Local News

KNU သိမ်းထားသည့် တပ်စခန်းအချို့ပြန်ပေးရန် စစ်ကောင်စီတောင်း

ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) သိမ္းထားသည့္ တပ္စခန္းအခ်ိဳ႕ကို ျပန္ေပးရန္ စစ္ေကာင္စီဘက္က ေတာင္းဆိုမႈရွိေနေၾကာင္း သိရသည္။KNU လက္ေအာ က္ခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ (KNLA) တပ္မဟာ ၆ က သိမ္းထားသည့္ စခန္း ၂ ခုကို ျပန္ေတာင္းေနျခင္း ျဖစ္ေၾကာင္း KNU မွ အဆင့္ျမင့္အရာရွိတဦးက ေျပာသည္။…

ယင္းစခန္းမ်ားမွာ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ နယ္ ခုတ္ခြားေတာင္ရွိ ကာလိခီး စခန္းႏွင့္ ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ ႀကိတ္စခန္းတို႔ျဖစ္ၿပီး စစ္ေကာင္စီဘက္က ၂ ဖက္ထားရွိထားေသာ ဆက္သြယ္ေရးလမ္း ေၾကာ င္းမ်ားမွ တဆင့္ ဆက္သြယ္ကာ ျပန္ေတာင္းေနျခင္းျဖစ္သည္။ကာလိခီးစခန္းကို တပ္မဟာ ၆ လက္ေအာ က္ခံ တပ္ရင္း ၁၇ က ဩဂုတ္လ ၂၆ ရက္တြင္ အင္ အားျပ ၿခိမ္းေျခာက္ၿပီး သိမ္းယူခဲ့ျခင္း ျဖစ္သည္။…

ထို႔အတူ ႀကိတ္စခန္းသည္လည္း စစ္ေကာင္စီဘက္က ဩဂုတ္ ၂၁ ရက္တြင္ စြန့္ခြာသြားသည့္ စခန္းျဖစ္ၿပီး ယင္းစခန္းကို KNLA တပ္ရင္း ၁၈ က သိမ္းယူထား သည္။စစ္ေကာင္စီဘက္က ေတာင္းထားသည့္ စခန္း ၂ ခုအနက္ ကာလိခီးစခန္းကိုမူ KNU ဘက္က စစ္ေကာင္ စီအား မၾကာေသးမီက ျပန္လည္တပ္စြဲခြင့္ျပဳလိုက္ၿပီျဖစ္ၿပီး တပ္ရင္း ၁၈ သိမ္းထားသည့္ ႀကိတ္စခန္း ကိစၥႏွင့္ ပတ္သက္၍မူ ၂ ဖက္ညွိႏွိုင္းေနဆဲ ျဖစ္ေၾကာင္း KNU မွ အဆင့္ျမင့္ အရာရွိတဦးက ဆိုသည္။…

“KNU တပ္ရင္း ၁၇ က သိမ္းထားတဲ့ စခန္းကေတာ့ ျပန္ေနခြင့္ေပးလိုက္ၿပီ။ က်ေနာ္တို႔ဘက္က ျပန္ဖြင့္ေပးလိုက္ၿပီ။ အခုက တပ္ရင္း ၁၈ က သိမ္းထားတဲ့ စခန္းကိုလည္း သူတို႔က ျပန္လိုခ်င္တယ္ျဖစ္ေနတယ္” ဟု ၎က ဆိုသည္။

ကာလိခီးစခန္းႏွင့္ ႀကိတ္စခန္းတို႔သည္ KNU ဘက္က တနိုင္ငံလုံးအပစ္ရပ္စာခ်ဳပ္ (NCA) ကို လက္မွတ္မထိုးရေသးမီ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမတိုင္မီ ကတည္းက စစ္တပ္ဘက္က တပ္စြဲထားေသာ စခန္းမ်ားလည္း ျဖစ္သည္။KNU မွ အဆင့္ျမင့္ အရာရွိတဦးက ကာလိခီးစခန္းသည္ စစ္တပ္ဘက္က ယခင္က တည္းက တပ္စြဲထားေသာ စခန္းမ်ား ျဖစ္ေနၿပီး လူအမ်ားေနထိုင္ရာ ေက်း႐ြာမ်ားအနီး၌ မရွိသျဖင့္ ျပန္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း ေျပာသည္။…

