Local News

စခန်းမှူးနှင့်ရဲများ လက်နက်ချ အညံ့ခံ

မြောင်တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး စခန်းမှူးနှင့်ရဲများ လက်နက်ချ အညံ့ခံ ၊ ကလေးမြို့တွင်လည်း စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရကာ သေဆုံးမှုအရေအတွက် မသိရသေး

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ နေရာ ၂ခုတွင် စက်တင်ဘာလ ၈ရက်နေ့ နံနက် ၁ဝနာရီက စတင်ကာ ညနေ ၄နာရီထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံအဖွဲ့ (CDSOM)၊ 27 Revolution Force ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊

PDF-Taloke ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ရဲစခန်း ၁ခု မီးလောင်သွားကြောင်း CDSOM အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

မြောင်မြို့နယ် မြစ်ဆုံကျေးရွာ စက်တင်ဘာလ ၈ ရက်​နေ့ နံနက် ၁ဝနာရီခန့်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အချက် ၄ဝ ကျော်ပစ်ခတ်ခဲ့ပြီး CDSOM များအနေဖြင့်

ကျေးရွာထဲတွင် ရွာသားများ ရှိနေသည့်အတွက် နောက်ဆုတ်ပေးခဲ့ကာ စစ်ကောင်စီတပ်များက အဆိုပါ ကျေးရွာတွင် တပ်စွဲခဲ့ပြီး ညနေ ၃နာရီတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ကြောင်း CDSOM အဖွဲ့ထံမှသိရသည်

ထို့ပြင် ကျောက်ရစ်ကျေးရွာဘက်ရှိ ရဲစခန်းက စခန်းမှူးနှင့် အပေါင်းအပါများက လက်နက်ချသည့်အတွက် စခန်းကို သိမ်းပိုက်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့များ ကား ၃စီးဖြင့် ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်ကွာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးသေဆုံးခဲ့ကြောင်း

ညနေ ၄နာရီတွင် နဘက်စံပြကျေးရွာရှိ ရဲစခန်းကို မီးရှို့ခဲ့ကြောင်း CDSOM အဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်ထို့ပြင် ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေးမြို့သို့ ကုန်တင်ကားအချို့နှင့် အရပ်ဘက်အိမ်စီးကားအချို့ ရောနှောကာ မောင်းနှင်လာသည့်

အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို PDF (Kalay) တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ရရက်နေ့ ည ရနာရီခန့်တွင် ထောက်ကြန့်ရွာ နှင့် သာယာကုန်းရွာ အကြားတွင် မိုင်းဖောက်ခွဲကာ လက်နက်ကြီး လက်နက်ငယ်များဖြင့

ညှပ်ပိတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အများအပြား သေဆုံးနိုင်‌သော်လည်း အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်း PDF (Kalay) ထုတ်ပြန်ချက်အရ သိရသည်

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာများကို စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိပြီး စက်တင်လာလ ၈ရက်နေ့ ညနေပိုင်း အထိ ရရှိသောသတင်းများအရ ကြံသာကျေးရွာအတွင်းရှိ

နေအိမ် ၉ လုံး မီးရှို့ဖျက်စီးခံခဲ့ရပြီး ဒိုးနွယ်ရွာက စိတ်ကျန်းမာရေး ချို့ယွင်းသူ ၁ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး ရေမြောင်းအတွင်း ပစ်ချထားခဲ့ကြောင်း PDF (Kalay) အဖွဲ့က သိရသည်

Credit

Zawgyi

ေျမာင္တိုက္ပြဲတြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၂ ဦးေသဆုံးၿပီး စခန္းမႉးႏွင့္ရဲမ်ား လက္နက္ခ် အညံ့ခံ ၊ ကေလးၿမိဳ႕တြင္လည္း စစ္ေကာင္စီ ယာဥ္တန္းတိုက္ခိုက္ခံရကာ ေသဆုံးမႈအေရအတြက္ မသိရေသး

ရန္ကုန္၊ စက္တင္ဘာ ၉

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ရွိ ေနရာ ၂ခုတြင္ စက္တင္ဘာလ ၈ရက္ေန႔ နံနက္ ၁ဝနာရီက စတင္ကာ ညေန ၄နာရီထိ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံအဖြဲ႕ (CDSOM)၊ 27 Revolution Force ၊ ႏွလုံးလွလူမိုက္ႀကီးမ်ားအဖြဲ႕၊

