Local News

PDF စခန်းသိမ်းခံရပြီး မင်းမော်ကွန်းလွတ်မြောက်ကာ ဇနီးဖြစ်သူဒဏ်ရာရတယ်လို့ ပြန့်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အမှန်တရား…

ဩဂုတ်လ (၂၅)ရက်နေ့မှာ လူမှုကွန်ရက်မှာ သရုပ်ဆောင်မင်းမော်ကွန်းရောက်ရှိနေတဲ့ လွတ်မြောက်နယ်မြေ ဘီးလင်း PDF စခန်းကို အသိမ်းခံလိုက်တယ်ဆိုတဲ့ သတင်းတွေပြန်နှံ့ထွက်ပေါ်လာခဲ့ပါတယ်PDF စခန်းသိမ်းခံရတာကြောင့် မင်းမော်ကွန်းလွတ်မြောက်ပြီး ဇနီးဖြစ်သူဒဏ်ရာရရှိခဲ့တယ်ဆိုပြီး ဓာတ်ပုံအဟောင်းတွေနဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်အဆိုပါ သတင်းအမှားများထဲမှာ ပါဝင်နေတဲ့ ဓာတ်ပုံတွေဟာ

ဩဂုတ်လ (၁၁)ရက်က ပေါင်မြို့နယ် သဲအိမ်ရွာနဲ့ ကတိုက်ရွာကြားမှာရှိတဲ့ မော်စကိုမြို့နယ်ရုံးကို စကစတပ်များဝင်တိုက်စဉ်က သတင်းဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ဩဂုတ်လ (၁၁)ရက်က KNLA တပ်မဟာ ၁၊ တပ်မဟာမှူး ဈာပန ပြုလုပ်တဲ့နေ့မှတာဝန်ရှိသူများ မရှိခိုက် အဆိုပါရုံးကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ကာ KNU တပ်သား (၃)ဦးနဲ့ အနီးအနားရော်ဘာခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ ခြံဝန်ထမ်းများကိုပါ PDF အဖွဲ့ဝင်များဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိပြန့်နှံ့နေတဲ့ သတင်းအမှားတွေဟာ မော်စကိုရုံး ဝင်ဆီးခံရစဉ်က ဓာတ်ပုံအဟောင်းများ ဖြစ်သလို ဘီးလင်း PDF အဖွဲ့ရဲ့စခန်းမဟုတ်တဲ့အပြင် မင်းမော်ကွန်းရောက်ရှိနေတဲ့ စခန်းလည်း မဟုတ်ဘူးလို့ သိရှိရပါတယ်သတင်းအမှားတွေထဲမှာပါဝင်တဲ့ မင်းမော်ကွန်းလွတ်မြောက်ပြီး ဇနီးဖြစ်သူဒဏ်ရာတွေနဲ့ ဖမ်းဆီးခံရတယ်ဆိုတာလည်း မဟုတ်မမှန်သတင်းအမှားတွေဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စိတ်မပူကြဖို့ အသိပေးဝေမျှလိုက်ပါတယ်နော်

Credit Myanmarload

Zawgyi

ဩဂုတ္လ (၂၅)ရက္ေန႔မွာ လူမႈကြန္ရက္မွာ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းေရာက္ရွိေနတဲ့ လြတ္ေျမာက္နယ္ေၿမ ဘီးလင္း PDF စခန္းကို အသိမ္းခံလိုက္တယ္ဆိုတဲ့ သတင္းေတြျပန္ႏွံ့ထြက္ေပၚလာခဲ့ပါတယ္PDF စခန္းသိမ္းခံရတာေၾကာင့္ မင္းေမာ္ကြန္းလြတ္ေျမာက္ၿပီး ဇနီးျဖစ္သူဒဏ္ရာရရွိခဲ့တယ္ဆိုၿပီး ဓာတ္ပုံအေဟာင္းေတြနဲ႔ သတင္းအမွားေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္အဆိုပါ သတင္းအမွားမ်ားထဲမွာ ပါဝင္ေနတဲ့ ဓာတ္ပုံေတြဟာ

ဩဂုတ္လ (၁၁)ရက္က ေပါင္ၿမိဳ႕နယ္ သဲအိမ္ရြာနဲ႔ ကတိုက္ရြာၾကားမွာရွိတဲ့ ေမာ္စကိုၿမိဳ႕နယ္႐ုံးကို စကစတပ္မ်ားဝင္တိုက္စဥ္က သတင္းဓာတ္ပုံေတြပဲ ျဖစ္ပါတယ္။ဩဂုတ္လ (၁၁)ရက္က KNLA တပ္မဟာ ၁၊ တပ္မဟာမႉး ဈာပန ျပဳလုပ္တဲ့ေန႔မွတာဝန္ရွိသူမ်ား မရွိခိုက္ အဆိုပါ႐ုံးကို ဝင္ေရာက္စီးနင္းခဲ့တာ ျဖစ္ကာ KNU တပ္သား (၃)ဦးနဲ႔ အနီးအနားေရာ္ဘာၿခံမွာ အလုပ္လုပ္ကိုင္ေနတဲ့ ၿခံဝန္ထမ္းမ်ားကိုပါ PDF အဖြဲ႕ဝင္မ်ားဆိုၿပီး ဖမ္းဆီးေခၚေဆာင္သြားခဲ့တာျဖစ္ပါတယ္။

လက္ရွိျပန႔္ႏွံ့ေနတဲ့ သတင္းအမွားေတြဟာ ေမာ္စကို႐ုံး ဝင္ဆီးခံရစဥ္က ဓာတ္ပုံအေဟာင္းမ်ား ျဖစ္သလို ဘီးလင္း PDF အဖြဲ႕ရဲ့စခန္းမဟုတ္တဲ့အျပင္ မင္းေမာ္ကြန္းေရာက္ရွိေနတဲ့ စခန္းလည္း မဟုတ္ဘူးလို႔ သိရွိရပါတယ္သတင္းအမွားေတြထဲမွာပါဝင္တဲ့ မင္းေမာ္ကြန္းလြတ္ေျမာက္ၿပီး ဇနီးျဖစ္သူဒဏ္ရာေတြနဲ႔ ဖမ္းဆီးခံရတယ္ဆိုတာလည္း မဟုတ္မမွန္သတင္းအမွားေတြျဖစ္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ စိတ္မပူၾကဖို႔ အသိေပးေဝမၽွလိုက္ပါတယ္ေနာ္

Credit Myanmarload