Knowledge
ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့ အဓိကအကြောင်းအရင်း (၇)ချက်
ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့ အဓိကအကြောင်းအရင်း (၇)ချက်ဝိတ်ချဖို့ကြိုးစားပေမယ့် ဝိတ်ပိုတက်လာက တကယ်စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။အစားလျှော့စားတာက ဝိတ်ကျစေပေမယ့် အခြားသော အကြောင်းအရင်းတွေကြောင့် ဝိတ်တက်လာနိုင်ပါတယ်။
၁။ လေ့ကျင့်ခန်းလေ့ကျင့်ခန်းလုပ်တာကလည်း ခဏတာ ဝိတ်တက်လာစေပါတယ်။လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်တက်လာတာက ကောင်းမွန်တဲ့ရလဒ်ရလာတော့မယ့် လက္ခဏာတစ်ခုပါပဲ။ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့
အဓိကအကြောင်းအရင်း (၇)ချက်(1)လေ့ကျင့်ခန်းတွေက ကြွက်သားတစ်ရှူးတွေကို ဖျက်စီးလိုက်ပြီး ကြွက်သားတွေကိုပိုသန်မာလာအောင်၊ ပိုကြီးထွားလာအောင် ပြုပြင်ပေးလို့ပါ၊
၂။ Yo-yo dietingအစားကို အလွန်အကျွံလျော့စားတဲ့နည်းဖြစ်တဲ့ Yo-yo dieting ကလည်း ဝိတ်ပြန်တက်စေပါတယ်။ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့ အဓိကအကြောင်းအရင်း (၇)ချက်(2)ဒီနည်းက ၅ နှစ်အတွင်း ဝိတ်ပြန်တက်လာစေပါတယ်။
ခန္ဓါကိုယ်ကို ဆက်လက် ထိန်းသိမ်းထားချင်ရင်တော့Yo-yo dieting ပြီးရင် လေ့ကျင့်ခန်းလုပ်တာ၊ ကာဗွန်ဟိုက်ဒရိတ်နည်းတဲ့ အစားအစာတွေလျှော့စားတဲ့နည်းနဲ့ ဆက်ပြီး ဝိတ်ချလို့ရပါတယ်။
၃။ အမျှင်ဓါတ်နှင့် ပရိုတိန်းကို လုံလောက်အောင်မစားခြင်းအဆီတွေ ပြန်တက်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့အမျှင်ဓါတ်နဲ့ ပရိုတိန်းကို လုံလုံလောက်လောက် မစားတာပါ။ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့ အဓိကအကြောင်းအရင်း (၇)ချက်
(3)အမျှင်ဓါတ်က အစားစားချင်စိတ်ကို ထိန်းချုပ်ပေးပြီးအချိန်အတော်ကြာ ဗိုက်ပြည့်နေတယ်လို့ ခံစားရစေပါတယ်။တစ်နေ့ကို အမျှင်ဓါတ် ၁၄ ဂရမ်စားပေးခြင်းကသင်စားလိုက်တဲ့ ကယ်လိုရီတွေထဲက ၁၀% ကို လျော့ကျစေပါတယ်။
ပရိုတိန်းဓါတ်ကလည်း အချိန်အတော်ကြာ ဗိုက်ပြည့်တယ်လို့ ခံစားရစေပါတယ်။ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့ အဓိကအကြောင်းအရင်း (၇)ချက်(4)ကျန်းမာတဲ့ ဝိတ်ချနည်းဖြစ်ဖို့အတွက် ပရိုတိန်းက အရေးပါပါတယ်။
၄။ အားနာခြင်းသင်က လူမှုဆက်ဆံရေး အလွန်ကောင်းပြီး အသင့်စားအစားအစာတွေ၊အပြင်စာတွေ စားမိရင်လည်း လွယ်လွယ်နဲ့ ဝိတ်ပြန်တက်မှာပါ။ယမကာနဲ့ အချိုရည်တွေကို အားနာပြီး သောက်တဲ့အခါ၊ ဧည့်ခံသမျှတွေကိုအားနာပြီးစားလိုက်တဲ့အခါ အဆီတွေက မြန်မြန်ပြန်ရောက်လာမှာပါ။ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့ အဓိကအကြောင်းအရင်း (၇)ချက်(5
၅။ ဈေးဝယ်စာရင်းမလုပ်ဘဲ ဈေးဝယ်ခြင်းဈေးဝယ်စာရင်းနဲ့ ဈေးဝယ်တာက အချိန်ကုန်သက်သာတဲ့အပြင် ငွေကုန်လည်း သက်သာစေပါတယ်။ဈေးဝယ်စာရင်းနဲ့ မဝယ်တဲ့အခါ မလိုအပ်တဲ့ အစားအစာတွေကိုပါ ဝယ်မိသွားစေပါတယ်။
၆။ သောက်စရာများအချိုရည်၊ ယမကာတွေကလည်း ဝိတ်တက်မြန်စေပါတယ်။ဝိတ်ချနေပေမယ့် ဝိတ်ပြန်တက်လာရတဲ့ အဓိကအကြောင်းအရင်း(၇)ချက်(6)အဲဒီအခါ ကြိုးစားပမ်းစား ဝိတ်ချထားတာတွေက အလကားဖြစ်သွားမှာပါ။
၇။ အလွန်ပင်ပန်းခြင်းအိပ်ချိန်နည်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းက ဝိတ်တက်တာ မြန်စေပါတယ်။အိပ်ချိန်နည်းတဲ့အခါ ဟော်မုန်းတွေ ပြောင်းလဲသွားလိ့ပါ။တစ်နေ့ကို ၇ နာရီအိပ်ခြင်းက ဝိတ်ကျဖို့ ၃၃% အခွင့်အရေးရှိစေပါတယ်။
Credit
Zawgyi
Credit