Local News

တစ်ချိန်တုန်းက အဆက်ဟောင်းအတွက် ရင်နာနာနဲ့ပြတ်သားစွာရေးသားလိုက်တဲ့ ဇာဇာထက်ရဲ့စာလေးတစ်စောင်

ပရိသတ်တွေရဲ့ ရင်ထဲမှာ ရိုးသားတဲ့အနုပညာရှင်လေး အဖြစ် နေရာယူထားသူလေး ကတော့ မော်ဒယ်လ်ဇာဇာထက်ပဲ ဖြစ်ပါတယ်။ သူမက အနုပညာလမ်းကြောင်းကိုစတင်ဝင်ရောက်လာတုန်းကတော့ ဆက်ဆီမော်ဒယ်လ်အနေနဲ့ဝင်ရောက်လာခဲ့တာကြောင့်တစ်ချို့ပရိသတ်များကလည်း သူမအပေါ်မှ ာအမြင်တစ်မျိုးနဲ့ ရှိခဲ့ကြပါသေးတယ်။လူအကြောင်း ပေါင်းကြည့်မှာ သိသလို.နောက်ပိုင်းမှာ‌တော့ ဇာဇာထက်ရဲ့ စိတ်ထားဖြူစင်မှုတွေနဲ့အတူ ရိုးသားကြိုးစားတဲ့ သူမရဲ့ဘဝလေးကို စာနာပေးခဲ့ကြပါတယ်။

သူမကိုယ်တိုင်က ပညာတတ် တစ်ယောက်ဖြစ်တဲ့အပြင် လူတိုင်းအပေါ်မှာ စေတနာထားပြီး ဆက်ဆံပေါင်းသင်းတတ်တာကြောင့် သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလေးလည်း အောင်မြင်ခဲ့ရပြန်ပါတယ်။ သူမကအချစ်ရေးနဲ့ပက်သက်ရင်လည်းကံမကောင်းသေးတဲ့အပြင်ခုချိန်ထိလည်း သူမကိုယ်တိုင် ကိုယ့်အားကို ကိုးပြီးကြိုးစားရပ် တည်နေသူလေး ဖြစ်ပါတယ်။ဒီနေ့လေး မှာတော့ ဇာဇာထက် ကိုယ်တိုင်က ဘဝရဲ့သင်ခန်းစားလေတစ်ခုဖြစ်ခဲ့တဲ့ ” Married & DivorceBefore & After single photo တချို့ပြသနာတွေက

ဝဠ်ကြွေးမဟုတ်ဘူး ရုန်းမထွက်နိုင်တာ အဲ့ဒါကိုကိုယ်ကပဲဝဠ် လို့ထင်နေခဲ့တာ ရေစက် ဖူးစာလို့ထင်နေခဲ့တာမိန်းမတွေက အရမ်းချစ်တဲ့အချိန်မှာ ကိုယ့်အပေါ်သေအောင်သတ်သွားလဲ အပြစ်မြင်မှာမဟုတ်ဘူးပျော်ပျော်ကြီးအသေခံမှာ စိတ်နာပြတ်သားပြီဆိုရင်ဘာမဆိုလုပ်နိုင်စွမ်းရှိသွားတယ် ရေစက်ကုန်သွားရင် ရုပ်လဲမမြင်ချင်ဘူး အသံလဲမကြားချင်တော့ဘူးဘာဆိုဘာမှမသိချင်တော့လို့ ယဉ်ကျေးမှုရှိစွာ ကိုယ်တို့ဇာတ်လမ်းဒီတင်ပဲတစ်ခန်းရပ်ကြရအောင် အပြီးသတ်ကြရအောင်ဆိုပြီးရေးသားလာပြီဖြစ်ပါတယ်။ပရိသတ်ကြီးလည်း စိတ်ဓါတ်ပြတ်သားစွာနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဇာဇာထက်ကို အားပေးစကားလေးပြောပေး သွားကြပါအုံးနော်

Source: Zar Htet (Zenith Tiger)

Credit:Cele World

Zawgyi






Credit:Cele World