Knowledge
ဘယ်တော့မှ လက်မတွဲသင့်တဲ့ ယောကျာ်း(၆)မျိုး
ဘယ်တော့မှ လက်မတွဲသင့်တဲ့ ယောကျာ်း(၆)မျိုး
မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ကျတယ်ဆိုတာ ‘ထောင်ကျသလိုပါပဲ’ ဆိုတဲ့စကားကို ကြားဘူးကြမှာပါ။ ဒါကြောင့်ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါမှာလည်း သေသေချာချာအလေးအနက်ထားစဉ်းစားဖို့တော့လိုအပ်ပါတယ်။ကိုယ့်ရွေးချယ်မှုမှားခဲ့ရင် တစ်သက်လုံးစိတ်ဆင်းရဲပြီး ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ။ အချစ်တစ်ခုထဲကိုကြည့်ပြီးမရွေးချယ်သင့်သလို ကိုယ့်ဘဝကြီးက အချစ်တစ်ခုထဲရှိရုံနဲ့လည်း ပြီးပြည့်စုံပြီးမသာယာနိုင်ပါဘူး။ဒါကြောင့်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ရာမှာ ဘယ်တော့မှထည့်မစဉ်းစားသင့်တဲ့ ယောကျာ်း (၆) မျိုးကတော့
၁။ ကိုယ့်ကိုကိုယ်မထိန်းနိုင်တဲ့သူစိတ်ကြီးတယ် ဒေါသတကြီးတယ် ထစ်ခနဲဆို စိတ်တိုစိတ်ဆတ်လွယ်ပြီးဒေါသထွက်လာရင်လည်း လက်ပါတဲ့အပြင် ကိုယ့်ဒေါသကို မထိန်းချုပ်နိုင်တဲ့သူတွေက အင်မတန်မကြောက်ဖို့ကောင်းပါတယ်။
၂။ အလုပ်ကို ဘဝ’လို့သတ်မှတ်ထားတဲ့သူအလုပ်ကလွဲပြီးဘာမှမသိတဲ့သူ အလုပ်ကလွဲပြီး ဘာမှတန်ဖိုးမထားတက်တဲ့သူမျိုးဆိုရင်တော့အခုထဲက ပြန်သုံးသပ်စဉ်းစားသင့်ပါပြီနော်။၃။ ဦးဆောင်နိုင်စွမ်းမရှိတဲ့သူကိုယ့်ဘဝရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့်သူက အိမ်ထောင်ဦးစီးတာဝန်ကို အပြည့်အဝယူနိုင်တဲ့အရည်အချင်းရှိရုံသာမက ကိုယ့်ဘဝရဲ့နေ့ရက်တွေကို ကိုယ့်ရှေ့ကနေမားမားမတ်မတ် ဦးဆောင်ပေးနိုင်စွမ်းရှိရပါမယ်။
၄။ အမြဲလိမ်ညာတက်သူလူတိုင်းက အလိမ်အညာတွေနဲ့မကင်းကြပါဘူး။မဖြစ်မနေလို့ မတက်သာတဲ့အခြေအနေမျိုးမှာ လိမ်လိုက်ရတယ်ဆိုတဲ့ ကိစ္စရပ်တွေကိုတော့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့်အမြဲတမ်းလိုလို လိမ်ညာနေတက်တဲ့သူမျိုး၊ ကိုယ်နောက်ကွယ်မှာ စိတ်ချယုံကြည်ထားလို့ရမယ့်သူမျိုးမဟုတ်ဘူးဆိုရင်တော့ အခုထဲကဝေးဝေးရှောင်နေလိုက်ပါနော်။
၅။ သစ္စာမရွိတဲ့သူဒီကိစ္စကတော့ထွေထွေထူးထူးပြောစရာမလိုပါဘူးနော်။ မိန်းကလေးတွေရဲ့အမုန်းတီးဆုံးအရာက ကိုယ့်အပေါ်သစ္စာမရှိတာပါပဲ။ ကိုယ့်အပေါ်သစ္စာဖောက်တဲ့သူမျိုးကို မိန်းကလေးတိုင်း လက်ခံပေးလို့မရပါဘူး။၆။ လက်ကြောမတင်းတဲ့သူကိုယ့်မှာဘာချို့ယွင်းချက်မှ မရှိဘဲနဲ့ ဟိုဟာလုပ်လဲ အဖြစ်မရှိ ဒီဟာလုပ်လဲအဖြစ်မရှိ ယောကျာ်းကြီးဖြစ်ပြီး ဘဝတိုးတက်ဖို့အတွက် ကြိုးစားနေတာမျိုးလဲမရှိ အဲ့လိုလက်ကြော ခြေကြောမတင်းတဲ့သူမျိုးနဲ့ တစ်သက်လုံးအတူတူနေရမယ်ဆို ဒုက္ခပင်လယ်ထဲမှာကူးခတ်နေရမှာတော့မြင်ယောင်နေပါပြီနော်။မှုရင်းတင်သူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
ထိန်ဝင်း
Credit
Zawgyi
ထိန်ဝင်း
Credit