Local News

ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး ၁၀နိုင်ငံ စာရင်းထဲဝင်သွားတဲ့ မြန်မာ

ပြည်သူရွေးချယ်ထားသည့် အစိုးရကို ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းပြီး ၆လအကြာတွင် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုး ဇောက်ထိုးကျဆင်းကာ ကမ္ဘာ့ပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံး ၁၀နိုင်ငံ စာရင်းသို့ ဝင်ရောက်သွားသည်။ဩဂုတ်လ နောက်ဆုံးသီတင်းပတ်က

ထုတ်ပြန်သည့် ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် Hanke ငွေကြေးဖောင်းပွမှုအစီရင်ခံစာတွငမြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်းနှုန်းရှိကာ အီရန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၉သို့ ရောက်ရှိသွားသည်။ပြည်သူ့အစိုးရ နောက်ဆုံးအုပ်ချုပ်ခဲ့သည့်

ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းမှာ ၂ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိရာမှ ၃၁ရာခိုင်းနှုန်းသို့ တဟုတ်ထိုး ထိုးတက်သွားခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်၁၃၀၀ ကျော်မှ ကျပ် ၁၈၀၀ ကျော်သို့ ထိုးတက်သွားသည်။

ရွှေဈေးမှာလည်း ကျပ် ၁၇သိန်းခွဲခန့်သို့ တက်လာပြီး ပြည်ပမှုတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်း အီလက်ထရောနစ်ပစ္စည်း တင်သွင်းရောင်းချသူ တစ်ဦးက ပြောသည်။

ဈေးကတော့ ရှယ်တက်တာ။ အရင်က ၆သိန်းလောက်ဟာက အခု ၈သိန်းနား ကပ်သွားတယ်။ စားသောက်ကုန်ဆိုရင်လည်း စားသုံးဆီတွေ ၃၂ ရာခိုင်နှုန်းလောက်ဈေးတက်သွားတယ်” ဟု သူက ပြောသည်။

သြဂုတ် ၁၆ရက်မှာ ပြည်တွင်းအခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားကို ကျပ် ၁၇ သိန်းခန့်အထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် နောက်ရက်မှာ တစ်ကျပ်သားကို ကျပ် ၁၆ သိန်း ၅ သောင်းကို ပြန်လည်ကျဆင်းခဲ့ပါသေးတယ်။

အဲဒီနောက် တရိပ်ရိပ် ပြန်တက်လာပြီး အခု စက်တင်ဘာ ၄ရက် ပြည်တွင်းရွှေဈေးနှုန်းဟာ ဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၁,၇၇၈,၀၀၀ ကျော် အထိ ဈေးကွက်ပေါက်ဈေးရှိပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုးရှိပါတယ်။ ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်ဈေး ရှိပါတယ်။

ဒီလို ဒေါ်လာငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းငွေထက် ခိုင်မာတဲ့ရွှေဈေးကွက်မှာ ပိုပြီးရင်းနှီးမြှုပ်နှံလာကြပါတယ်။ အဲဒီအခါ ဝယ်လိုအားများပြီးရွှေဈေးမြင့်တက်ပါတယ်။

ကမ္ဘာ့ရွှေဈေးတက်ပေမယ့် ပြည်တွင်းမှာ ဝယ်လိုအားရှိသလောက် ရောင်းလိုအားရှိရင် ဈေးက ဒီလောက် မတက်နိုင်ဘူး။ အခုကျတော့ ဝယ်လိုပေမယ့် ရောင်းမယ့်သူက မရောင်းတော့ ဈေးကပိုတက်တယ်။ မရောင်းတာကလည်း ကမ္ဘာ့ရွှေဈေးတက်နေတော့

ရောင်းတဲ့သူက အရမ်းကာရောမရောင်းရဲဘူး။သူပြန်ဝယ်ရင် ဈေးတက်နဲ့ပြန်ဝယ်ရရင် သူရှုံးမှာကိုး။အဲဒီတော့ ဝယ်လိုအားများရွှေဈေးတက်တာ” လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောကြောင်း ဘီဘီစီ သတင်းမှာဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပေါ်နေသည့် ရွှေဈေးနှင့် ဒေါ်လာဈေးမှာ စံချိန်တင် ဈေးအမြင့်ဆုံးဖြစ်နေပြီး မြန်မာ့ငွေကြေးတန်ဖိုးမှာလည်း စံချိန်တင် ကျဆင်းနေခြင်းဖြစ်သည်။ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ပေါက်ဈေးဟာ ကျပ် ၁၈၃၀ ဝန်းကျင်အထိ ဈေးပေါကပြင်ပငွေဈေးက 1USD = 1830

ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ငွေဈေးဟာ သမိုင်းတလျှောက်အမြင့်ဆုံးစံချိန်တင်ရောက်ခဲ့တာပါ။ August 28 တရုတ်အထူးကိုယ်စားလှယ်ပြန်ပြီး ခုလို ဒေါ်လာဈေးတက်ခဲ့တာကို တိုက်ဆိုင်မှုအဖြစ်တွေ့ရပါတယ်။

လာမယ့် September လလယ်မှာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားပြု ခွင့်ကို မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ဒီဆုံးဖြတ်မှုဟာ ဖြစ်နိုင်ချေ အမျိုးမျိုးရှိနေသလို ပဋိပက္ခတစ်ခုရဲ့အမြင့်ဆုံးအမှတ်(Stalemate) ကို အမြင့်ဆုံးတွန်းပို့နိုင်ပါတယ်။အမြင်​လေး​​တွေလည်း ​ရေးပြခဲ့ကြပါဦး

Credit

Zawgyi

ျပည္သူေရြးခ်ယ္ထားသည့္ အစိုးရကို ဖမ္းဆီးကာ စစ္တပ္က အာဏာသိမ္းၿပီး ၆လအၾကာတြင္ ျမန္မာနိုင္ငံ၏ ေငြေၾကးတန္ဖိုး ေဇာက္ထိုးက်ဆင္းကာ ကမၻာ့ေပၚတြင္ ေငြေၾကးေဖာင္းပြမႈအမ်ားဆုံး ၁၀နိုင္ငံ စာရင္းသို႔ ဝင္ေရာက္သြားသည္။ဩဂုတ္လ ေနာက္ဆုံးသီတင္းပတ္က

ထုတ္ျပန္သည့္ ဂၽြန္စ္ေဟာ့ပ္ကင္းတကၠသိုလ္ Hanke ေငြေၾကးေဖာင္းပြမႈအစီရင္ခံစာတြငျမန္မာနိုင္ငံ၏ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ ၃၁ ရာခိုင္းႏႈန္းရွိကာ အီရန္ကို ေက်ာ္လြန္ၿပီး ကမၻာ့အဆင့္ ၉သို႔ ေရာက္ရွိသြားသည္။ျပည္သူ႔အစိုးရ ေနာက္ဆုံးအုပ္ခ်ဳပ္ခဲ့သည့္

ဇန္နဝါရီလကုန္ ေဖေဖာ္ဝါရီလဆန္းတြင္ ေငြေၾကးေဖာင္းပြမႈ ရာခိုင္ႏႈန္းမွာ ၂ ဒႆမ ၆၁ ရာခိုင္ႏႈန္းသာ ရွိရာမွ ၃၁ရာခိုင္းႏႈန္းသို႔ တဟုတ္ထိုး ထိုးတက္သြားျခင္းျဖစ္ၿပီး ျပင္ပေဈးကြက္တြင္ အေမရိကန္ေဒၚလာ လဲလွယ္ႏႈန္းမွာ တစ္ေဒၚလာလၽွင္ က်ပ္၁၃၀၀ ေက်ာ္မွ က်ပ္ ၁၈၀၀ ေက်ာ္သို႔ ထိုးတက္သြားသည္။

ေရႊေဈးမွာလည္း က်ပ္ ၁၇သိန္းခြဲခန႔္သို႔ တက္လာၿပီး ျပည္ပမႈတင္သြင္းသည့္ စားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ားမွာ ၃၀ ရာခိုင္ႏႈန္းခန႔္ ေဈးတက္သြားေၾကာင္း အီလက္ထေရာနစ္ပစၥည္း တင္သြင္းေရာင္းခ်သူ တစ္ဦးက ေျပာသည္။

ေဈးကေတာ့ ရွယ္တက္တာ။ အရင္က ၆သိန္းေလာက္ဟာက အခု ၈သိန္းနား ကပ္သြားတယ္။ စားေသာက္ကုန္ဆိုရင္လည္း စားသုံးဆီေတြ ၃၂ ရာခိုင္ႏႈန္းေလာက္ေဈးတက္သြားတယ္” ဟု သူက ေျပာသည္။

ၾသဂုတ္ ၁၆ရက္မွာ ျပည္တြင္းအေခါက္ေရႊေဈးႏႈန္း တစ္က်ပ္သားကို က်ပ္ ၁၇ သိန္းခန႔္အထိ စံခ်ိန္တင္ျမင့္တက္ခဲ့ေပမယ့္ ေနာက္ရက္မွာ တစ္က်ပ္သားကို က်ပ္ ၁၆ သိန္း ၅ ေသာင္းကို ျပန္လည္က်ဆင္းခဲ့ပါေသးတယ္။

