Knowledge

သင့်မွေးတဲ့နေ့အရ သင့်ဘဝမှာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်ဆိုတာ သိချင်လျှင်…..

သင့်မွေးတဲ့နေ့ဟာ သင်ကဘယ်လို လူမျိုးဖြစ်တယ်၊ မွေးရာပါ ဘယ်လို အရည်အချင်းတွေ ရှိတယ် ဘယ်လို စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်တယ် ဆိုတာကို ဖော်ပြပေးနေပါတယ်။ သင်က ဘယ်ဂ ဏာန်းပိုင်ရှင်လဲဆိုတာ သိစေဖို့ မွေးနေ့၊

မွေးလနဲ့ မွေးနှစ်အားလုံးကို ပေါင်းရမှာပါ။ ဥပမာ ၁၉၅၀ ပြည့်နှစ် မတ်လ ၂၀ မွေးသူဆိုရင် ၁၉၅၀+ ၃+၂၀ = ၁+၉+၇+၃=၂၀ =၂ ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ်နဲ့ဆိုင်တဲ့ ၂ဂဏန်းကို ဖတ်ရမှာပါ။

၁ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ပင်ကိုဉာဏ်ရှိပြီး ကိုယ်ပိုင်ဟန်ရှိသူပါ။ စိတ်ကူးသစ်တွေ ရှိပြီး အဲဒီစိတ်ကူးတွေကို အသက်သွင်းနိုင်စွမ်းလည်း ရျိပါတယ်။ အလွန်ရိုးသားပြီး လူမှုဆက်ဆံရေး ကောင်းမွန် ပါတယ်။ ခေါင်းဆောင် ဒါမှမဟုတ်

သူဌေးအရည်အချင်းတွေ ရျိပြီး လူအများကို လှုံဆော်နိုင်စွမ်း ရှိသူပါ။ အလုပ်ကြိုးစားသလို အခြားသူတွေရဲ့ စိတ်ကူးတွေက ပိုကောင်းရင်လည်းအသိအမှတ်ပြုတတ်ပါတယ်။ ကျော်ကြားတဲ့ တစ်ဂဏန်းပိုင်ရှင်တွေက တွမ်ဟန့်ခ်၊ အမေရိကန် သမ္မတဟောင်း ရေဂင်ရဲ့ ဇနီး နန်စီတို့ ဖြစ်ပါတယ်။

၂ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

သံတမန် ပရိယာယ်ရှိတဲ့ ငြိမ်းချမ်းရေး သမားပါ။ တခြားသူတွေရဲ့ လိုအင်နဲ့ စိတ်ခံစားချက်ကို သိနားလည်ပြီး တခြားသူတွေအတွက် အရင် စဉ်းစား တတ်သူပါ။ တစ်ဦးတည်းနေရတာကို မကြိုက်ပါဘူး။ ခင်မင်မှုနဲ့ မိတ်ဆွေ အပေါင်းအသင်းက အရေးကြီးပြီး သူတို့ကို ဘဝမှာ အောင်မြင်လာအောင်

ဦးဆောင်နိုင်စွမ်း ရှိပါတယ်။ ရှက်တတ်တဲ့ နှစ်ဂဏန်းပိုင်ရှင်တွေက ကိုယ့်ကိုကိုယ် လေးစားစိတ်ရှိဖို့ ကြိုးစားပြီး အမြဲပေါ့ပါး နေတတ်ပါတယ်။ ကျော်ကြားတဲ့ နှစ်ဂဏန်းပိုင်ရှင်တွေက အမေရိကန် သမ္မတဟောင်း ဘီကလင်တန်၊ မက်ဒေါနားတို့ ဖြစ်ပါတယ်။

၃ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

အတွေးအမြင်သမားပါ။ အလွန်ဖန်တီးတတ်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်ကာ ချစ်စရာကောင်းသူတွေ ဖြစ်ကြပါတယ်။ အရာရာကို စတင်လုပ်ဆောင်တတ်သူတွေ ဖြစ်ပြီး တခြားသူတွေကို ပျော်ရွှင်စေချင် ကြပါတယ်။

သုံးဂဏန်း ပိုင်ရှင်တွေက လူအများကြား အလွန်ရေပန်းစားပြီး တွေးခေါ်နိုင်စွမ်း ကောင်းပါတယ်။ ကမ္ဘာလောကကို ပိုပြီးစစ်မှန်တဲ့ အမြင်မျိုးနဲ့ ရှုမြင်တတ်ပါတယ်။ ကျော်ကြားတဲ့ သုံးဂဏန်းပိုင်ရှင်တွေကတော့ ဂျိုဒီဖော်စတာ၊ မီလာနီဂရစ်ဖ်တို့ ဖြစ်ကြပါတယ်။

၄ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ရှေးရိုးစွဲ သမားပါ။ အစီအစဉ်တကျ လုပ်ဆောင်ရတာနဲ့ စည်းမျဉ်းစည်းကမ်း ဓလေ့ထုံးစံ လိုက်နာရတာတို့ကို သဘောကျပါတယ်။ သူတို့လုပ်ဆောင်မယ့် အရာကို အပြည့်အ၀ နားလည် သဘောပေါက်မှသာ လုပ်ဆောင်တတ်ပါတယ်။ အလုပ်ရှုပ်နေတဲ့ ဘဝကို သဘောကျပြီး အလုပ်ကြိုးစားသူတွေပါ။

