Local News

ဖခင်ကြီးဆုံးပါးသွားလို့ အားတင်းပြီး ရှေ့ဆက်နေရချိန်မှာပဲ နောက်ထပ်မိသားစုဝင်တစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့အဖြစ်ကို ဖွင့်ဟလာတဲ့မေတ္တာမြင့်မြတ်ဟိန်း

ပြည်သူချစ်အနုပညာရှင်ကြီး ဦးမေတ္တာကတော့ လွန်ခဲ့တဲ့တစ်လက ဒီလိုအချိန်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်ဦးမေတ္တာလို ဟာသလူရွှင်တော်ကောင်းတစ်ယောက်ကို ဆုံးရှုံလိုက်ရတဲ့အပေါ် ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း မိသားစုနဲ့ထပ်တူထပ်မျှ

ဝမ်းနည်းခဲ့ရတာဖြစ်ပါတယဦးမေတ္တာမရှိတော့တဲ့နောက်မှာတော့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကပဲ မိခင်နဲ့ညီမလေးကို နှစ်သိမ့်ဖေးမရင်းနဲ့ ရှေ့ဆက်နေရတာ ဖြစ်ပါတယ်မနေ့ကတော့ မေတ္တာမြင့်မြတ်ဟိန်းက ဝမ်းနည်းစိတ်မကောင်းစရာကောင်းတဲ့အဖြစ်ကို

ကိုယ်တိုင်ကြုံတွေ့ခံစားနေရကြောင်း ဖွင့်ဟလာခဲ့တာ တွေ့ရပါတယ်ဖခင်ကြီးဦးမေတ္တာ ကွယ်လွန်သွားတာ တစ်လပြည့်တော့မယ့်အချိန်မှာပဲ မိခင်ဖြစ်သူရဲ့အမေ (သူ့ရဲ့အဘွား)က ထပ်မံကွယ်လွန်သွားတဲ့အကြောင်းကို မေတ္တာမြင့်မြတ်ဟိန်းက ပြောပြထားတာ ဖြစ်ပါတယ်

ါကြောင့် မေတ္တာမြင့်မြတ်ဟိန်းက ခင်ပွန်းသည်ကိုဆုံးရှုံးထားရလို့ မနည်းအားတင်းပြီး ရှေ့ဆက်နေတဲ့ သူ့ရဲ့မိခင်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုပြီး ဝမ်းနည်းနေတာ ဖြစ်ပါတယ်မေတ္တာမြင့်မြတ်ဟိန်းက “ကံကြမ္မာကြီးရယ် တစ်ယောက်ဆို တော်ပြီပေါ့ဗျ

ကျွန်တော်တို့အခုမှ အားလေးတင်းပြီး ရှေ့ဆက်ဖို့ အမေနဲ့ ညီမလေးနဲ့ အထိုင်လေး ကျရုံရှိသေးတယ် ” ဆိုပြီး ရင်ဖွင့်ထားတာ ဖြစ်ပါတယ်မိခင်ဖြစ်သူခမျာ အရမ်းပင်ပန်းနေမှန်းသိတာကြောင့် မျက်ရည်တွေထပ်မကျစေချင်တော့ဘူးလို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောထားတာလည်း တွေ့ရပါတယ်

အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း မေတ္တာမြင့်မြတ်ဟိန်းရဲ့စာလေးကိုဖတ်ပြီး ထပ်တူထပ်မျှခံစားရတာကြောင့် သူတို့မိသားစုအတွက် အားပေးစကားတွေပြောပေးခဲ့ကြတာ ဖြစ်ပါတယ်

Credit

Zawgyi




ဒါကြောင့် မေတ္တာမြင့်မြတ်ဟိန်းက ခင်ပွန်းသည်ကိုဆုံးရှုံးထားရလို့ မနည်းအားတင်းပြီး ရှေ့ဆက်နေတဲ့ သူ့ရဲ့မိခင်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုပြီး ဝမ်းနည်းနေတာ ဖြစ်ပါတယ်မေတ္တာမြင့်မြတ်ဟိန်းက “ကံကြမ္မာကြီးရယ် တစ်ယောက်ဆို တော်ပြီပေါ့ဗျ



Credit