Knowledge

ဒီတစ္ပတ္ ဘယ္လိုအေျခအေနေတြနဲ႔ ၾကံဳေတြ႔ရနိုင္လဲ

ဒီတစ္ပတ္ ဘယ္လိုအေျခအေနေတြနဲ႔ ၾကံဳေတြ႔ရနိုင္လဲဒီရက္ အေတာအတြင္းမွာ မတူညီတဲ့ ေရြးခ်ယ္စရာေတြၾကား နည္းနည္း ဗ်ာမ်ားေနရတာေတြ ၾကံဳရတတ္တယ္။

‌ေရြးခ်ယ္ခ်င္စရာ အေကာင္းဆံုးျဖစ္ေနတဲ့ အရာက သင့္အတြက္ အျမင့္ဆံုးနဲ႔ အေကာင္းဆံုးျဖစ္ဖို႔ မေသခ်ာဘူး။ ေနာက္ျပီး အေလာတိုက္လုပ္ေဆာင္ဖို႔၊ ဆံုးျဖတ္ခ်က္ေတြခ်ဖို႔ ဖိစီးေနတာမ်ိဳးေတြလည္း ခံစားလာရနိုင္တယ္။ဒီအခ်ိန္မွာ အေကာင္းဆံုးကေတာ့ အခ်ိန္ယူျပီး ေရြးခ်ယ္စရာအားလံုးကို ေလ့လာ၊ ဆန္းစစ္ၾကည့္ဖို႔လိုပါတယ္။ ဆံုးျဖတ္ခ်က္ေတြ မခ်ခင္မွာလည္း ကိုယ့္ရဲ႕ ပင္ကိုအသိနဲ႔ ခ်ိန္ဆဖို႔ မေမ့ပါနဲ႔။

2။ လက္ရွိ သင့္ေလွ်ာက္ေနတဲ့ လမ္းမွာ ယံုၾကည္ခ်က္နဲ႔ ေမွ်ာ္လင့္ခ်က္ အျပည့္အ၀ရွိဖို႔လိုပါတယ္။ သင့္ဘ၀ထဲက အျဖစ္အပ်က္ေတြရဲ႕ အေၾကာင္းအရင္းေတြကို လိုက္စဥ္းစားမေနေတာ့ရင္ သင္စိတ္ေတြ လြတ္လပ္သြားမယ္။သင္ စိတ္၀င္စားမႈအရွိဆံုး အရာကို ႏွလံုးသားဆႏၵေတြအတိုင္း လုပ္ကိုင္မယ္ဆို ပိုအဆင္ေျပသြားမယ္ဆိုတဲ့ အသိကိုလည္း ရဲ၀ံစြာ လက္ကိုင္ထားပါ။ အရာတိုင္းက အျမဲတမ္း စိတ္ေဆာင္ရင္ တစ္စတစ္စနဲ႔ ေအာင္ျမင္လာျမဲျဖစ္တဲ့အတြက္ ခိုင္မာတဲ့ စိတ္ခြန္အားရွိဖို႔လည္း လိုပါတယ္။

3။  ဒီ တစ္ပတ္အတြင္း အရာကိစၥေတြဟာ အေပၚယံရွပ္ ျမင္ရတာေလာက္နဲ႔ ယံုၾကည္လို႔မရတာ၊ ေသခ်ာမႈမရွိတာေတြနဲ႔ ေတြ႔ၾကံဳႏိုင္တယ္။ တျခားသူေတြနဲ႔ ပိုျပီး ထဲထဲ၀င္၀င္ ဆက္သြယ္မႈျပဳျပီး ကိုယ့္ စိတ္ဆႏၵရွိတဲ့အတိုင္း၊လုပ္ကိုင္ေဆာင္ရြက္ပါ၊ အဲ့ဒီ့ေနာက္ ခ်င့္ခ်ိန္ႏိုင္စြမ္းနဲ႔ ေရွ႕ဆက္ပါ။ ေျပာလိုက္တဲ့ စကားေတြ၊ ေျပာမထြက္တဲ့ စကားေတြေတြရဲ႕ ေနာက္ကြယ္က အဓိပၸာယ္ေတြကို အထူးဂရုျပဳပါ။

credit shwe mom

Unicode

ဒီတစ်ပတ် ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်လဲဒီရက် အတောအတွင်းမှာ မတူညီတဲ့ ရွေးချယ်စရာတွေကြား နည်းနည်း ဗျာများနေရတာတွေ ကြုံရတတ်တယ်။ ရွေးချယ်ချင်စရာ အကောင်းဆုံးဖြစ်နေတဲ့ အရာက သင့်အတွက် အမြင့်ဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ မသေချာဘူး။နောက်ပြီး အလောတိုက်လုပ်ဆောင်ဖို့၊ ဆုံးဖြတ်ချက်တွေချဖို့ ဖိစီးနေတာမျိုးတွေလည်း ခံစားလာရနိုင်တယ်။ ဒီအချိန်မှာ အကောင်းဆုံးကတော့ အချိန်ယူပြီး ရွေးချယ်စရာအားလုံးကို လေ့လာ၊ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ဆုံးဖြတ်ချက်တွေ မချခင်မှာလည်း ကိုယ့်ရဲ့ ပင်ကိုအသိနဲ့ ချိန်ဆဖို့ မမေ့ပါနဲ့။

2 ။လက်ရှိ သင့်လျှောက်နေတဲ့ လမ်းမှာ ယုံကြည်ချက်နဲ့ မျှော်လင့်ချက် အပြည့်အဝရှိဖို့လိုပါတယ်။ သင့်ဘဝထဲက အဖြစ်အပျက်တွေရဲ့ အကြောင်းအရင်းတွေကို လိုက်စဉ်းစားမနေတော့ရင် သင်စိတ်တွေ လွတ်လပ်သွားမယ်။သင် စိတ်ဝင်စားမှုအရှိဆုံး အရာကို နှလုံးသားဆန္ဒတွေအတိုင်း လုပ်ကိုင်မယ်ဆို ပိုအဆင်ပြေသွားမယ်ဆိုတဲ့ အသိကိုလည်း ရဲဝံစွာ လက်ကိုင်ထားပါ။ အရာတိုင်းက အမြဲတမ်း စိတ်ဆောင်ရင် တစ်စတစ်စနဲ့ အောင်မြင်လာမြဲဖြစ်တဲ့အတွက် ခိုင်မာတဲ့ စိတ်ခွန်အားရှိဖို့လည်း လိုပါတယ်။

3၊ ဒီ တစ်ပတ်အတွင်း အရာကိစ္စတွေဟာ အပေါ်ယံရှပ် မြင်ရတာလောက်နဲ့ ယုံကြည်လို့မရတာ၊ သေချာမှုမရှိတာတွေနဲ့ တွေ့ကြုံနိုင်တယ်။ တခြားသူတွေနဲ့ ပိုပြီး ထဲထဲဝင်ဝင် ဆက်သွယ်မှုပြုပြီး ကိုယ့် စိတ်ဆန္ဒရှိတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်ပါ၊အဲ့ဒီ့နောက် ချင့်ချိန်နိုင်စွမ်းနဲ့ ရှေ့ဆက်ပါ။ ပြောလိုက်တဲ့ စကားတွေ၊ ပြောမထွက်တဲ့ စကားတွေတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို အထူးဂရုပြုပါ။

credit shwemom