Knowledge

စိတ်ပူပန်တတ်တဲ့အကျင့်ကိုဖျောက်နည်း

ကျွန်တော်တို့ဟာနေ့စဉ်အရာရာကိုပူပန်နေတတ်ကြပါတယ်။အလုပ်မှာ လူကြီးကဆူမှာပြောမှာ၊ကလေးနေမကောင်းဖြစ်မှာ၊အိမ်နီးချင်းတွေ

ကအထင်သေးမှာစသဖြင့်ပူပန်မှများစွာနဲ့နေ့စဉ်ဘဝကိုဖြတ်သန်းနေကြပါတယ်။တချို့တွေကဆိုရင်’မင်းစိတ်မပူဘူးလား’

လို့ကိုယ်သတိမထားမိတာတောင်သတိထားမိအောင်လုပ်ကြပါတယ်။စိတ်ပူတယ်ဆိုတာကံဆိုးခြင်းကိုလက်ယပ်ခေါ်တာပါပဲ။

ကျန်းမာရေးကိုလည်းထိခိုက်စေပါတယ်။ဒါဆိုစိတ်မပူရတော့ဘူးလားလို့မေးစရာရှိပါတယ်။စိတ်ပူပန်မှုကိုဖျောက်လိုက်ပါ။စိတ်ပူမယ့်အစားလုပ်စရာရှိတာကိုလုပ်လိုက်ပါ။အလုပ်မှာလူကြီးကဆူမှာပြောမှာပူပန်နေမယ့်အစားကိုယ့်အလုပ်တာဝန်ကိုကျေပွန်အောင်ဂရုစိုက်ပြီးလုပ်ပါ။ကလေးနေမကောင်းဖြစ်မှာကိုပူပန်နေမယ့်

အစားနေမကောင်းဖြစ်စေတဲ့အရာတွေကိုကာကွယ်မှုလုပ်ပါ။အိမ်နီးနားချင်းတွေရဲ့အထင်သေးမှုကိုပူပန်နေရမယ့်အစားအကျင့်သိက္ခာကိုပြည့်စုံအောင်စောင့်ထိန်းပါ။

စိတ်ပူတော့မယ်ဆိုရင်’အခုအချိန်မှာစိတ်ပူနေတာဘာလဲ’လို့ကိုယ့်ကိုယ်ကိုမေးပါ။သေရေးရှင်ရေးကိစ္စတွေကနည်းပြီးဘာမဟုတ်တဲ့ပြဿနာကိုစိတ်ပူနေမိတာကိုတွေ့ရပါလိမ့်မယ်။

ပြဿနာဆိုတာကတော့ရှိနေမှာပါပဲ။ဖျားနာတယ်ဆိုတာဖြစ်တတ်ပါတယ်။အလုပ်မှာလည်းလူကြီးကတော့ဆူမှာပြောမှာပဲ။ဒါသူ့အလုပ်ပဲလေ။

တစ်ချိန်လုံးပူပင်နေပြီးယုန်တစ်ကောင်လိုအရာရာကိုကြောက်နေရတဲ့ဘဝနဲ့တော့မနေသင့်ပါဘူး။ပြဿနာတွေအခက်အခဲတွေနဲ့တကယ်ကြုံတွေ့လာတဲ့အခါမှာလက်တွေ့ကျကျဖြေရှင်းပါ။လက်ငင်းဖြေရှင်းလို့ရတာကဘာလဲ။ယခုလုပ်လို့ရတာကိုချက်ချင်းလုပ်ပါ။

မနက်ဖြန်အတွက်ကိုတွေးပြီးပူမနေပါနဲ့။ဘဝမှာပြန်ကြည့်မယ်ဆိုရင်မကျော်လွှားနိုင်ခဲ့တဲ့အခက်အခဲဆိုတာမရှိပါဘူး။တစ်နည်းမဟုတ်တစ်နည်းနဲ့တော့

ကျော်လွှားခဲ့တာချည်းပါပဲ။အခက်အခဲဆိုတာလည်းအသက်ရှင်နေသရွေ့ နေ့စဉ်တွေ့နေရမှာပါ။ပူပန်နေလို့လည်းအခက်အခဲကိုကျော်လွှားလို့မပါဘူး။မှတ်သားစရာပူပန်နေမယ့်အစား၊လုပ်သင့်တာကို ချက်ချင်းလုပ်ပါ။ပူပန်မှုကိုဖျောက်နိုင်ရင်ပျော်ရွှင်မှုကရောက်လာမှာပါ။