“ကာလိခီးစခန္းက အရင္ကတည္းက ရွိတဲ့ေနရာေတြေပါ့။ ရပ္႐ြာထဲမွာလည္း မဟုတ္ေတာ့ ေနခ်င္လည္း လာေနဆိုၿပီး ေပးလိုက္တာေပါ့။ ႀကိတ္စခန္းကေတာ့ ႐ြာထဲမွာလည္း ျဖစ္တယ္။ ႐ြာသူ႐ြာသားေတြဘက္ကလည္း တပ္ဘက္က လာေနမွာကို မႀကိဳက္ၾကဘူး။ အခုကျပန္ေပး မေပးကေတာ့ ဆုံးျဖတ္ခ်က္မက်ေသးဘူး။ ေလာေလာဆယ္ေတာ့ ၂ ဖက္ညွိႏွိုင္းေနၾကတုန္းပဲ” ဟု ၎က ေျပာသည္။

ႏွစ္ဖက္ ညွိႏွိုင္းေနစဥ္ကာလအတြင္း စစ္ေကာင္စီႏွင့္ KNU တို႔ တပ္မ်ား ဆိုင္ထားဆဲ ျဖစ္ၿပီး စစ္ေကာင္စီႏွင့္ BGF ပူးေပါင္းတပ္ အင္အား ၁၀၀ ခန့္သည္လည္း ႀကိ တ္ေက်း႐ြာအနီးရွိ ကြင္းကေလး ေက်း႐ြာဘုန္း ႀကီးေက်ာင္းဝင္းထဲတြင္ ဝင္ေရာက္ တပ္စြဲလ်က္ရွိေၾကာင္း KNU ထံမွသိရသည္။စစ္တပ္က အာဏာသိမ္းၿပီးေနာ က္ ကရင္ျပည္နယ္တြင္ KNU လက္ေအာက္ခံ တပ္မ ဟာ အခ်ိဳ႕ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတို႔အၾကား စစ္ေရးတင္းမာေနၿပီး မၾကာခဏ တိုက္ပြဲမ်ားျဖစ္ေနသည္။…

ဩဂုတ္လ ၂၉ ရက္ နံနက္ပိုင္းကလည္းကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ရွိ မီးပုံး႐ြာအနီးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ KNLA တပ္မဟာ (၁) လက္ေအာက္ခံ တပ္ ဖြဲ႕ဝင္မ်ားအၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္ က ၃ ဦးက်ဆဳံးခဲ့ေၾကာင္း ၊ KNU ဘက္က ထိခိုက္မႈမရွိေၾကာင္း KNU ဘက္က သတင္းထုတ္ျပန္ထားသည္။…

Credit

ယူနီကုဒ်ဖြင့် ဖတ်ရန်

ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းထားသည့် တပ်စခန်းအချို့ကို ပြန်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုမှုရှိနေကြောင်း သိရသည်။KNU လက်အော က်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ က သိမ်းထားသည့် စခန်း ၂ ခုကို ပြန်တောင်းနေခြင်း ဖြစ်ကြောင်း KNU မှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။…

ယင်းစခန်းများမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ခုတ်ခွားတောင်ရှိ ကာလိခီး စခန်းနှင့် ကော့ကရိတ်မြို့နယ်ရှိ ကြိတ်စခန်းတို့ဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဖက်ထားရှိထားသော ဆက်သွယ်ရေးလမ်း ကြော င်းများမှ တဆင့် ဆက်သွယ်ကာ ပြန်တောင်းနေခြင်းဖြစ်သည်။ကာလိခီးစခန်းကို တပ်မဟာ ၆ လက်အော က်ခံ တပ်ရင်း ၁၇ က ဩဂုတ်လ ၂၆ ရက်တွင် အင် အားပြ ခြိမ်းခြောက်ပြီး သိမ်းယူခဲ့ခြင်း ဖြစ်သည်။…

