Local News

ဒုချုပ်စိုးဝင်း၏ ရုရှားနိုင်ငံ ခရီးစဉ်သီတဂူ ဆရာတော်ကြီးလိုက်ပါ

အရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ ၏ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုရှားနိုင်ငံ ခရီးစဉ်တွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိသရ လည်း လိုက်ပါသွားခဲ့ကြောင်း သိရသည်

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကသီတဂူဆရာတော်ကြီးကဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ ပါသြားတာပါ။ဟိုမှာလည်းသူသီတင်းသုံးနေတဲ့ ကျောင်း ရှိပါတယ်။

ကျောင်းတော်ကြီးကလည်း တပ်အပါအဝင် အများကောင်းမှုနဲ့ လှူဒါန်းထားတဲ့ ကျောင်းကြီးလည်း ဖြစ်ပါတယ် ဟု ပြောသည်သီတဂူ ဆရာတော် အနေဖြင့် ယမန်နေ့ စက်တင်ဘာ ၁ ရက္က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့

ရောက်ရှိကာ သီတင်းသုံးလျက်ရှိသည့် ဓာတ္ပုံမ်ားအား ဗုဒ္ဓဘာသာ ကလ်ာဏယုဝ (YMBA) အသင်း က ယနေ့ ထုတ်ပြန်ထားသည်။သီတဂူ ဆရာတော်သည် အရပ်သား အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်ခေါင်းဆောင်များ၏

မင်းဆရာအဖြစ် နာမည်ကြီးသူဖြစ်ပြီး ယခု ခရီးစဉ်အား မည်သည့်အတွက် လိုက်ပါသွားသည်ကို မသိရွိရေပ။ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် စစ္တပ္က ဝင်ရောက် ယှဉ်ပြိုင်နေသည့် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော International Army Game- 2021

ပိတ္ပြဲ အခမ်းအနား တက်ရောက်ရန် ယမန်နေ့ မနက်ပိုင်းက နေပြည်တော် လေဆိပ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။အဆိုပါ ခရီးစဉ်အတွင်း ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှား အရပ်ဘက်၊ စစ် ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

source-TheIrrawaddy

Credit

Zawgyi







source-TheIrrawaddy

Credit