ဖိုးသင့်တာတွေက ဘာတွေလဲ သင်ပိုနားလည်လာပါလိမ့်မယ်။

၇။ ကိုယ်သဘောကျတဲ့ မင်္ဂလာပွဲမျိုးစီစဉ်နိုင်ပါပြီ။ သင့်အိပ်မက်ထဲက လက်ထပ်ပွဲပုံစံကို အသက် ၃၀ ကျော်အရွယ်မှာစိတ်ကြိုက်စီစဉ်နိုင်ပါပြီ။သင်က အိမ်ထောင်ပြုသွားဖို့ရည်ရွယ်ထားသူလား။ ပြောပြခဲ့ပါဦး။

Credit

Zawgyi

အသက္ (၃၀) ေနာက္ပိုင္းမွ အိမ္ေထာင္ျပဳသင့္တဲ့ အေၾကာင္းျပခ်က္ (၇) ခ်က္အိမ္ေထာင္ျပဳဖို႔ အသင့္ေတာ္ဆုံးက ဘယ္အခ်ိန္ျဖစ္မလဲ သင္စဥ္းစားဖူးလား။လူေတြက သင္အသက္အရြယ္ရလာၿပီ..အိမ္ေထာင္ျပဳသင့္ၿပီ.စသျဖင့္ တိုက္တြန္းေနရင္ေတာင္ သင္ ယူခ်င္စိတ္မရွိရင္ ယူစရာမလိုပါဘူး။

အိမ္ေထာင္ျပဳတယ္ဆိုတာ ဘယ္အခ်ိန္ျဖစ္ျဖစ္ ကိုယ့္ဘဝအဆင္ေျပတဲ့အခ်ိန္ ေဆာင္ရြက္နိုင္ပါတယ္။ စိတ္အခန႔္မသင့္လို႔ ကြာရွင္းရတာကမွ ပိုဆိုးတာပါ။သင္က အသက္ ၃၀ ေနာက္ပိုင္းမွ အိမ္ေထာင္ျပဳဖို႔ ဘာေၾကာင့္ ေရြးခ်ယ္သင့္တာလဲဆိုေတာ့

၁။ အသက္ ၃၀ ေနာက္ပိုင္းအရြယ္မွာ ကိုယ့္လက္တြဲေဖာ္ဆီက တကယ္ဘာကို လိုခ်င္တာလဲ ပိုသိလာတယ္။တကယ့္အခ်စ္ေရးက ဇာတ္ကားေတြထဲက ေပ်ာ္စရာအခ်စ္ေရးေတြနဲ႔ မတူညီနိုင္ပါဘူး။

၂။ ကိုယ့္အေၾကာင္း ကိုယ္ပိုသိလာပါတယ္။ အသက္ ၂၀ ဝန္းက်င္အရြယ္က သင္ယူေနဆဲ ႀကီးျပင္းေနဆဲအရြယ္မို႔ စိတ္ထိခိုက္လြယ္တတ္ပါေသးတယ္။အသက္အရြယ္ရလာတာနဲ႔အမၽွ ကိုယ္က ေျပာင္းလဲလာနိုင္ပါတယ္။

၃။ အသက္ ၂၀ ေက်ာ္အရြယ္ ေငြေၾကးအေျခအေနထက္ အသက္ ၃၀ မွာ ေငြေၾကးက ပိုအဆင္ေျပနိုင္တယ္။အသက္ ၃၀ ေရာက္တာနဲ႔ အကုန္သိ နားလည္ၿပီလို႔ ဆိုလိုခ်င္တာမဟုတ္ပါဘူး။

ကၽြန္မတို႔က အသက္အရြယ္မေရြး သူ႔အခက္အခဲနဲ႔ သူရွိေနသူခ်ည္းပါပဲ။ဒါေပမဲ့ ရင့္က်က္လာတာနဲ႔အမၽွ ေငြေၾကးနဲ႔ ပတ္သက္လာရင္ ဘယ္လိုေျဖရွင္းရမလဲ သေဘာေပါက္လာတတ္ပါတယ္။

၄။ အသစ္အသစ္ေတြကို စမ္းသပ္ဖို႔၊ ခရီးသြားဖို႔ အခ်ိန္ေတြ အမ်ားအျပားပိုင္ဆိုင္နိုင္ပါတယ္။ေစာေစာစီးစီးအိမ္ေထာင္ျပဳတာထက္ ကိုယ္လုပ္ခ်င္တာေတြကို လုပ္ဖို႔ အခ်ိန္ေပးသင့္ပါတယ္။

၅။ လူတစ္ေယာက္နဲ႔ လက္မထပ္ခင္ သူ႔စိတ္၊ သူ႔အမူအရာအစစ္အမွန္ကို သေဘာေပါက္ေအာင္ ႀကိဳးစားတာက သင့္အတြက္ မွားယြင္းနိုင္ေခ်မရွိပါဘူး။ေစာေစာစီးစီး အိမ္ေထာင္ျပဳလိုက္ရင္ တစ္သက္လုံး Married Life ပဲ ျဖစ္သြားေတာ့မွာပါ။

၆။ အိမ္ေထာင္ေရးကို ပိုတန္ဖိုးထားတတ္လာပါလိမ့္မယ္။ သင္အသက္အရြယ္ရလာတဲ့အခါ ဘယ္ဟာက အဓိက၊ ဘယ္ဟာက သာမညလဲ ခြဲျခားသိလာပါတယ္။ပိုတန္ဖိုးသင့္တာေတြက ဘာေတြလဲ သင္ပိုနားလည္လာပါလိမ့္မယ္။

၇။ ကိုယ္သေဘာက်တဲ့ မဂၤလာပြဲမ်ိဳးစီစဥ္နိုင္ပါၿပီ။ သင့္အိပ္မက္ထဲက လက္ထပ္ပြဲပုံစံကို အသက္ ၃၀ ေက်ာ္အရြယ္မွာစိတ္ႀကိဳက္စီစဥ္နိုင္ပါၿပီ။သင္က အိမ္ေထာင္ျပဳသြားဖို႔ရည္ရြယ္ထားသူလား။ ေျပာျပခဲ့ပါဦး။

Credit