Love

အချစ်ခံရတဲ့ မိန်းကလေးပဲ ဖြစ်ချင်တယ်

အချစ်ခံရတဲ့ မိန်းကလေးပဲ ဖြစ်ချင်တယ်

ချစ်သူဘဝပဲဖြစ်ဖြစ် ရည်းစားဘဝပဲဖြစ်ဖြစ် အချစ်ခံရတဲ့ မိန်းကလေးနဲ့ အချစ်မခံရတဲ့ မိန်းကလေးက အရမ်းကွာတယ် ပြည့်စုံခြင်း မပြည့်စုံခြင်းထက် စိတ်ချမ်းသာမှုမှာ အများကြီး သိသာတယ်

အချစ်ခံရတဲ့ မိန်းကလေးတွေကျတော့ ကြည့်လိုက်ရင် အမြဲတမ်းပျော်နေရတယ် အလိုလိုက်ခံရတယ် ကလေးလေးတစ်ယောက်လို လိုချင်တာ လက်ညိုးလေးထိုးလိုက်ရုံပဲ နှုတ်ခမ်းလေးဆူလိုက်ရုံပဲ..မျက်စောင်းတချက်နဲ့ ချစ်သူဆီကနေ အရာရာ သိမ်းပိုက်နိုင်တယ်ယောင်္ကျားလေးတော်တော်များများက သူတို့ချစ်တဲ့ မိန်းကလေးနဲ့ဆိုရင် အရာရာပြောင်းလဲသွားကြတယ်သူတို့စိတ်ညစ်မှာ အဆင်မပြေမှာထက် သူ့ချစ်သူကောင်မလေးအတွက်ပဲ အရာရာတွေးပေးတတ်ကြတယ်

သူတို့အရမ်းကြိုက်တဲ့ ဂိမ်းဆော့နေတဲ့အချိန် ဖုန်းလာရင်တောင် ဂိမ်းဆော့နေလို့နော် သဲလေး ဆိုတာလောက်နဲ့ပဲ ပြီးသွားကြတာ ဘော်ဒါတွေရှေ့မှာ ကိုယ့်ကောင်မလေး ကို ဆဲတာဘာညာ မလုပ်ကြဘူး ဘော်ဒါတွေဆဲတာပဲခံမဲ့သူတွေ

ဒါတင်မကသေးဘူး..ချစ်သူကောင်မလေးနဲ့ပက်သတ်တဲ့ အသေးအမွှားကိစ္စလေးတွေကအစ တန်ဖိုးထားပေးကြတယ် သူကဘာလုပ်တာမကြိုက်ဘူး ငါ ..ဒါလုပ်ရင် သူဘာဖြစ်မှာဆိုးပြီး ကွယ်ရာမှာတောင် ချစ်ပေးနိုင်ကြတယ်ကိုယ့်ကောင်မလေး ပျော်ရွှင်နေဖို့ အဆင်ပြေဖို့ပဲ အရေးကြီးတယ်ဆိုတဲ့ သူတွေကားပါတာတွေ မပါတာတွေက အရေးမကြီးပါဘူးတကယ် အချစ်စစ်နဲ့သာ အချစ်ခံရကြည့် တကယ်ပျော်စရာကောင်းပါတယ် အချစ်ခံရတဲ့သူတွေက ပတ်ဝန်းကျင် အသိုင်းဝိုင်း

သူငယ်ချင်းတွေကြားထဲမှာလည်း မျက်နှာပွင့်ကြတယ် သူ့ကောင်လေးက သူ့ကိုအရမ်းချစ်တာလေ အားကျလိုက်တာဆိုတာမျိုးပေါ့…တခါတလေမှာ အဆင်မပြေတာလေးတွေ ဖြစ်တတ်ပေမဲ့အ့ကလည်း ချစ်လို့ဖြစ်တာနော် ဆိုတာလေးနဲ့ပြီးသွားရေ

တခုခုပြဿနာဖြစ်လို့ ကိုယ်မျက်နှာညှိုးကြည့် စိတ်ညစ်ကြည့် ကိုယ်ရှိတယ်နော် အားမငယ်နဲ့ဆိုတာမျိုးအချစ်ခံရတာမှာ ရုပ်ရည်တွေ ဘာတွေနဲ့ ဘာမှမဆိုင်ဘူးနော် ချစ်တဲ့ သူက ချစ်ချင်လို့ကို တမင်သပ်သပ်ကြီးချစ်ပေးကြတာ…ကိုယ်ဖြစ်နေလို့ကို ချစ်တာ..အဲ့လို အချစ်ခံရတာက ကံကြောင့်လား?ရှေးက ကုသိုလ်လား မသိပေမဲ့ကိုယ်ကတော့ အချစ်ခံရတဲ့ ကောင်မလေးတွေကို တကယ်အားကျတယ် သူတို့လိုလည်း အချစ် ခံချင်တယ် ကမ္ဘာပေါ်မှာ အချစ်မခံချင်တဲ့ သူဆိုတာ ရှိမှ မရှိပဲလေနော

တကယ်လို့ သင်က ခု လက်ရှိမှာ အချစ်ခံနေရတဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့…. Congratulations to you ပါနော်ပြီးတော့ ကိုယ့်ကို Lucky girlလေးဖြစ်စေတဲ့သူကိုလည်းကိုယ်ကတန်ဖိုးထားပြီး ပြန်ချစ်ပေးလိုက်နော်

Credit

Zawgyi









Credit