Knowledge

ပိုင်ရှင်ရှိ ပစ္စည်းကို တပ်မက်မိခဲ့ပြီဆိုတာနဲ့ သင့် Role က အလိုလိုကို အောက်စည်းဝင်သွားတော့တာ

ခုခေတ် မိန်းကလေးတချို့ ဘာဖြစ်ကုန်ကြတာလဲတော့ မသိဘူး

မိဘရဲ့ဆုံးမ သွန်သင်မှု အားနည်းတာလား?ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကပဲအောက်တန်းကျသလား?သူတို့ကိုယ်တိုင် မွေးရာပါ ဗီဇကိုက သန္ဓေယုတ် တာလား?ဆိုတာ သူတို့ ကိုယ်စောင့်နတ်ပဲ သိပါတော့မယ်။

သူများယောက်ျား၊ သူများရည်းစား တဲ့ဟေ့ဆိုရင် ရှောင်ဖို့ နေနေသာသာ လက်တည့်စမ်းပြီးကို ဒိုင်ဗင်ပစ် ဝင်တိုးပလိုက်တာကို ဂုဏ်ယူကြသတဲ့ကွယ်။သူတို့က ဝဋ်လည်မှာတော့မကြောက်ဘူးထင်ပါရဲ့။ ဘာလို့လဲဆို တစ်သက်လုံး အမြှောင် ဘဝနဲ့ လူမသိ

သူမသိ ခိုးခိုးစားရတာကို အရသာတွေ့ကြတာလေ။မသိလို့တွဲမိတာပါဆိုရင်လည်း စဉ်းစားကြည့်ဦး။ မိန်းမတန်မဲ့ ကိုယ်တွဲနေတဲ့ လူအကြောင်းတောင် ဂဃနဏ မသိဘဲ ပစ်ယုံရလောက်အောင် အပေါစားဆန် သတဲ့လား? ခုလို Globalization

သတင်းအချက်လက် မြန်ဆန်တဲ့ ခေတ်မှာ မသိဘူးဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူးလို့ ကျွန်မထင်တယ်။သိရက်နဲ့ မသိချင်ယောင်ဆောင်တာပဲရှိမှာ။ သိရက်နဲ့ တွဲတယ်ဆိုထဲက စိတ်ဓာတ် အဆင့်တန်းမရှိတာဖြစ်သွားပြီ။မိန်းမ တစ်ယောက် အဆင့်တန်းဟာ ဝတ်ပုံစားပုံ

အပြောအဆို အမူအကျင့် အကုန် အရေးပါတယ်။ ဒီထဲကမှ စိတ်ဓာတ်ပါ အောက်တန်းကျနေရင် သွားတော့တာပေါ့။ဘာသာတရားကိုင်းရှိုင်းတယ်ဆိုတာ ဘုရားသွားပြီး ဓာတ်ပုံရိုက်တာနဲ့ လူအထင်ကြီးပြီ မှတ်နေသလား? ဘုရားဟော အဆုံးအမ ဒုသနသော ဆိုတဲ့ အကြောင်းကို သံဝေဂရဖို့ ဦးနှောက်ပါမလာကြဘူး။

ရည်းစားပဲဟာ ကာမပိုင်လင်မှ မဟုတ်တာ လုခွင့်ရှိတာပဲလို့ ရဲရဲကြီး ရှက်ကြောပြတ်ကြွေးကြော်နေတဲ့ ဝါရင့် သမ္ဘာရင့် လင်လု ချန်ပီယံတွေကိုလည်း ထူးဆန်း အံ့သြစွာ တွေ့ရှိရတယ်။ ဒါဆို ကိုယ့်အလှည့်ကျ ပြုံးပြုံးကြီး ခေါင်းလောင်းထိုးလှူနိုင်တယ်ဆို လုပစ်လိုက်ပါ။

ပိုင်ရှင်ရှိ ယောက်ျားတို့ Official သူများအားကျတဲ့ အတွဲတွေကိုမှ လောင်းကြေးထပ် စိန်ခေါ်ပြီး လိုက်တဲ့ အကြောင်းတွေလည်း ကြားနေရတယ်။တချို့ မိန်းကလေးတွေဆို အနှီမိန်းမအမျိုးစားတွေကို ကြောက်လို့ ကိုယ့်ချစ်သူကိုယ်တောင်

ဘယ်သူရယ်လို့ ထုတ်ဖော်မပြရဲကြဘူး။အဲ့တော့ ကိုယ့်ဂုဏ်သိက္ခာကြီး ဘယ်နှစ်ပြားဖိုး တက်သွားသလဲ? ကိုယ့်အတွက်ကော သူများအတွက်ကော အကျိုးမရှိပဲ လုပ်တဲ့ လုပ်ရပ်ဆို လူဖြစ်ရက်နဲ့ တိရစ္ဆာန်စိတ်နဲ့ ရှင်သန်နေတယ်ပဲသတ်မှတ်တယ်။

ဒါဂုဏ်ယူစရာမှ မဟုတ်တာ။ ကိုယ်ဟာ လင်တရူးပါ သူများပိုင်ရှင်ရှိပြီးတာ ဘာညာနားမလည်ဘူး ယောက်ျားဖြစ်ပြီးရော ကျွန်မဟာ အပေါစား လွယ်လွယ်ရတဲ့ အတန်းစားပါလို့ ကြေငြာနေတာနဲ့ အတူတူပဲ။ အဲ့လို မိန်းမစားတွေကိုလည်း ဘယ်ယောက်ျားကမှ

