Knowledge

သင်က ဘယ်လိုလူအမျိုးစားလဲဆိုတာ ရုပ်ပြောင်လေးနှိပ်ပီးဝင် ဖတ်ကြည့်ပါ












credit lotaya

Unicode

သင်က ဘယ်လိုလူအမျိုးအစားလဲဆိုတာကို ပြောပြပေးမယ့် ရုပ်ပြောင်ပုံလေးများနံပါတ် (၁)ရုပ်ပြောင်ပုံလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ တစ်ခြားသူတွေကို ရယ်မောပျော်ရွှင်အောင် လုပ်နိုင်တဲ့အရည်အချင်းရှိပါတယ်။ လူတွေက သင့်ကို ပျော်ပျော်နေတတ်ပြီး ဇွဲလုံလဝီရိယရှိတဲ့လူတစ်ယောက်လို့ ထင်ကြပေမယ့် ၊

အမှန်တစ်ကယ်တော့ သင်ဟာ အငိုမျက်လုံး၊ အပြုံးမျက်နှာနဲ့ လူတစ်ယောက်ပါ။ သင့်ရဲ့နာကြင်မူတွေကို အပြုံးမျက်နှာနဲ့အမြဲဖုံးကွယ်ထားတတ်ပြီး ပျော်ရွှင်ချင်ယောင်ဆောင်နေတဲ့ သနားစရာကောင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

နံပါတ် (၂)ရုပ်ပြောင်ပုံလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ သင့်ရဲ့ခံစားချက်တွေကို ကောင်းကောင်းကြီး လျှို့ဝှက်ထားနိုင်သူတစ်ယောက်ပါ။ သင်ဟာ နည်းစနစ်တကျ တွေးခေါ်စဉ်းစားတတ်ပြီး ပြဿနာတစ်ခုကို အဆုံးထိတာဝန်ယူဖြေရှင်းနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ သင်ဟာပြဿနာတွေကို တာဝန်ယူပြီး မဖြေရှင်းချင်ဘဲ ရှောင်ဖယ်ချင်တဲ့စိတ်လေးတော့ ရှိပါတယ်။
နံပါတ် (၃)ရုပ်ပြောင်ပုံလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဉာဏ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်း အကြံဉာဏ်ကောင်းတွေ ပေးတတ်ပါသေးတယ်။

သင်ဟာ ဘယ်အရာကိုမှ အငြိုးအတေးမထားတတ်ဘဲ အလွယ်တကူမေ့ဖျောက်နိုင်တဲ့ စိတ်ဓာတ်ရှိပါတယ်။ ဒီစိတ်ဓာတ်ကပဲ သင့်ကို ဘဝမှာအောင်မြင်မူတွေကို ဖြစ်စေမှာပါ။


နံပါတ် (၄)ရုပ်ပြောင်ပုံလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ အငြင်းသန်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကို လာထိခိုက်တဲ့လူမှန်သမျှကို အမြဲအနိုင်ယူဖို့ ကြိုးစားတတ်ပါသေးတယ်။ သင့်ရဲ့ခေါင်းမာတတ်တဲ့အကျင့်ကြောင့် အမြဲပြဿနာတွေကို ဖြေရှင်းရတတ်ပါတယ်။

နံပါတ် (၅)ရုပ်ပြောင်ပုံလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝသူတစ်ယောက်ပါ။ သင့်အကူအညီကို လိုအပ်နေတဲ့လူတိုင်းကို အမြဲအကူအညီပေးလေ့ရှိပြီး ပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးတတ်ပါသေးတယ်။

ဒါ့အပြင် မိဘ၊မိတ်ဆွေနဲ့ဆွေမျိုးတွေအတွက် သင်ဟာ ယုံကြည်အားကိုးရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သစ္စာဖောက်ပြီး လိမ်ညာတတ်တဲ့လူမျိုးတွေကို သင်ဟာ အလွန်မုန်းပါတယ်။


နံပါတ် (၆)ရုပ်ပြောင်ပုံလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ အကင်းပါးပြီး လိုချင်တာကိုရအောင်ယူတတ်တဲ့ လူတစ်ယောက်ပါ။ စကားလုံးချိုချိုလေးတွေနဲ့ အလိမ်အညာတွေကို သုံးပြီး လိုချင်တာကို ရအောင်ယူတတ်တဲ့အပြင် နောင်တလုံးဝမရတတ်တဲ့ လူစားမျိုးပါ။

credit lotaya