အစိုးရဆရာ၀န်လုပ်လာတဲ့တလျောက်မှာကိုယ့်အတွက်အခက်ခဲဆုံးကိစ္စကကလေးတယောက်သေသွားပြီအသက်မရှိတော့ဘူးဆိုတာအမေဖြစ်သူကိုပြောရတဲ့အချိန်ပဲ။
သေလောက်မယ့်ရောဂါမို့လို့ကြိုတင်ရှင်းပြထားပြီးသားဆိုရင်တော်သေး။ရုတ်တရက်သေသွားတာမျိုးဆိုသေပြီပြောတဲ့ဆရာ၀န်လုပ်သူပါပြသနာရှာခံထိတတ်တယ်။
လက်ခံရခက်တဲ့သတင်းမို့လို့တော်တော်ဖြေရှင်းရခက်ပါတယ်။ဒါကြောင့်မို့ကိုယ့်ဂျူတီဆိုရင်လဲအဲလိုမျိုးတွေမလာပါစေနဲ့အမြဲဆုတောင်းပေမယ့်ကံကလဲအရမ်းကောင်းဆိုတော့ကိုယ့်EMO နေ့ဆိုအသည်းအသန်ဖျားနာတွေဆုံးပြီးသားတွေခနခနလာတတ်တယ်။
လာတော့လဲအတွေ့အကြုံတွေရတာပေါ့။ပြောပြချင်တာကအဲလိုဆုံးပြီးသားကလေးတွေရောက်လာရင်အများစုကပဲဆီလက်ချက်ဖြစ်နေတာပဲ။ပဲဆီကဘယ်လိုသေစေတာလဲရှင်းပြမယ်။
ကလေးလေးတွေဟာအကြောင်းအမျိုးမျိုးကြောင့် တက် တတ်ပါတယ်။ရောဂါကြောင့်ဖြစ်ဖြစ်အဖျားကြီးလို့ဖြစ်ဖြစ်‘တက်’ တဲ့အခါလူကြီးမိဘတွေက‘တက်’ နေတဲ့ကလေးလေးကိုအတက်ကျအောင်ဆိုပြီးလုပ်မိလုပ်ရာအစုံလုပ်ကြပါတော့တယ်။
တချို့တွေမြန်မာဆေးနည်းဆိုပြီးပါးစပ်ထဲစပါးကြီးသည်းခြေထိုးထည့်တယ်။ငယ်ထိပ်ကိုမှုတ်တယ်။ခြေတွေလက်တွေချိုးတယ်နှိပ်တယ်။တခြားဒေသတွေတော့မသိဘူး။
မြိတ်မြို့ကလူကြီးတွေကတော့ပါးစပ်ထဲပဲဆီလောင်းထည့်ကြတယ်။ပအုန်းရည်ရှာလကာရည်ဆားသကြားအချိုမှုန့်ရည်လောင်းထည့်တယ်။ကြက်ချေးတွေပြာတွေလောင်းထည့်တာလဲရှိတယ်။
ပြောမယုံကြုံမှသိအစုံကိုလုပ်ကြတာ။အဲလိုလုပ်တဲ့သူတွေကလဲစာမတတ်တဲ့ဆင်းရဲသားမိဘကနေဘွဲ့ရပညာတတ်ကျောင်းဆရာမတွေပါပါတာနော်။မိဘကိုယ်တိုင်ကနေအဖိုးအဖွားအိမ်နားနီးချင်းတွေပါပါတာ။
ဆေးရုံမှာတက်လို့ဆိုပြီးရောက်လာတဲ့ကလေးတွေကိုအိမ်မှာဘာလုပ်ပေးလာသလဲမေးလိုက်ရင်ဆယ်ယောက်မှာကိုးယောက်အဲလိုတွေတခုမဟုတ်တခုလုပ်လာကြတယ်။
ဘယ်သူကစတဲ့အယူအဆလဲတော့မသိဘူး။တော်တော်များများကလေးတက်ရင်အဲလိုလုပ်ရတယ်ပဲထင်ကြတယ်။စဉ်းစားကြည့်ပါသတိလစ်တက်နေတဲ့လူတယောက်ရဲ့ပါးစပ်ထဲအရည်တွေပစ္စည်းတွေသွားလောင်းထည့်တဲ့အခါမမျိုချနိုင်ပါဘူး။
