Knowledge

ကြာသပတေးသားသမီးများအတွက် (၉)လပိုင်း တစ်လစာ ဟောစာတမ်း

ဒီလအတွင်းမှာ သင့်အတွက် ကံဇာတာကတော့ မိသားစု အလုပ်အကိုင် စီးပွားရေးတွေ ထူးထူးခြားခြား တိုးတက်လာမည်။ အိုးအိမ်ကိစ္စ ၊ နေရာထိုင်ခင်းကိစ္စ တွေမှာလည်း ထူးထူးခြားခြား တိုးတက် အောင်မြင်ခြင်း မိသားစု ရည်ရွယ်ချက် ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မှု့ရရှိမည်

အလုပ်အကိုင်နှင့် ပါတ်သက်၍ မြောက်အရပ် ၊ အရှေ့မြောက်အရပ်တွေမှာ အခွင့်အရေး အခွင့်အလန်းများ ရှာဖွေသင့်သည်။ ထိုအရပ်ဒေသများတွင် အောင်မြင်မှု့ ရရှိနိုင်သည်။ မိမိနေအိမ်သို့ အသက်အရွယ် ကြီးရင့်သော ရဟန်း သံဃာတော် တစ်ပါး ထူးထူးခြားခြား ကြွရောက်လာမည်။

အလွန်ကောင်းသော နိမိတ်ဖြစ်သောကြောင့် သင့်အနေနှင့် တတ်နိုင်သလောက် အလှူဒါန ပြုအပ်ပေသည်။မိမိတို့အတွက် အလုပ်တွင် အကြီးအကဲများ၏ ကူညီပံ့ပို့ပေးခြင်း ၊ ချစ်ခင် စောင့်ရှောက်ခြင်းများ ရရှိမည်။ သင်သည် ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းအလုပ်တွင်

ပစ်စာတိုင်စာ ခံရတတ်သည်။ အမှု့အခင်း ပြဿနာများ ဖြေရှင်းစရာများ ကြုံရတတ်ပေရာ အထူးသတိထားသင့်သည်။ အထူးအားဖြင့် မိမိ၏လက်အောက်ငယ်သားများ၏ တော်လှန်ပုန်ကန်ခြင်း ခံရတတ်ပါတယ်။ ပြန်လည် အာခံခြင်း ကြုံရတတ်ပါတယ်။

ကားမောင်း ဆိုင်ကယ်မောင်းတာတွေကိုလည်း ဂရုစိုက်သင့်၏။ အသက်ကို မထိခိုက်သည့်တိုင်အောင် ယဉ်အန္တရယ် ဖြစ်တတ်၏။ ဤအချိန်ကာလတွင် သင်သည် မည်သူ တစ်စုံတစ်ယောက်ကိုမျှ ယုံကြည်ခြင်း မပြုအပ်ပေ။ လူယုံက ဒုက္ခပေးခြင်း ခံရတတ်သည်။

ငွေကြေးကိစ္စများနှင့် ပါတ်သက်၍ ဖြေရှင်းရတတ်သောကြောင့် ချေးငှားခြင်း အာမခံခြင်း မပြုသင့်၊ ရှောင်ကြည်သင့်၏။ မျက်လုံးပျက်သောသူ မျက်စိစွေသောသူ ဒုက္ခပေးခြင်း ခံရတတ်တယ်။ လူမှုရေး ပြဿနာ များတတ်သည်။ ကျန်းမာရေး အနေနှင့်ကတေ

ဆီးပူညောင်းကျ ဖြစ်ခြင်း ဆီးအောင့်ခြင်း မျက်စိနာခြင်း မျက်မှန်ပါဝါ တိုးရခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးဆေးသောက် မှားတတ်သည်။လောင်းကစား လုပ်ငန်းများ ဖြတ်လမ်းစီးပွားရေးများ လုံး၀ မပြုလုပ်သင့်၊ ဘဝပျက်သည့်အထိ ဒုက္ခဖြစ်တတ်သည်။

ထီထိုးခြင်းကို ဝါသနာပါပါက (၁၆) (၆၁) ပါသော ထီအတွဲကို ထိုးပါ။ အိမ်ထောင်ရှိသူများအတွက် အိမ်ထောင်ရေး ကံကြမ္မာ အကောင်းဘက်မှာ ရှိပါတယ်။ သာယာခြင်း အဆင်ပြေခြင်း ချမ်းမြေ့ခြင်းများ ရရှိမည်။

လူငယ်များအတွက် အချစ်ရေး ရှုပ်ထွေးမည်။ ကြားလူ အနှောင့်အယှက် ပြုခြင်း ခံရတတ်သည်။ ကြားလေသွေးလေ ဝေးရတတ်သည်။ သင်၏ ကံဇာတာ အညံ့အခိုက်များ ပြေပျောက်စေပြီး ကောင်းကျိုးများ ပြည့်စုံစေရန်အတွက် သံဃာတော်တို့အား သတ်သတ်လွတ် ဟင်းလျာ လှူဒါန်းပါလေ။

Credit