Credit

Zawgyi

ကၽြန္ေတာ္တို႔ဟာေန႔စဥ္အရာရာကိုပူပန္ေနတတ္ၾကပါတယ္။အလုပ္မွာ လူႀကီးကဆူမွာေျပာမွာ၊ကေလးေနမေကာင္းျဖစ္မွာ၊

အိမ္နီးခ်င္းေတြကအထင္ေသးမွာစသျဖင့္ပူပန္မွမ်ားစြာနဲ႔ေန႔စဥ္ဘဝကိုျဖတ္သန္းေနၾကပါတယ္။တခ်ိဳ႕ေတြကဆိုရင္’မင္းစိတ္မပူဘူးလား’လို႔ကိုယ္သတိမထားမိတာေတာင္သတိထားမိေအာင္လုပ္ၾကပါတယ္။စိတ္ပူတယ္ဆိုတာကံဆိုးျခင္းကိုလက္ယပ္ေခၚတာပါပဲ။က်န္းမာေရးကိုလည္းထိခိုက္ေစပါတယ္။

ဒါဆိုစိတ္မပူရေတာ့ဘူးလားလို႔ေမးစရာရွိပါတယ္။စိတ္ပူပန္မႈကိုေဖ်ာက္လိုက္ပါ။စိတ္ပူမယ့္အစားလုပ္စရာရွိတာကိုလုပ္လိုက္ပါ။

အလုပ္မွာလူႀကီးကဆူမွာေျပာမွာပူပန္ေနမယ့္အစားကိုယ့္အလုပ္တာဝန္ကိုေက်ပြန္ေအာင္ဂ႐ုစိုက္ၿပီးလုပ္ပါ။ကေလးေနမေကာင္းျဖစ္မွာကို

ပူပန္ေနမယ့္အစားေနမေကာင္းျဖစ္ေစတဲ့အရာေတြကိုကာကြယ္မႈလုပ္ပါ။အိမ္နီးနားခ်င္းေတြရဲ့အထင္ေသးမႈကိုပူပန္ေနရမယ့္အစားအက်င့္သိကၡာကိုျပည့္စုံေအာင္ေစာ

င့္ထိန္းပါ။စိတ္ပူေတာ့မယ္ဆိုရင္’အခုအခ်ိန္မွာစိတ္ပူေနတာဘာလဲ’လို႔ကိုယ့္ကိုယ္ကိုေမးပါ။ေသေရးရွင္ေရးကိစၥေတြကနည္းၿပီးဘာမဟုတ္တဲ့ျပႆနာကိုစိတ္ပူေနမိတာကိုေတြ႕ရပါလိမ့္မယ္။ျပႆနာဆိုတာကေတာ့ရွိေနမွာပါပဲ။ဖ်ားနာတယ္ဆိုတာျဖစ္တတ္ပါတယ္။အလုပ္မွာလည္းလူႀကီးကေတာ့ဆူမွာေျပာမွာပဲ။ဒါသူ႔အလုပ္ပဲေလ။တစ္ခ်ိန္လုံးပူပင္ေနၿပီ

းယုန္တစ္ေကာင္လိုအရာရာကိုေၾကာက္ေနရတဲ့ဘဝနဲ႔ေတာ့မေနသင့္ပါဘူး။ျပႆနာေတြအခက္အခဲေတြနဲ႔တကယ္ၾကဳံေတြ႕လာတဲ့အခါမွာလက္ေတြ႕က်

က်ေျဖရွင္းပါ။လက္ငင္းေျဖရွင္းလို႔ရတာကဘာလဲ။ယခုလုပ္လို႔ရတာကိုခ်က္ခ်င္းလုပ္ပါ။မနက္ျဖန္အတြက္ကိုေတြးၿပီးပူမေနပါနဲ႔။

ဘဝမွာျပန္ၾကည့္မယ္ဆိုရင္မေက်ာ္လႊားနိုင္ခဲ့တဲ့အခက္အခဲဆိုတာမရွိပါဘူး။တစ္နည္းမဟုတ္တစ္နည္းနဲ႔ေတာ့ေက်ာ္လႊားခဲ့တာခ်ည္းပါပဲ။

အခက္အခဲဆိုတာလည္းအသက္ရွင္ေနသေရြ႕ ေန႔စဥ္ေတြ႕ေနရမွာပါ။ပူပန္ေနလို႔လည္းအခက္အခဲကိုေက်ာ္လႊားလို႔မပါဘူး။မွတ္သားစရာပူပန္ေနမယ့္အစား၊လုပ္သင့္တာကို ခ်က္ခ်င္းလုပ္ပါ။ပူပန္မႈကိုေဖ်ာက္နိုင္ရင္ေပ်ာ္ရႊင္မႈကေရာက္လာမွာပါ။

Credit