Local News

မိဘတွေသဘောမတူတဲ့ကြားက အမွေဖြတ်စွန့်လွှတ်ခံပြီး CDM လုပ်ကာ လွတ်မြောက်နယ်မြေမှာတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ရဲဘော်တစ်ဦး

တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တာ (၇)ကျော်သွားခဲ့ပြီဖြစ်တဲ့ အခုအချိန်မှာ ပြည်သူတွေအားလုံးမျှော်လင့်စောင့်စားနေတဲ့ D Day နေ့ဆိုတာ ရောက်ရှိလို့လာခဲ့ပြီ ဖြစ်ပါတယ်နော်အရေးတော်ပုံကြီးအတွင်း

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်လာကြသူတွေထဲမှာ ကျောင်းဆရာ ၊ ဆရာဝန်နဲ့ အစိုးရဝန်ထမ်းတွေအပြင် အမျိုးမျိုးသော ပြည်သူ့ဝန်ထမ်းတွေလည်း CDM ပြုလုပ်ပါဝင်လာကြတာ တွေ့ရပါတယ်ပြည်သူ့ရဲဘော်တစ်ဦးကတော့ အမွေဖြတ်ခံရတဲ့အထိ မိဘတွေသဘောမတူတဲ့ကြားက စကစရဲ့ လေတပ်မှ ထွက်ပြီး CDM လုပ်ကာ လွတ်မြောက်နယ်မြေမှာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ကြိုးစားပါဝင်နေပါတယ်ယုံကြည်တဲ့လမ်းကို လျှောက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး CDM ပြုလုပ်တာ (၆)လတိတိပြည့်တဲ့နေ့မှာပဲ အမှန်တရားအတွက် ပေးဆပ်ခဲ့တဲ့ သူ့ရဲ့ စိတ်မကောင်းစရာ အကြောင်းတွေကို ရင်ဖွင့်ပြောပြလာပါတယ်

မိဘတွေကို သတိရလွမ်းဆွတ်ပြီး ဖုန်းပြောချင်တဲ့အချိန်တွေမှာတောင် ပြောခွင့်မရတဲ့ သူ့ရဲ့အခြေအနေတွေနဲ့ ရင်ထဲမှာမြိုသိမ့်ထားတာတွေကို ကြိတ်ပြီးမခံစားနိုင်တော့တာကြောင့် ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်

မိဘတွေသက်ရှိထင်ရှားရှိနေပါလျက်နဲ့ နေကောင်းကျန်းမာကြောင်းတောင် မေးခွင့်မရှိသလို ဖျားနာနေတဲ့အချိန်မှာ ပိုပြီးအားငယ်ဝမ်းနည်းပေမယ့် အရေးတော်ပုံကြီးအောင်မြင်ဖို့ ရည်မှန်းချက်တွေနဲ့ အားတင်းရင်း မိဘတွေကို အဝေးကနေ ကန်တော့လိုက်တာ ဖြစ်ပါတယ်

Credit

Zawgi







ပေးဆပ်ခဲ့တဲ့ သူ့ရဲ့ စိတ်မကောင်းစရာ အကြောင်းတွေကို ရင်ဖွင့်ပြောပြလာပါတယ်မိဘတွေကို သတိရလွမ်းဆွတ်ပြီး ဖုန်းပြောချင်တဲ့အချိန်ေ

တွမှာတောင် ပြောခွင့်မရတဲ့ သူ့ရဲ့အခြေအနေတွေနဲ့ ရင်ထဲမှာမြိုသိမ့်ထားတာတွေကို ကြိတ်ပြီးမခံစားနိုင်တော့တာကြောင့် ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်



Credit