Local News

ဇာတိမြေ မွန်ပြည်နယ်အတွက် လိုအပ်နေတဲ့ အရေးပေါ်အောက်ဆီဂျင်အိုးတွေ ထပ်မံလှူဒါန်းလိုက်တဲ့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံ

ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ အနုပညာလောကမှာ ထိပ်တန်းက ရပ်တည်ခဲ့သလို ယနေ့အချိန်ထိ ပရိသတ်အားပေးမှုတွေရရှိထားတဲ့သရုပ်ဆောင်

အကယ်ဒမီမင်းသမီးနန္ဒာလှိုင်ကတော့ လှူဒါန်းမှုတွေကို ရက်ရောစွာ ပြုလုပ်နေသူပဲ ဖြစ်ပါတယနန္ဒာလှိုင်တို့ ဇနီးမောင်နှံကတော့ လက်ရှိပြည်သူတွေရဲ့ လိုအပ်ချက်တွေအရ အောက်ဆီဂျင်အိုးတွေနဲ့ အောက်ဆီဂျင်အရည်တွေ ဖြည့်ပေးကာ လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ တွေ့ရပါ

တယ်ရန်ကုန်မြို့မှာ အောက်ဆီဂျင်စက်ရုံတွေတည်ဆောက်ကာ အောက်ဆီဂျင်အရည်တွေ အခမဲ့လှူဒါန်းပေးနေတဲ့အပြင် အခြားလိုအပ်နေတဲ့ မြို့တွေကိုလည်း အိုးတွေလှူဒါန်းနေတာပါတိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ သူမရဲ့ဇာတိမြေ မော်လမြိုင်မြို့မှာလည်း အောက်စီဂျင် 40 Litအိုး (20)လုံးကို အောက်ဆီဂျင် အရည်ဖြည့်တင်း လှူဒါန်းခဲ့တယ်လို့

သိရပါတယမုဒုံမြို့နယ်၊ မုဒုံအရေးပေါ်ကယ်ဆယ်​ရေးအဖွဲ့ နှင့် ဇီဝိတအလင်းဖောင်းဒေးရှင်းအဖွဲ့ သို့ အောက်ဆီဂျင်အိုးတွေ ဒုတိယအကြိမ်မြောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်ရက်ရက်ရောရောနဲ့ ကောင်းမှုပြု ကုသိုလ်ယူနေတဲ့ နန္ဒာလှိုင်တို့ရဲ့ လှူဒါန်းမှုတွေကြောင့်လည်း လူနာရှင်တွေ တော်တော်များများ အဆင်ပြေခဲ့ကြတာလည်းတွေ့ရတာမို့

ဒီထက်မက ပိုမိုလှူဒါန်းနိုင်ပြီး ကပ်ရောဂါဘေး ကင်းဝေးကြစေဖို့ ပြည်သူတွေကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်

သတင်းအရင်းမြစ်: Mudon Emergency Rescue Team

Credit

Zawgyi










Credit