Local News
မနေ့ညကပဲ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သရုပ်ဆောင် ဆင်မရဲ့သတင်းကိုပြောပြလာပြီး စိုးရိမ်စိတ်တွေနဲ့ ဒေါသဖြစ်နေတဲ့ ကိုပေါက်နဲ့သည်ခေတ်နေ
သြဂုတ်လ (၂၅)ရက်နေ့မှာတော့ ဒါရိုက်တာ သည်ခေတ်နေက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ စိတ်မကောင်းစရာသတင်းတစ်ခုကို ဖော်ပြလိုက်တာ တွေ့ရပါတယ်။ဇာတ်ပို့သရုပ်ဆောင် ဦးဆင်မတစ်ယောက် သြဂုတ်လ (၂၄)ရက်နေ့ညကပဲ ထိန်းသိမ်းခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်းဒါရိုက်တာ သည်ခေတ်နေက ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ပရိသတ်တွေနဲ့ ပြည်သူတွေကတော့ ဦးဆင်မရဲ့သတင်းကို ကြားကြားချင်း ထိတ်လန့်အံ့သြခဲ့ရပြီး စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်ဒါရိုက်တာ သည်ခေတ်နေက ဦးဆင်မအတွက်စိုးရိမ်ပူပန်တာကြောင့် အိမ်ရွှေ့နေဖို့အတွက်တောင် ပြောခဲ့သေးတာ ဖြစ်ပါတယ်ဒါပေမဲ့လည်း အခုတော့ သူ့စကားတွေက အချည်းနှီးဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်နေရတာလည်း ဖြစ်ပါတယ် ။ သည်ခေတ်နေက ” စိုးရိမ်လို့ကျွန်တော်အိမ်ရွှေ့ဖို့ ပြောခဲ့ပါတယ် ကိုဆင်ရယ်” လို့ ရေးသားခဲ့တာဖြစ်ပြီး ညကပါသွားတာဖြစ်ကြောင်း သူကဖြေကြားပေးထားတာ ဖြစ်ပါတယဒါရိုက်တာ၊ သရုပ်ဆောင်ကိုပေါက်ကလည်း “ခင်ဗျားကြီး ကျုပ်စကားကို လုံးဝနားမထောင်ဘူးဗျာ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာ တွေ့ရပါတယ်။ဦးဆင်မကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ် ။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဦးဆင်မအတွက် ပရိသတ်တွေနဲ့ ပြည်သူတွေကလည်း ဘေးကင်းစေဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။
Source Myanmarload
Credit
Zawgyi
Source Myanmarload
Credit