PDF-Taloke ပူးေပါင္းအဖြဲ႕တို႔ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ကာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၂ ဦးေသဆုံးၿပီး ရဲစခန္း ၁ခု မီးေလာင္သြားေၾကာင္း CDSOM အဖြဲ႕ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္

ေျမာင္ၿမိဳ႕နယ္ ျမစ္ဆုံေက်းရြာ စက္တင္ဘာလ ၈ ရက္​ေန႔ နံနက္ ၁ဝနာရီခန႔္၌ တိုက္ပြဲစတင္ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦးက်ဆုံးခဲ့ကာ စစ္ေကာင္စီတပ္ဖြဲ႕မ်ားက လက္နက္ႀကီးမ်ားျဖင့္ အခ်က္ ၄ဝ ေက်ာ္ပစ္ခတ္ခဲ့ၿပီး CDSOM မ်ားအေနျဖင့္

ေက်းရြာထဲတြင္ ရြာသားမ်ား ရွိေနသည့္အတြက္ ေနာက္ဆုတ္ေပးခဲ့ကာ စစ္ေကာင္စီတပ္မ်ားက အဆိုပါ ေက်းရြာတြင္ တပ္စြဲခဲ့ၿပီး ညေန ၃နာရီတြင္ တိုက္ပြဲထပ္မံျဖစ္ပြားခဲ့ကာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၆ ဦးက်ဆုံးခဲ့ေၾကာင္း CDSOM အဖြဲ႕ထံမွသိရသည္

ထို႔ျပင္ ေက်ာက္ရစ္ေက်းရြာဘက္ရွိ ရဲစခန္းက စခန္းမႉးႏွင့္ အေပါင္းအပါမ်ားက လက္နက္ခ်သည့္အတြက္ စခန္းကို သိမ္းပိုက္ေနစဥ္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား ကား ၃စီးျဖင့္ ေရာက္ရွိလာသည့္အတြက္ တိုက္ပြဲျဖစ္ကြာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၃ဦးေသဆုံးခဲ့ေၾကာင္း

ညေန ၄နာရီတြင္ နဘက္စံျပေက်းရြာရွိ ရဲစခန္းကို မီးရွို႔ခဲ့ေၾကာင္း CDSOM အဖြဲ႕ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္ထို႔ျပင္ ကေလးၿမိဳ႕နယ္ ေတာင္ပိုင္းတြင္ ကေလးၿမိဳ႕သို႔ ကုန္တင္ကားအခ်ိဳ႕ႏွင့္ အရပ္ဘက္အိမ္စီးကားအခ်ိဳ႕ ေရာေႏွာကာ ေမာင္းႏွင္လာသည့္

အၾကမ္းဖက္ စစ္ေကာင္စီ ယာဥ္တန္းကို PDF (Kalay) တပ္ဖြဲ႕ဝင္မ်ားက စက္တင္ဘာလ ရရက္ေန႔ ည ရနာရီခန႔္တြင္ ေထာက္ၾကန႔္ရြာ ႏွင့္ သာယာကုန္းရြာ အၾကားတြင္ မိုင္းေဖာက္ခြဲကာ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့

ညႇပ္ပိတ္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ အမ်ားအျပား ေသဆုံးနိုင္‌ေသာ္လည္း အေရအတြက္အတိအက်ကို အတည္မျပဳနိုင္ေသးေၾကာင္း PDF (Kalay) ထုတ္ျပန္ခ်က္အရ သိရသည္

အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားသည္ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ေက်းရြာမ်ားကို စစ္ရာဇဝတ္မႈမ်ား ဆက္လက္က်ဴးလြန္လ်က္ရွိၿပီး စက္တင္လာလ ၈ရက္ေန႔ ညေနပိုင္း အထိ ရရွိေသာသတင္းမ်ားအရ ႀကံသာေက်းရြာအတြင္းရွိ

ေနအိမ္ ၉ လုံး မီးရွို႔ဖ်က္စီးခံခဲ့ရၿပီး ဒိုးႏြယ္ရြာက စိတ္က်န္းမာေရး ခ်ိဳ႕ယြင္းသူ ၁ဦးအပါအဝင္ အျပစ္မဲ့ျပည္သူ ၃ဦးကို ရက္စက္စြာ သတ္ျဖတ္ၿပီး ေရေျမာင္းအတြင္း ပစ္ခ်ထားခဲ့ေၾကာင္း PDF (Kalay) အဖြဲ႕က သိရသည္

Credit