Knowledge

သင့်ရဲ့မှတ်ဉာဏ်ကို ထက်မြက်နေစေမယ့် လေ့ကျင့်ခန်း (၅)မျိုး

အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ၊ အခြားသော စိတ်ရောဂါ အမျိုးမျိုး စတဲ့ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်ဖို့ အခွင့်အရေး များလာပါတယ်။

နှလုံးရောဂါနဲ့ ဆီးချိုရောဂါက အသက်ကြီးတဲ့လူတွေမှာ အဖြစ်များကြပါတယ်။ နားမကြားခြင်း၊ မျက်စိမှုန်ခြင်း၊ အိပ်မပျော်ခြင်း၊

စိတ်ဓာတ်ကျခြင်း၊ အချို့သော ဆေးဝါးများကို သုံးစွဲခြင်းတွေက ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်စေပါတယ်။

လူအများစုကတော့ သက်လတ်ပိုင်း ရောက်တဲ့အခါ မှတ်ဉာဏ် ပြောင်းလဲလာမှုတွေကို စပြီး သတိထားမိ လာကြပါပြီ။

ဒါပေမယ့် ဒီပြောင်းလဲမှုတွေက ပုံမှန်ဖြစ်လားဆိုတာ ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။ စိုးရိမ်သောကများတဲ့အခါ သတိတွေ ချွတ်ယွင်းလာပါတယ်။

သင့်အသက်အရွယ်နဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်ပြောင်းလဲမှုတွေက ပုံမှန်ဖြစ်လားဆိုတာ မသေချာဘူးဆိုရင် ဒီဇယားမှ

ာ ကြည့်လို့ရပါတယ်။ဒီဇယားကတော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပြီလားဆိုတာ ပြောပြပေးမှာပါ၊ ဒါပေမယ့် သင့်မှတ်ဉာဏ်နဲ့ ပတ်သက်ပြီး

စိတ်ပူစရာမရှိဘူး ဆိုရင်တောင်မှ မှတ်ဉာဏ်ကောင်းဖို့အတွက် အမြဲလေ့ကျင့်ဖို့ လိုပါတယ်။ သင့်တော်တဲ့

အာဟာရနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ကျန်းမာရေးကို ကောင်းစေပြီး ဦးနှောက်တစ်သျှူးတွေကို

ကာကွယ်ပေးပါတယ်။ အသက်ကြီးတဲ့အထိ မှတ်ဉာဏ်ကို ထက်မြက်သေချင်ရင် ဦးနှောက်လေ့ကျင့်ခန်းတွေကို စလုပ်ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပါတယ်။

1. အလွတ်ကျက်ပါ။

ဈေးဝယ်ရမယ့် စာရင်းတွေ၊ လုပ်ရမယ့်အရာတွေ၊ အကြိုက်ဆုံး အနုပညာရှင် နာမည်တွေ၊ စိတ်ထဲရောက်လာတဲ့

အရာတွေကို ချရေးပြီး အလွတ်ကျက်ပါ။ အလွတ်ကျက်ပြီး တစ်နာရီအကြာမှာ သင်ဘယ်နှမျိုး မှတ်မိလဲ ဆိုတာ ပြန်လည်စစ်ဆေးကြည့်ပါ။

2. နိုင်ငံခြားဘာသာစကား တစ်ခုကို သင်ယူပါ။

ဝေါဟာရ စကားလုံး များများကို သိခြင်းက မှတ်ဉာဏ်ထိခိုက်နိုင်ခြေကို လျော့ကျစေပါတယ်။ စာဖတ်ခြင်းက စိတ်ဓာတ်ကို

တက်ကြွစေပြီး စကားလုံးတွေကို မှတ်မိဖို့ ကူညီပေးပါတယ်။ နိုင်ငံခြားဘာသာစကား တစ်ခုကို သင်ယူခြင်းက ဦးနှောက်ကို လန်းဆန်းစေပါတယ်။

3. ပဟေဠိများကို ဖြေရှင်းပါ။

စကားလုံးပဟေဠိက ဦးနှောက်လေ့ကျင့်ခန်းထဲမှာ အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။ စကားထာဖွက်ခြင်းနဲ့ ပဟေဠိဆက်ခြင်းက အလွန်ကို အသုံးဝင်ပါတယ်။

4. တစ်ချိန်တည်းမှာ လက်နှစ်ဖက်လုံးကို သုံးပြီး စာရေးပါ သို့မဟုတ် ပုံဆွဲပါ။

ဒီနည်းလမ်းက ဦးနှောက်လေ့ကျင့်ခန်းထဲမှာ အလွန်ကောင်းတဲ့ နည်းလမ်းပါ။ စာရွက်နှစ်ရွက်ကို ယူပြီး တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်လုံးသုံးပြီး ဂျီဩမေတြီ ပုံတွေဆွဲပါ။ ဒါမှမဟုတ်

တစ်ချိန်တည်းမှာ လက်နှစ်ဖက်လုံးသုံးပြီး စာရေးပါ။ ဒီနည်းလမ်းက များစွာသော လုပ်ငန်းတွေကို လျင်လျင်မြန်မြန်

ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ဦးနှောက်ကို လေ့ကျင့်ပေးတဲ့နည်းလမ်း ဖြစ်ပါတယ်။

5. အားကစားသစ်တစ်ခု သို့မဟုတ် ဝါသနာအသစ်တစ်ခုကို စိတ်ဝင်စားပါ။

ယောဂ၊ ဂေါက်၊ တင်းနစ်စတဲ့ အားကစားနည်းတွေက ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်ကိုလည်း အကျိုးရှိစေပါတယ်။

ချည်ထိုးခြင်း၊ ပုံဆွဲခြင်း၊ ပဟေဠိဆက်ခြင်းစတဲ့ ဝါသနာအသစ်တွေက ဦးနှောက်ကို ပိုပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။

အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ် ချို့ယွင်းလာတာက ပုံမှန်ပါပဲ။ အသက်ကြီးလာမှုကို မစိုးရိမ်ပါနဲ့။ မှတ်ဉာဏ်ချို့ယွင်းမှုကို

နည်းပါးအောင် ကြိုးစားလို့ရပါတယ်။ ပျော်ရွှင်ကျန်းမာတဲ့ဘဝက သင့်လက်ထဲမှာပဲ ရှိပါတယ်။

Credit