ထို့အတူ ကြိတ်စခန်းသည်လည်း စစ်ကောင်စီဘက်က ဩဂုတ် ၂၁ ရက်တွင် စွန့်ခွာသွားသည့် စခန်းဖြစ်ပြီး ယင်းစခန်းကို KNLA တပ်ရင်း ၁၈ က သိမ်းယူထား သည်။စစ်ကောင်စီဘက်က တောင်းထားသည့် စခန်း ၂ ခုအနက် ကာလိခီးစခန်းကိုမူ KNU ဘက်က စစ်ကောင် စီအား မကြာသေးမီက ပြန်လည်တပ်စွဲခွင့်ပြုလိုက်ပြီဖြစ်ပြီး တပ်ရင်း ၁၈ သိမ်းထားသည့် ကြိတ်စခန်း ကိစ္စနှင့် ပတ်သက်၍မူ ၂ ဖက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း KNU မှ အဆင့်မြင့် အရာရှိတဦးက ဆိုသည်။…

“KNU တပ်ရင်း ၁၇ က သိမ်းထားတဲ့ စခန်းကတော့ ပြန်နေခွင့်ပေးလိုက်ပြီ။ ကျနော်တို့ဘက်က ပြန်ဖွင့်ပေးလိုက်ပြီ။ အခုက တပ်ရင်း ၁၈ က သိမ်းထားတဲ့ စခန်းကိုလည်း သူတို့က ပြန်လိုချင်တယ်ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။…

ကာလိခီးစခန်းနှင့် ကြိတ်စခန်းတို့သည် KNU ဘက်က တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်မထိုးရသေးမီ ၂၀၁၅ ခုနှစ် အောက်တိုဘာလမတိုင်မီ ကတည်းက စစ်တပ်ဘက်က တပ်စွဲထားသော စခန်းများလည်း ဖြစ်သည်။KNU မှ အဆင့်မြင့် အရာရှိတဦးက ကာလိခီးစခန်းသည် စစ်တပ်ဘက်က ယခင်က တည်းက တပ်စွဲထားသော စခန်းများ ဖြစ်နေပြီး လူအများနေထိုင်ရာ ကျေးရွာများအနီး၌ မရှိသဖြင့် ပြန်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။…

“ကာလိခီးစခန်းက အရင်ကတည်းက ရှိတဲ့နေရာတွေပေါ့။ ရပ်ရွာထဲမှာလည်း မဟုတ်တော့ နေချင်လည်း လာနေဆိုပြီး ပေးလိုက်တာပေါ့။ ကြိတ်စခန်းကတော့ ရွာထဲမှာလည်း ဖြစ်တယ်။ ရွာသူရွာသားတွေဘက်ကလည်း တပ်ဘက်က လာနေမှာကို မကြိုက်ကြဘူး။ အခုကပြန်ပေး မပေးကတော့ ဆုံးဖြတ်ချက်မကျသေးဘူး။ လောလောဆယ်တော့ ၂ ဖက်ညှိနှိုင်းနေကြတုန်းပဲ” ဟု ၎င်းက ပြောသည်။…

နှစ်ဖက် ညှိနှိုင်းနေစဉ်ကာလအတွင်း စစ်ကောင်စီနှင့် KNU တို့ တပ်များ ဆိုင်ထားဆဲ ဖြစ်ပြီး စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်သည်လည်း ကြိ တ်ကျေးရွာအနီးရှိ ကွင်းကလေး ကျေးရွာဘုန်း ကြီးကျောင်းဝင်းထဲတွင် ဝင်ရောက် တပ်စွဲလျက်ရှိကြောင်း KNU ထံမှသိရသည်။စစ်တပ်က အာဏာသိမ်းပြီးနော က် ကရင်ပြည်နယ်တွင် KNU လက်အောက်ခံ တပ်မ ဟာ အချို့နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေပြီး မကြာခဏ တိုက်ပွဲများဖြစ်နေသည်။…

ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းကလည်းကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မီးပုံးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA တပ်မဟာ (၁) လက်အောက်ခံ တပ် ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် က ၃ ဦးကျဆုံးခဲ့ကြောင်း ၊ KNU ဘက်က ထိခိုက်မှုမရှိကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။…

Credit