တခါထဲအသက်ရှုလမ်းကြောင်းထဲ၀င်သွားရင်ပိတ်ပြီးဆုံးပါလေရော။ရေနစ်သူဝါးကူထိုးလိုက်သလိုပါပဲ။တခါထဲမဆုံးပဲလဲအသက်ရှုလမ်းကြောင်းထဲပစ္စည်း၀င်သောကြောင့်ဖြစ်သောအဆုတ်ရောင်ရောဂါဖြစ်ရင်ဆေးအကြာကြီးထိုးကုရတတ်ပါတယ်။
အမှန်တော့ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်တက်သွားတယ်ဆိုရင်အသက်ရှုလမ်းကြောင်းပွင့်နေအောင်ထားပြီးဆေးရုံခေါ်လာရမှာပါ။ပါးစပ်ထဲနှာခေါင်းထဲဘာမှသွားမထည့်ရပါဘူး။ပါးစပ်ထဲအန်ဖတ်တွေရှိနေရင်တောင်ဖယ်ပစ်ရမှာပါ။
လူနာကိုဘေးတစောင်းအနေအထားချက်ချင်းထားပြီးအသက်ရှုလမ်းကြောင်းပိတ်မနေအောင်လုပ်ပေးရမှာပါ။တက်တာကဦးနှောက်ထဲကပြသနာကြောင့်တက်တာမို့ခြေလက်တွေချိုးနှိပ်လို့မထူးပါဘူး။လူနာအသားနာရုံပဲရှိမှာပါ။
ဘေးတစောင်းထားပြီးဆေးရုံဆေးခန်းခေါ်လာပါ။ပုံထဲကကံဆိုးရှာသူကလေးလေးပါးစပ်မှာပဲဆီတွေနဲ့မည်းနေတာတွေ့မှာပါ။ကိုယ်ကတော့အဲလိုတွေ့လိုက်ကထဲကသွားပြီဆိုတာ၈၀% လောက်သေချာနေပြီ။အဲ့သလောက်ကိုအံတိုနေပြီ။
ကလေးမိဘများကိုပြောချင်တာကကလေးတွေကိုလက်တည့်မစမ်းကြပါနဲ့။ဆရာ၀န်နဲ့တွေ့ခွင့်ပေးလိုက်ပါ။ရောဂါကြီးကြီးမားမားကြောင့်ဆုံးသွားရတာမဟုတ်ပဲအဲလိုပဲဆီထည့်လို့ဆုံးရတာမတန်လွန်းလို့ပါ။ဆေးခန်းပြဖို့ပိုက်ဆံမတတ်နိုင်ရင်လဲအစိုးရဆေးရုံမှာ၂၄နာရီလုံးအလကားလာပြလို့ရနေပါတယ်။
ကလေးမွေးထားရင်လဲကလေးကျန်းမာရေးနဲ့ပတ်သက်လို့ဗဟုသုတရှိအောင်လုပ်ကြပါ။သူငယ်နာကျမ်းနဲ့ပေါက်ကရတွေမလုပ်ကြပါနဲ့။ကလေးဆရာ၀န်ကြီးတွေရေးထားတဲ့စာအုပ်တွေပေ့ချ်တွေအများကြီးရှိပါတယ်။
ဖတ်ကြပါလို့။ဘိတ်မြို့ကလူကြီးမိဘတွေကိုလဲပဲဆီပအုန်းရည်ကိုကိုက်ကြေးကိုက်ကြော်တဲ့နေရာမှာပဲသုံးကြပါ။ကလေးပါးစပ်ထဲမထည့်ကြပါနဲ့ပဲဆီထည့်လို့သေရတဲ့ကလေးတွေများပါပြီလို့ပြောချင်ပါတယ်။
ကလေးလေးကအသက်မပါလာဘူးအမေရယ် လို့နောက်ထပ်မပြောပါရစေနဲ့တော့။အလုပ်နဲ့ပတ်သက်တာတွေဖေ့စဘွတ်ပေါ်မတင်ဖို့ဆုံးဖြတ်ထားသော်လည်းခနခနရင်နာရတဲ့ကိစ္စမို့လို့စာအရှည်ကြီးရေးတင်ပါတယ်။ကြယ်ငါးလေးတကောင်ရှင်သွားရင်ကျေနပ်ပါပြီ။(ဒေါက်တာသူသူဇင်ဦး)
Zawgyi Version
