Local News

ချေးငွေပြန်မဆပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုအရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံး ခံစားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေတွေကို အရင်းနဲ့အတိုး တပေါင်းတည်း ပြန်ဆပ်ဖို့

စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်ချေးငွေကပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်ဒီချေးငွေတွေကို ကိုဗစ်-၁၉ ရန်ပုံငွေကနေ ပြီးခဲ့တဲ့နှစ်

၂၀၂၀ ဧပြီလကနေ စတင်ပြီး အသုတ်လိုက် ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။ အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေသက်တမ်း တစ်နှစ် သတ်မှတ်ပြီး ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးပေးခဲ့တာပါ

စစ်ကောင်စီလက်ထက်မှာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ရာမှာ ငွေကြေးလည်ပတ်မှု အဆင်ပြေစေဖို့အတွက် ချေးငွေပြန်ဆပ်ကာလကို နောက်ထပ် ၆ လစီ သက်တမ်းတိုးပေးခဲ့ပါတယ်နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံစဉ

ဒါကြောင့် ချေးငွေခွင့်ပြုသက်တမ်း တစ်နှစ်နဲ့ ခြောက်လထက် ကျော်လွန် ပျက်ကွက်တဲ့ လုပ်ငန်းရှင်တွေက ရက်အလိုက် ကောက်ခံမယ့် ဒဏ်ကြေးငွေကို သတ်မှတ်ချက်အတိုင် ပေးဆောင်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတာကြောင့် အစိုးရက မတည်ထူထောင်ထားတဲ့ ကိုဗစ်−၁၉ ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံကို အထိနာဆုံး စီးပွားရေးကဏ္ဍတွေက လုပ်ငန်းရှင်တွေအတွက် ချေးငွေထုတ်ပေးဖို့ NLD အစိုးရ လက်ထက်က စီစဉ်ခဲ့တာဖြစ်ပြီး

ပြည်ထောင်စုရဲ့ဘဏ္ဍာရန်ပုံငွေထဲက ကျပ် ၁၀၀ ဘီလီယံကို ဒုတိယအသုတ် ချေးငွေ အစီအစဉ်အတွက် ထပ်မံဖြည့်ဆည်း ဆောင်ရွက်ခဲ့ပါတယ်ဒါ့အပြင် ကိုဗစ် ၁၉ နှင့် အာဏာသိမ်းမှု အကျိုးဆက်များကြောင့် အခွန်ငွေ ကောက်ခံမှုနှင့် နိုင်ငံတကာအဖွဲ့

အစည်းများ၏ ငွေကြေး ထောက်ပံ့မှုများ လျော့ကျနေ၍ လိုငွေပြလာသော ဘဏ္ဍာရေးအခြေအနေကို စစ်ကောင်စီက ငွေစက္ကူအသစ်များ ရိုက်နှိပ်ကာ ဖြည့်တင်းလျက် ရှိနေသည်ငွေစက္ကူအသစ်များ ရိုက်နှိပ်ပြီး ဘဏ္ဍာငွေ ဖြည့်တင်းခြင်းကို

စစ်ကောင်၏ လက်အောက်ခံ ဗဟိုဘဏ်က တရားဝင်ထုတ် ကြေညာခြင်း မရှိသော်လည်း ယခု သီတင်းပတ်အစ ဩဂုတ်လ ၃၀ ရက် (လစာထုတ်ရက်) မှ စတင်ကာ ငွေစက္ကူ အသစ်များသည် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှတဆင့် အများပြည်သူလက်ထဲသို့ ရောက်ရှိလာနေပြီ ဖြစ်သည်

အခွန်ကောက်လို့လည်း သိပ်မရဘူး၊ ထီလက်မှတ် ရောင်းတာလည်း မရောင်းရဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း မဝင်ဘူး။ အကူအညီတွေလည်း မရဘူး ဆိုတော့ ငွေစက္ကူအသစ် ရိုက်ထုတ်ပြီးပဲ သူ့အသုံးစရိတ်အတွက် ကျားကန်ရမှာပဲ ” ဟု စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တို့တွင် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှုကို ဗဟိုဘဏ်မှ တိုက်ရိုက်ဖြည့်တင်းခြင်း (ငွေစက္ကူရိုက်ထုတ်ခြင်း) အစား ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ ရောင်းချပြီးမှသာ

လိုအပ်သည့်ဘဏ္ဍာငွေကိုသာ ဗဟိုဘဏ်က ဖြည့်ဆည်းခြင်း နည်းလမ်းကို အသုံးပြုခဲ့ကြကြောင်း ၎င်းက ဆိုသည်ယခင် ၁ သောင်းတန် ငွေစက္ကူများနှင့် အသစ်ရိုက်ထုတ်ထားသော ငွေစက္ကူများကို နှိုင်းယှဉ်ပြထားစဉ်ယခင် ၁ သောင်းတန် ငွေစက္ကူများနှင့် အသစ်ရိုက်ထုတ်ထားသော ငွေစက္ကူများကို နှိုင်းယှဉ်ပြထားစဉ်

လက်ရှိအခြေအနေများအရ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာကို ကျပ် ၁၈၀၀ ကျော် အထိ ဆက်တိုက် မြင့်တက်သွားနိုင်ခြေရှိပြီး ပြန်လည်တည်ငြိမ်ပါကလည်း ကျပ် ၁၇၅၀ မှ ၁၇၈၀ ခန့်မှသာ ဖြစ်နိုင်ပြီး

စစ်တပ်အာဏာ မသိမ်းမီအချိန်က ရှိခဲ့သော ၁ ဒေါ်လာ ကျပ် ၁၃၀၀ ကျော် အနေအထားသို့ ပြန်လည်ရောက်ရှိရန် ဘယ်လိုမှမဖြစ်နိုင်တော့ကြောင်း ၎င်းက ပြောဆိုသည်စစ်တပ်က အာဏာမသိမ်းမီကာလတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည်

တဒေါ်လာကို ကျပ် ၁၃၂၀ ဝန်းကျင်သာ ရှိခဲ့ပြီး အာဏာသိမ်းပြီး ၇ လအတွင်း၌ အမေရိကန်ဒေါ်လာဈေးသည် ၁ ဒေါ်လာကို ကျပ် ၅၀၀ ကျော်အထိ မြင့်တက်သွား ခြင်း ဖြစ်သည်မြန်မာနိုင်ငံ၏ စီးပွားရေးသည် အနုတ် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး

ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ် အကိုင် အခွင့်အလမ်းပေါင်း ၁၂ သန်းခန့် ဆုံးရှုံးသွားနိုင်ခြေရှိကာ လာမည့် ၂၀၂၀ အစောပိုင်းတွင် ဆင်းရဲနွမ်းပါးသည့် လူဦးရေသည် ၂ ဆ အထိ မြင့်တက်သွားနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက လေ့လာ သုံးသပ်ထားကြသည်

Ref: DVB and Irrawaddy

Credit