အဲဒီေနာက္ တရိပ္ရိပ္ ျပန္တက္လာၿပီး အခု စက္တင္ဘာ ၄ရက္ ျပည္တြင္းေရႊေဈးႏႈန္းဟာ ေဈးကြက္ပိတ္ခ်ိန္မွာ အေခါက္ေရႊတစ္က်ပ္သားကို ၁,၇၇၈,၀၀၀ ေက်ာ္ အထိ ေဈးကြက္ေပါက္ေဈးရွိပါတယ္။

ဇန္နဝါရီ ၃၁ ရက္ေန႔က အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၃၃၁ က်ပ္ တန္ဖိုးရွိပါတယ္။ ဒီကေန႔ စက္တင္ဘာ ၅ ရက္ေန႔ အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၈၃၀ အထိ ျပင္ပ ေပါက္ေဈး ရွိပါတယ္။

ဒီလို ေဒၚလာေငြလဲႏႈန္းျမင့္တက္လာတာေၾကာင့္ ျပည္တြင္းေငြထက္ ခိုင္မာတဲ့ေရႊေဈးကြက္မွာ ပိုၿပီးရင္းႏွီးျမႇုပ္ႏွံလာၾကပါတယ္။ အဲဒီအခါ ဝယ္လိုအားမ်ားၿပီးေရႊေဈးျမင့္တက္ပါတယ္။

ကမၻာ့ေရႊေဈးတက္ေပမယ့္ ျပည္တြင္းမွာ ဝယ္လိုအားရွိသေလာက္ ေရာင္းလိုအားရွိရင္ ေဈးက ဒီေလာက္ မတက္နိုင္ဘူး။ အခုက်ေတာ့ ဝယ္လိုေပမယ့္ ေရာင္းမယ့္သူက မေရာင္းေတာ့ ေဈးကပိုတက္တယ္။ မေရာင္းတာကလည္း ကမၻာ့ေရႊေဈးတက္ေနေတာ့

ေရာင္းတဲ့သူက အရမ္းကာေရာမေရာင္းရဲဘူး။သူျပန္ဝယ္ရင္ ေဈးတက္နဲ႔ျပန္ဝယ္ရရင္ သူရႈံးမွာကိုး။အဲဒီေတာ့ ဝယ္လိုအားမ်ားေရႊေဈးတက္တာ” လို႔ ျမန္မာနိုင္ငံ ေရႊလုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉး ဦးအုန္းၿမိဳင္က ေျပာေၾကာင္း ဘီဘီစီ သတင္းမွာေဖာ္ျပထားပါတယ္။

လက္ရွိျဖစ္ေပၚေနသည့္ ေရႊေဈးႏွင့္ ေဒၚလာေဈးမွာ စံခ်ိန္တင္ ေဈးအျမင့္ဆုံးျဖစ္ေနၿပီး ျမန္မာ့ေငြေၾကးတန္ဖိုးမွာလည္း စံခ်ိန္တင္ က်ဆင္းေနျခင္းျဖစ္သည္။ျပင္ပေဈးကြက္မွာ တစ္ေဒၚလာ ေပါက္ေဈးဟာ က်ပ္ ၁၈၃၀ ဝန္းက်င္အထိ ေဈးေပါကျပင္ပေငြေဈးက 1USD = 1830

ေရာက္ခဲ့တယ္လို႔ဆိုပါတယ္။ ေငြေဈးဟာ သမိုင္းတေလၽွာက္အျမင့္ဆုံးစံခ်ိန္တင္ေရာက္ခဲ့တာပါ။ August 28 တ႐ုတ္အထူးကိုယ္စားလွယ္ျပန္ၿပီး ခုလို ေဒၚလာေဈးတက္ခဲ့တာကို တိုက္ဆိုင္မႈအျဖစ္ေတြ႕ရပါတယ္။

လာမယ့္ September လလယ္မွာ ျမန္မာနိုင္ငံရဲ့ ကုလသမဂၢကိုယ္စားျပဳ ခြင့္ကို မဲခြဲဆုံးျဖတ္ဖို႔ရွိေနပါတယ္။ဒီဆုံးျဖတ္မႈဟာ ျဖစ္နိုင္ေခ် အမ်ိဳးမ်ိဳးရွိေနသလို ပဋိပကၡတစ္ခုရဲ့အျမင့္ဆုံးအမွတ္(Stalemate) ကို အျမင့္ဆုံးတြန္းပို႔နိုင္ပါတယ္။အျမင္​ေလး​​ေတြလည္း ​ေရးျပခဲ့ၾကပါဦး

Credit