အစိုးရဆရာဝန်လုပ်လာတဲ့တလျောက်မှာကိုယ့်အတွက်အခက်ခဲဆုံးကိစ္စကကလေးတယောက်သေသွားပြီအသက်မရှိတော့ဘူးဆိုတာအမေဖြစ်သူကိုပြောရတဲ့အချိန်ပဲ။သေလောက်မယ့်ရောဂါမို့လို့ကြိုတင်ရှင်းပြထားပြီးသားဆိုရင်တော်သေး။
ရုတ်တရက်သေသွားတာမျိုးဆိုသေပြီပြောတဲ့ဆရာဝန်လုပ်သူပါပြသနာရှာခံထိတတ်တယ်။လက်ခံရခက်တဲ့သတင်းမို့လို့တော်တော်ဖြေရှင်းရခက်ပါတယ်။ဒါကြောင့်မို့ကိုယ့်ဂျူတီဆိုရင်လဲအဲလိုမျိုးတွေမလာပါစေနဲ့အမြဲဆုတောင်းပေမယ့်၊
ကံကလဲအရမ်းကောင်းဆိုတော့ကိုယ့်EMO နေ့ဆိုအသည်းအသန်ဖျားနာတွေဆုံးပြီးသားတွေခနခနလာတတ်တယ်။လာတော့လဲအတွေ့အကြုံတွေရတာပေါ့။ပြောပြချင်တာကအဲလိုဆုံးပြီးသားကလေးတွေရောက်လာရင်အများစုကပဲဆီလက်ချက်ဖြစ်နေတာပဲ။
ပဲဆီကဘယ်လိုသေစေတာလဲရှင်းပြမယ်။ကလေးလေးတွေဟာအကြောင်းအမျိုးမျိုးကြောင့်‘တက်’ တတ်ပါတယ်။ရောဂါကြောင့်ဖြစ်ဖြစ်အဖျားကြီးလို့ဖြစ်ဖြစ်‘တက်’ တဲ့အခါလူကြီးမိဘတွေက‘တက်’ နေတဲ့ကလေးလေးကိုအတက်ကျအောင်ဆိုပြီးလုပ်မိလုပ်ရာအစုံလုပ်ကြပါတော့တယ်။
တချို့တွေမြန်မာဆေးနည်းဆိုပြီးပါးစပ်ထဲစပါးကြီးသည်းခြေထိုးထည့်တယ်။ငယ်ထိပ်ကိုမှုတ်တယ်။ခြေတွေလက်တွေချိုးတယ်နှိပ်တယ်။တခြားဒေသတွေတော့မသိဘူး။
မြိတ်မြို့ကလူကြီးတွေကတော့ပါးစပ်ထဲပဲဆီလောင်းထည့်ကြတယ်။ပအုန်းရည်ရှာလကာရည်ဆားသကြားအချိုမှုန့်ရည်လောင်းထည့်တယ်။ကြက်ချေးတွေပြာတွေလောင်းထည့်တာလဲရှိတယ်။ပြောမယုံကြုံမှသိအစုံကိုလုပ်ကြတာ။
အဲလိုလုပ်တဲ့သူတွေကလဲစာမတတ်တဲ့ဆင်းရဲသားမိဘကနေဘွဲ့ရပညာတတ်ကျောင်းဆရာမတွေပါပါတာနော်။မိဘကိုယ်တိုင်ကနေအဖိုးအဖွားအိမ်နားနီးချင်းတွေပါပါတာ။
ဆေးရုံမှာတက်လို့ဆိုပြီးရောက်လာတဲ့ကလေးတွေကိုအိမ်မှာဘာလုပ်ပေးလာသလဲမေးလိုက်ရင်ဆယ်ယောက်မှာကိုးယောက်အဲလိုတွေတခုမဟုတ်တခုလုပ်လာကြတယ်။
ဘယ်သူကစတဲ့အယူအဆလဲတော့မသိဘူး။တော်တော်များများကလေးတက်ရင်အဲလိုလုပ်ရတယ်ပဲထင်ကြတယ်။စဉ်းစားကြည့်ပါသတိလစ်တက်နေတဲ့လူတယောက်ရဲ့ပါးစပ်ထဲအရည်တွေပစ္စည်းတွေသွားလောင်းထည့်တဲ့အခါမမျိုချနိုင်ပါဘူး။
