Local News

ကိုပေါက်ဆီမှာ လေ့လာစရာတွေ အများချည်းရှိတယ်လို့ ပြောလာတဲ့ ဒါရိုက်တာ သည်ခေတ်နေ

တော်လှန်ရေးအရေးတော်ပုံကြီးအတွက် ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း သူတို့ရဲ့အောင်မြင်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကိုစွန့်လွှတ်ကာ တိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။

အခက်အခဲတွေအမျိုးမျိုးကြားက မိသားစုလိုက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့သူတွေရှိသလို နှောင်ကြိုးတွေကို နောက်ဆံတင်းစွာထားခဲ့ပြီး အများအကျိုးအတွက် ကြိုးစားနေကြတဲ့ အနုပညာရှင်တွေလည်း ရှိနေကြပါတယ်ချီးကျူးစရာကောင်းလောက်အောင် ကျရာတာဝန်ကိုထမ်းကာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်၊ ဒါရိုက်တာသည်ခေတ်နဲ့ မင်းမော်ကွန်းတို့ မိသားစုတွေကလည်း အပါအဝင်ပါပဲ။

လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး နေထိုင်ဖြတ်သန်းနေတဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေလေ့ရှိကြတာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ဒါရိုက်တာ သည်ခေတ်နေတစ်ယောက် သူ့ကို ဆံပင်ညှပ်ပေးနေတဲ့ စွယ်စုံအနုပညာရှင်ကြီး ဒါရိုက်တာကိုပေါက်နဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ်။

လွတ်မြောက်နယ်မြေမှာ ဟင်းချက်တာဝန်ယူထားတဲ့အပြင် အားကိုးရလောက်အောင် ဘတ်စုံတော်ပြီး ဆံပင်ပါညှပ်တတ်တဲ့ ဒါရိုက်တာကိုပေါက်ကို သဘောကျစွာချီးကျူးလိုက်တာ ဖြစ်ပါတယ်။ဒါရိုက်တာတစ်ယောက်အဖြစ်၊ ဇာတ်ညွှန်းရေး ဝတ္တုရေးသလို ပန်းချီဆွဲတာနဲ့ သီချင်းရေးတာအပြင် ဟင်းလည်းချက်တတ်ပြီး အခုလည်း သူ့ရဲ့ဆံပင်ကို သေသေချာချာကျကျနန ညှပ်ပေးနေတဲ့ ကိုပေါက်ရဲ့လက်စွမ်းကိုလည်း ပြသထားပါသေးတယ်

ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကြည့်ကာ သဘောကျနေပြီး တော်လှန်ရေးသူရဲကောင်းတွေအားလုံး ရောက်တဲ့နေရာတိုင်းမှာ အန္တရာယ်ကင်းပြီး ဘေးရှင်းစွာနဲ့ ပြန်လာကြဖို့ ဆုတောင်းရင်းအားပေးထားကြပါတယ်နော်

သတင်းအရင်းမြစ် The Khit Nay

Credit

Zawgyi

ေတာ္လွန္ေရးအေရးေတာ္ပုံႀကီးအတြက္ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္ေတြကလည္း သူတို႔ရဲ့ေအာင္ျမင္ေက်ာ္ၾကားမႈနဲ႔ ခ်မ္းသာႂကြယ္ဝမႈေတြကိုစြန႔္လႊတ္ကာ တိုက္ပြဲဝင္ေနၾကတာ ေတြ႕ရပါတယ္။အခက္အခဲေတြအမ်ိဳးမ်ိဳးၾကားက မိသားစုလိုက္ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့သူေတြရွိသလို ေႏွာင္ႀကိဳးေတြကို ေနာက္ဆံတင္းစြာထားခဲ့ၿပီး အမ်ားအက်ိဳးအတြက္ ႀကိဳးစားေနၾကတဲ့ အႏုပညာရွင္ေတြလည္း ရွိေနၾကပါတယ္

ခ်ီးက်ဴးစရာေကာင္းေလာက္ေအာင္ က်ရာတာဝန္ကိုထမ္းကာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၾကတဲ့ အႏုပညာရွင္ေတြထဲမွာ ဒါရိုက္တာကိုေပါက္၊ ဒါရိုက္တာသည္ေခတ္နဲ႔ မင္းေမာ္ကြန္းတို႔ မိသားစုေတြကလည္း အပါအဝင္ပါပဲ။

လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနၿပီး ေနထိုင္ျဖတ္သန္းေနတဲ့ အေတြ႕အၾကဳံေတြကို ျပန္လည္မၽွေဝေလ့ရွိၾကတာလည္း ျဖစ္ပါတယ္။ အခုတစ္ခါမွာလည္း ဒါရိုက္တာ သည္ေခတ္ေနတစ္ေယာက္ သူ႔ကို ဆံပင္ညႇပ္ေပးေနတဲ့ စြယ္စုံအႏုပညာရွင္ႀကီး ဒါရိုက္တာကိုေပါက္နဲ႔ ပုံရိပ္ေတြကို ေဝမၽွလာပါတယ္။လြတ္ေျမာက္နယ္ေျမမွာ ဟင္းခ်က္တာဝန္ယူထားတဲ့အျပင္ အားကိုးရေလာက္ေအာင္ ဘတ္စုံေတာ္ၿပီး ဆံပင္ပါညႇပ္တတ္တဲ့ ဒါရိုက္တာကိုေပါက္ကို သေဘာက်စြာခ်ီးက်ဴးလိုက္တာ ျဖစ္ပါတယ္။

ဒါရိုက္တာတစ္ေယာက္အျဖစ္၊ ဇာတ္ညႊန္းေရး ဝတၱဳေရးသလို ပန္းခ်ီဆြဲတာနဲ႔ သီခ်င္းေရးတာအျပင္ ဟင္းလည္းခ်က္တတ္ၿပီး အခုလည္း သူ႔ရဲ့ဆံပင္ကို ေသေသခ်ာခ်ာက်က်နန ညႇပ္ေပးေနတဲ့ ကိုေပါက္ရဲ့လက္စြမ္းကိုလည္း ျပသထားပါေသးတယ္

ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ေယာက္ရဲ့ ပုံေလးေတြၾကည့္ကာ သေဘာက်ေနၿပီး ေတာ္လွန္ေရးသူရဲေကာင္းေတြအားလုံး ေရာက္တဲ့ေနရာတိုင္းမွာ အႏၲရာယ္ကင္းၿပီး ေဘးရွင္းစြာနဲ႔ ျပန္လာၾကဖို႔ ဆုေတာင္းရင္းအားေပးထားၾကပါတယ္ေနာ္

သတင္းအရင္းျမစ္ The Khit Nay

Credit