သဘာဝကို ချစ်မြတ်နိုးပြီး စောင့်ဆိုင်းရတာကို စိတ်ရှည်ပါတယ်။ ခေါင်းမာတဲ့ လေးဂဏန်း ပိုင်ရှင်တွေက သဘောထား ပျော့ပျောင်းဖို့ သင်ယူသင့်ပါတယ်။ ကျော်ကြားတဲ့ လေးဂဏန်းပိုင်ရှင်တွေက မာဂရက်သက်ချာ၊ အော်ပရာ ဝင်းဖရေးတို့ ဖြစ်ပါတယ်။

၅ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

စူးစမ်းရှာဖွေတတ်သူတွေပါ။ သူတို့ရဲ့ ပင်ကို စူူးစမ်းတတ်တဲ့စိတ်၊ စိတ်အား ထက်သန်မှုနဲ့ စွန့်စားတတ်တဲ့ စိတ်ထားတွေက ရေပူထဲမှာတောင် မြေဖြစ်အောင် တည်ဆောက်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးကို စာသင်ကျောင်းလို သဘောထားပြီး

အရာရာကို လေ့လာနေတတ်သူပါ။ သူတို့ရဲ့ မေးခွန်းတွေက ဘယ်တော့မှ အဆုံးမသတ်ဘဲ အမြဲစူးစမ်းလေ့လာပြီးမှ အလုပ်လုပ် တတ်ပါတယ်။ ကျော်ကြားတဲ့ ငါးဂဏန်း ပိုင်ရှင်တွေကတော့ အီဘရာ ဟမ်လင်ကွန်း၊ ဟယ်လင်ကဲလားတို့ ဖြစ်ပါတယ်။

၆ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

စိတ်ကူးယဉ် တတ်သူဖြစ်ပြီး ပျော်စရာကောင်းတဲ့ အရာတွေကို ခံစားတတ်ပါတယ်။ ခိုင်မာတဲ့ မိသားစု သံယောဇဉ်က သူတို့အတွက် အလွန်အရေးကြီးပြီး သူတို့ရဲ့ စိတ်ခံစားမှုက သူတို့ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးထားပါတယ်။

တခြားသူတွေကို ဂရုစိုက်တတ်ပြီး ကူညီတတ်ပါတယ်။ အလွန်သစ္စာရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်လာပါတယ်။ ကျော်ကြားတဲ့ ခြောက်ဂဏန်းပိုင်ရှင်တွေကတော့ အိုင်းစတိုင်း၊ ခရစ္စတိုဖာ ကိုလံဘတ်စ် တို့ ဖြစ်ပါတယ်။

၇ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ပညာရှင်ပါ။ ပုန်းကွယ်နေတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေတတ်ပြီး အရာရာတိုင်းကို လက်ရှိအတိုင်း လက်မခံလိုကြပါဘူး။ စိတ်ခံစားမှုပေါ် မူတည်ပြီး ဆုံးဖြတ်ချက် မချတတ်သလို ဘဝမှာ စူးစမ်းလေ့လာမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဘယ်တော့မှ မြန်မြန်မစတင်ဘဲ နှေးနှေးနဲ့

မရပ်မနားသွားရင် ပန်းတိုင်ကို ရောက်လိမ့်မယ်ဆိုတာ သူတို့ လက်သုံးစကားပါ။ အထီးကျန်တတ်သလို လျှို့ဝှက်ချက်ကိုလည်း သဘောကျတတ်ပါတယ်။ ကိုယ်ပိုင် သီးသန့်ကမ္ဘာမှာ ပျော်မွေ့သလို သူတို့ လက်ခံသင့်တဲ့ အရာအတွက် စေ့စေ့စပ်စပ် လေ့လာတတ်ပါတယ်။ ကျော်ကြားတဲ့ ခုနှစ်ဂဏန်း ပိုင်ရှင်တွေကတော့ ဝီလျံရှိတ်စပီးယား၊ ဒိုင်ယာနာတို့ ဖြစ်ပါတယ်။

၈ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ပြဿနာကို ဖြေရှင်းတတ်သူပါ။ အသက်မွေးဝမ်းကျောင်း အလုပ်အနေနဲ့ ညှိနှိုင်းပေးရတာ ဖျန်ဖြေဆုံးဖြတ်ပေးရတာတွေနဲ့ ဆိုင်တဲ့ အလုပ်တွေမှာ တော်ပါတယ်။ ဘဝမှာ ကောင်းမွန်စွာ နေနိုင်ဖို့

အစီအစဉ်တွေ ချမှတ်ထားသူပါ။ လူတွေ အပေါ် အကောင်း မြင်တတ်သူပါ။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လိုအပ်ချက်တွေကို လေ့လာသင့်ပါတယ်။ ကျော်ကြားတဲ့ ရှစ်ဂဏန်း ပိုင်ရှင်တွေ ကတော့ ဂျိန်းဖောင်ဒါ၊ ဂျော့ရှ်ဟယ်ရီဆင်တို့ ဖြစ်ပါတယ်။

၉ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ဖျော်ဖြေတင်ဆက်သူပါ။ အလွန်ကြင်နာပြီး ရက်ရောတဲ့သူတွေ ဖြစ်ပြီး သူတစ်ပါးကို ပျော်ရွှင်အောင် လုပ်ပေးတတ်သူပါ။ သူစိမ်းဆိုတာ မရှိဆိုတဲ့ စကားကို လက်ကိုင်ထားပြီး အားလုံးကို မိတ်ဆွေ ရင်းချာလို ခင်မင်တတ်သူပါ။

တခြားသူတွေကို နားလည်နိုင်စွမ်းရှိပြီး ကံကောင်းတတ်သူလည်း ဖြစ်ပါတယ်။ ကျော်ကြားတဲ့ ကိုးဂဏန်းပိုင်ရှင်တွေကတော့ ပရက်စလေး ဟယ်ရီဆင်ဖို့ဒ်တို့ ဖြစ်ပါတယ်။

Credit