တခါထဲအသက်ရှုလမ်းကြောင်းထဲဝင်သွားရင်ပိတ်ပြီးဆုံးပါလေရော။ရေနစ်သူဝါးကူထိုးလိုက်သလိုပါပဲ။တခါထဲမဆုံးပဲလဲအသက်ရှုလမ်းကြောင်းထဲပစ္စည်းဝင်သောကြောင့်ဖြစ်သောအဆုတ်ရောင်ရောဂါဖြစ်ရင်ဆေးအကြာကြီးထိုးကုရတတ်ပါတယ်။
အမှန်တော့ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်တက်သွားတယ်ဆိုရင်အသက်ရှုလမ်းကြောင်းပွင့်နေအောင်ထားပြီးဆေးရုံခေါ်လာရမှာပါ။ပါးစပ်ထဲနှာခေါင်းထဲဘာမှသွားမထည့်ရပါဘူး။
ပါးစပ်ထဲအန်ဖတ်တွေရှိနေရင်တောင်ဖယ်ပစ်ရမှာပါ။လူနာကိုဘေးတစောင်းအနေအထားချက်ချင်းထားပြီးအသက်ရှုလမ်းကြောင်းပိတ်မနေအောင်လုပ်ပေးရမှာပါ။တက်တာကဦးနှောက်ထဲကပြသနာကြောင့်တက်တာမို့ခြေလက်တွေချိုးနှိပ်လို့မထူးပါဘူး။
လူနာအသားနာရုံပဲရှိမှာပါ။ဘေးတစောင်းထားပြီးဆေးရုံဆေးခန်းခေါ်လာပါ။ပုံထဲကကံဆိုးရှာသူကလေးလေးပါးစပ်မှာပဲဆီတွေနဲ့မည်းနေတာတွေ့မှာပါ။ကိုယ်ကတော့အဲလိုတွေ့လိုက်ကထဲကသွားပြီဆိုတာ၈၀% လောက်သေချာနေပြီ။အဲ့သလောက်ကိုအံတိုနေပြီ။
ကလေးမိဘများကိုပြောချင်တာကကလေးတွေကိုလက်တည့်မစမ်းကြပါနဲ့။ဆရာဝန်နဲ့တွေ့ခွင့်ပေးလိုက်ပါ။ရောဂါကြီးကြီးမားမားကြောင့်ဆုံးသွားရတာမဟုတ်ပဲအဲလိုပဲဆီထည့်လို့ဆုံးရတာမတန်လွန်းလို့ပါ။
ဆေးခန်းပြဖို့ပိုက်ဆံမတတ်နိုင်ရင်လဲအစိုးရဆေးရုံမှာ၂၄နာရီလုံးအလကားလာပြလို့ရနေပါတယ်။ကလေးမွေးထားရင်လဲကလေးကျန်းမာရေးနဲ့ပတ်သက်လို့ဗဟုသုတရှိအောင်လုပ်ကြပါ။သူငယ်နာကျမ်းနဲ့ပေါက်ကရတွေမလုပ်ကြပါနဲ့။
ကလေးဆရာဝန်ကြီးတွေရေးထားတဲ့စာအုပ်တွေပေ့ချ်တွေအများကြီးရှိပါတယ်။ဖတ်ကြပါလို့။ဘိတ်မြို့ကလူကြီးမိဘတွေကိုလဲပဲဆီပအုန်းရည်ကိုကိုက်ကြေးကိုက်ကြော်တဲ့နေရာမှာပဲသုံးကြပါ။
ကလေးပါးစပ်ထဲမထည့်ကြပါနဲ့ပဲဆီထည့်လို့သေရတဲ့ကလေးတွေများပါပြီလို့ပြောချင်ပါတယ်။“ကလေးလေးကအသက်မပါလာဘူးအမေရယ်” လို့နောက်ထပ်မပြောပါရစေနဲ့တော့။အလုပ်နဲ့ပတ်သက်တာတွေဖေ့စဘွတ်ပေါ်မတင်ဖို့ဆုံးဖြတ်ထားသော်လည်းခနခနရင်နာရတဲ့ကိစ္စမို့လို့စာအရှည်ကြီးရေးတင်ပါတယ်။ကြယ်ငါးလေးတကောင်ရှင်သွားရင်ကျေနပ်ပါပြီ။(ဒေါက်တာသူသူဇင်ဦး)