မက်မောလွန်းလို့ တွယ်ကပ်နေမှာ မဟုတ်ဘူး။ အလကားရလို့သာ အလွယ်သုံးနေမှာ။သူ့ချစ်သူကိုသာ တကယ်ချစ်ရင် ကိုယ့်ကိုဘယ်တွဲပါ့မလဲ ကိုယ့်ကို ချစ်လွန်းလို့ရယ်တော့ မထင်ပါနဲ့။ သင်ဟာ စုံတွဲ တစ်တွဲရဲ့ တတိယလူအနေနဲ့

ကြားဝင်လိုက်ပြီ ဆိုတာနဲ့ ကာယကံရှင် သင့်ကို ယိုင်လာသည် ဖြစ်စေ၊ မယိုင်လာဘူး ဖြစ်စေ၊ အသေချာဆုံးက သင်ဟာ တတိယတန်းစား အပေါစား အရင် ဖြစ်သွားပြီလေ။A relationship is only for two people,but some bitches do not know how to count” ထိုစာသား သိပ်သဘောကျမိတာ ခပ်ရိုင်းရိုင်း ခပ်ထိထိကို ခိုင်းနှိုင်းထားတာ။

အန်တီသစ်သစ်မြင့်ဆိုင် ပြောဖူးသလိုပေါ့။ ထိုမိန်းမတွေဆိုတာ ညအိပ်ဝတ်စုံ အတန်းစားပေါ့။ ပွဲတိုးလို့ မရဘူးလေ။ သူတို့ဟာ ယောက်ျားတစ်ယောက် လိုဘအတွက် ဖြည့်စွက်ခံ လူတန်းစားသက်သက်ပဲ။ ဘယ်နေရာမှ သုံစားမရဘူး။ ဘောင်မဝင်ဘူး။

ယောက်ျားတစ်ယောက်အတွက် တန်ဖိုးကြီး မိန်းမ သပ်သပ် အပေါစား မိန်းမ သပ်သပ်ပါ။ ယောက်ျားကတော့ ယောက်ျားပဲ။ ပုထုဇဉ် ပုရိသ တစ်ယောက်ကတော့ မိန်းမမာယာ သဲကိုးဖြာကို လွန်ဆန်ဖို့ ခက်မှာပေါ့ ဒါသဘာဝပဲ။မိန်းမဖျက်ရင် ပြည်တောင် ပျက်တယ်ဆိုတဲ့ စကား

ရှေးထဲက ပေါ်လာတာ အလကားမှ မဟုတ်တာ။သင်တို့မြှူဆွယ် ဖြားယောင်းလိုက်တဲ့ယောက်ျားနေရာမှာ ကိုယ့်အဖေကို မြင်ယောင်ကြည့်လိုက်ပါ။ ကိုယ့်မိသားစုရဲ့ ဦးစီးခေါင်းဆောင် အားကိုးရတဲ့ အဖေဆိုတဲ့ သူကို ကိုယ့်လိုမိန်းမနဲ့ ဖောက်ပြန်နေတယ် မြင်ကြည့်လိုက်စမ်းပါ။

သင့်မိခင် သင့်မိသားစု မည်သို့ ခံစားရမည်နည်း?မိန်းကလေးတွေ ကိုယ့်ရဲ့ အပေါစား ဆန်ဆန် လုပ်ရပ်အတွက် ရခဲ့တဲ့ သာယာမှုတွေကို အချစ်လို့ အထင်မှား ခေါင်းစဉ်မတပ်မိပါစေနဲ့။ ကိုယ့်အကုသိုလ် အကျိုးပေးချိန် ရောက်မှ နောင်တမရပါစေနဲ့။

ကိုယ်တစ်ကယ် ချစ်တဲ့သူတွေ့မှ တစ်ချိန်က ကြာကူလီ အမြှောင်ဘဝမှာ ပျော်ခဲ့တဲ့ မိန်းမမှန်းသာ သိခဲ့ရင် ဘယ်ယောက်ျားက တန်ဖိုးထားနိုင်ပါဦးမလဲ?ပိုင်ရှင်ရှိ ပစ္စည်းကို တပ်မက်မိခဲ့ပြီဆိုတာနဲ့ သင့် Role က အလိုလိုကို အောက်စည်းဝင်သွားတော့တာ။ မိန်းကလေး တစ်ယောက်ဟာ တစ်ခါ အောက်စည်းဝင်

အောက်တန်းကျသွားရင် အပေါ်ပြန်တက်နိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲ့ဒီ အမဲစက်ဟာ အရိပ်မဲလို လိုက်နေမှာပဲ။ကိုယ့်ဘာသာ ဘာကောင်မကြီးဖြစ်နေပါစေ ပတ်ဝန်းကျင်က သင့်ကို အပေါစားလို့ သတ်မှတ်ပြီးသားပဲ။ကိုယ့်ကြောင့် သူတစ်ပါး ယုံကြည်မှုတွေမိသားစုတွေ ပြိုကွဲအောင် တဏှာ ရာဂ မကြီးကြပါနဲ့လို့။

မိန်းမတစ်ယောက်ဟာ မိန်းမကောင်း ပီသတဲ့ စိတ်ဓာတ်ပဲရှိပါစေ။ ပြည့်တန်ဆာ စိတ်ဓာတ်မျိုး မမွေးမြူမိပါစေနဲ့။ ကိုယ့်လိပ်ပြာ ကိုယ်လုံစွာ ရှင်သန်နိုင်ကြပါစေ။

All girls peace

Credit