Knowledge

မိန်းမတစ်ယောက်ရဲ့ ဘဝအတွက် ဦးနှောက်ကိုရှေ့တန်းတင်တာဟာ သစ္စာမဲ့တာမဟုတ်ပါ

မိန်းမတစ်ယောက်ရဲ့ ဦးနှောက်ကိုရှေ့တန်းတင်တာဟာ သစ္စာမဲ့တာမဟုတ်ပါမိန်းမတစ်ယောက် ဟာသူ့အချစ်ကိုအသိအမှတ်မပြုတဲ့ယောက်ျားတစ်ယောက်အတွက်ကြေကွဲနေမယ့်အစားသူ့အချစ်ကိုတန်ဖိုးထားတဲ့ယောက်ျားကို ရွေးချယ်တာ သူမှန်တယ်။

မိန်းမတစ်ယောက်ကသူ့အနစ်နာခံမူတွေကိုတန်ဖိုးမထားတဲ့ယောက်ျားတစ်ယောက်ကို ခယအောက်ကျို့နေမယ့်အစားသူ့အနစ်နာခံမူတွေကိုအလေးထားတဲ့ယောက်ျားကိုရွေးချယ်တာ သူမှန်တယ်။

မိန်းမဆိုတာယောက်ျားတစ်ယောက်ရဲ့ဥပေက္ခာထက်အကြင်နာကိုသာလိုချင်ကြတာပါ။ မိန်းမဆိုတာယောက်ျားတစ်ယောက်ကအရာအားလုံးထက် ကိုယ့်ကိုပဲဦးစားပေးတာကိုခံယူချင်ကြတာပါ။

မိန်းမဆိုတာယောက်ျားတစ်ယောက်က ကိုယ်မှကိုယ်ပဲဖြစ်တဲ့သူရဲ့ရင်ခွင်မှာခိုလူံချင်ကြတာပါ။ ဒါကြောင့်ကိုယ့်အချစ်ကိုတန်ဖိုးထားပြီးကိုယ့်အပေါ်ဂရုစိုက်ကြင်နာတတ်တဲ့သူတစ်ယောက်ကိုရွေးချယ်တာ သူ မမှားဘူး။

မိန်းမသားတွေရဲ့ဘဝမှာတခါတလေနှလုံးသားထက်ဦးနှောက်ကိုရှေ့တန်းတင်တာသစ္စာမဲ့တာမဟုတ်ဘူး။ကိုယ်ကဘယ်လောက်ပဲအနစ်နာခံလို့ပေးဆပ်နေနေတန်ဖိုးမသိသူတစ်ယောက်လက်ထဲမှာတန်ဖိုးဆိုတာဖြစ်လာမှာမဟုတ်တော့ဘူးလေ

ဒါကြောင့်တစ်ခါတစ်ရံနှလုံးသားနဲ့ဦးနှောက်ကလွန်ဆွဲတဲ့အခါ ဦးနှောက်ကိုရှေ့တန်းတင်လို့ ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးတာပိုကောင်းပါတယ်

Credit

Zawgyi







Credit