Local News

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံရန်တရုတ်အစိုးရကတိုက်တွန်း

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးသံတမန် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူစွတ် (Erywan Yusof) သည် မြန်မာနိုင်ငံကို မကြာခင်တွင် သွားရောက်နိုင်ရေး မျှော်လင့်နေကြောင်း အာဆီယံ သံတမန် သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံသို့ သွားရောက်ချိန်တွင် စစ်ကောင်စီ ခေါင်းဆောင်များ အပါအဝင် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ခွင့်ရရေး မျှော်လင့်နေကြောင်း သိရသည်။

အာဆီယံ အထူးသံတမန် Erywan Yusof သည် ကိုယ်စားလှယ်အဖြစ် မခန့်အပ်ရသေးခင် ဇွန်လဆန်းပိုင်းကလည်း မြန် မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

အထူးသံတမန် Erywan Yusof သည် ယခုသွားရောက်မည့် ခရီးစဉ်တွင်iပးရန် အတွက် စစ်ကောင်စီထံ တောင်းဆိုမှု ပြုလုပ်ထားကြောင်းလည်း သိရသည်။Erywan Yusof သည် ပြည်တွင်းပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်သည့် တက်ကြွလှုပ်ရှားသူများ၊

ပညာရှင်များနှင့် Virtual Meeting ဖြင့် သြဂုတ်လ နောက်ဆုံးအပတ်က တွေ့ဆုံဆွေးနွေးထားသေးသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံခွင့်ရရေး ကြိုးပမ်းသွားရန် တရုတ်အစိုးရကလည်း အထူး တလည် တိုက်တွန်းထားကြောင်း သိရသည်။

တရုတ်အစိုးရက အာဆီယံ၏ သဘောတူညီချက် ၅ ချက်ဖြစ်သည့် အကြမ်းဖက် သတ်ဖြတ်မှုများ အဆုံးသတ်ရေး၊ အင်အားစုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး၊ အာဆီယံ ဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေး စသည့် အချက်များကို ထောက်ခံထားသည်။

ထို့ပြင် တရုတ်အထူးကိုယ်စားလှယ် Sun Guoxiang သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

source-TheIrrawaddy

Credit

Zawgyi

အေရွ႕ေတာင္အာရွ နိုင္ငံမ်ားအသင္း (ASEAN) အထူးသံတမန္ ဘ႐ူနိုင္း ဒုတိယ နိုင္ငံျခားေရးဝန္ႀကီး အာရီဝန္ ယူစြတ္ (Erywan Yusof) သည္ ျမန္မာနိုင္ငံကို မၾကာခင္တြင္ သြားေရာက္နိုင္ေရး ေမၽွာ္လင့္ေနေၾကာင္း အာဆီယံ သံတမန္ သတင္းရပ္ကြက္မွ စုံစမ္းသိရွိရသည္။

ျမန္မာနိုင္ငံသို႔ သြားေရာက္ခ်ိန္တြင္ စစ္ေကာင္စီ ေခါင္းေဆာင္မ်ား အပါအဝင္ ထိန္းသိမ္းခံထားရသည့္ နိုင္ငံေတာ္ ၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္လည္း ေတြ႕ခြင့္ရေရး ေမၽွာ္လင့္ေနေၾကာင္း သိရသည္။

အာဆီယံ အထူးသံတမန္ Erywan Yusof သည္ ကိုယ္စားလွယ္အျဖစ္ မခန႔္အပ္ရေသးခင္ ဇြန္လဆန္းပိုင္းကလည္း ျမန္ မာနိုင္ငံသို႔ ေရာက္ရွိလာခဲ့ၿပီး စစ္ေကာင္စီ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့သည္။

အထူးသံတမန္ Erywan Yusof သည္ ယခုသြားေရာက္မည့္ ခရီးစဥ္တြင္iပးရန္ အတြက္ စစ္ေကာင္စီထံ ေတာင္းဆိုမႈ ျပဳလုပ္ထားေၾကာင္းလည္း သိရသည္။Erywan Yusof သည္ ျပည္တြင္းျပည္ပရွိ ျမန္မာ့အေရး ေဆာင္ရြက္သည့္ တက္ႂကြလႈပ္ရွားသူမ်ား၊

ပညာရွင္မ်ားႏွင့္ Virtual Meeting ျဖင့္ ၾသဂုတ္လ ေနာက္ဆုံးအပတ္က ေတြ႕ဆုံေဆြးေႏြးထားေသးသည္။ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အာဆီယံ အထူးသံတမန္တို႔ ေတြ႕ဆုံခြင့္ရေရး ႀကိဳးပမ္းသြားရန္ တ႐ုတ္အစိုးရကလည္း အထူး တလည္ တိုက္တြန္းထားေၾကာင္း သိရသည္။

တ႐ုတ္အစိုးရက အာဆီယံ၏ သေဘာတူညီခ်က္ ၅ ခ်က္ျဖစ္သည့္ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ား အဆုံးသတ္ေရး၊ အင္အားစုအားလုံးႏွင့္ ေတြ႕ဆုံေဆြးေႏြးေရး၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္နိုင္ေရး၊ အာဆီယံ ဆိုင္ရာ အထူးသံတမန္ ခန႔္အပ္ေရး စသည့္ အခ်က္မ်ားကို ေထာက္ခံထားသည္။

ထို႔ျပင္ တ႐ုတ္အထူးကိုယ္စားလွယ္ Sun Guoxiang သည္လည္း ျမန္မာနိုင္ငံသို႔ ေရာက္ရွိလာၿပီး စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည္။

source-TheIrrawaddy

Credit